Wednesday, July 9, 2025

တရုတ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် နာနတ်သီး (၆)...

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးကို တရုတ်နိုင်ငံမှ တင်ပို့ခွင့်ပြုပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြ စ် နာနတ်သီး (၆) တန်ကျော်တင်ပို့ထားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ နာနတ်သီးများကို ကူမင်းအကောက်ခွန်ဌာန...

မိုင်းဖုန်းဆရာတော်ကြီးအား တောနေပျော်မထေရ်ကျော်ဘွဲ့ ဆက်ကပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သံဃာတော်များနှင့် မိုင်းလားအကြီးအကဲများမှ မိုင်းဖုန်းဆရာတော်ကြီးအား အယားဆွမ်တစ်ပါ(တောနေပျော်မထေရ်ကျော်ဘွဲ့)ကို လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ရိုးရာအခမ်းအနားဖြင့် ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းဟေ့မိုင်းခန်အုပ်စုရှိ...

မန္တလေး-လားရှိုးခရီးစဉ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်သော်လည်း...

မန္တလေး-လားရှိုးရီးစဥ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်ကြသော်လည်း မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းအချို့ပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားများအခက်ကြုံလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ အဆိုပါ လမ်းပိုင်းများမှာ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်း၊ ရွာငံ- ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းပိုင်းနှင့်...

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့တွေ့ဆုံ

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် ရုရှားသံအမတ်ကြီး H.E Mr. Evgeny Terekhin တို့ ဇူလိုင် ၇ ရက်ညနေ ၄ နာရီက...
HomeInternationalသမ္မတရွေးကောက်ပွဲအပြီးတွင် အမေရိကန်၏ ယူကရိန်းမူဝါဒ...

သမ္မတရွေးကောက်ပွဲအပြီးတွင် အမေရိကန်၏ ယူကရိန်းမူဝါဒ ပြောင်းလဲသွားမည်ကို ဇယ်လင်စကီး စိုးရိမ်နေ

ယူကရိန်းကို ထောက်ခံသည့် ဝါရှင်တန်၏ ရပ်တည်ချက်သည် လာမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအပြီးတွင် ပြောင်းလဲသွားနိုင်ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက ဝန်ခံပြောကြားသည်။

“ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ဇယ်လင်စကီးက ABC News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ကမလာဟဲရစ် တို့နှင့် သူဆွေးနွေးရန်ရည်ရွယ်ထားသည့် ပဋိပက္ခဖြေရှင်းရေး အစီအစဉ်သည် အရေးကြီးကြောင်း ဇယ်လင်စကီးကဆိုသည်။

ဇယ်လင်စကီး က သူ၏ အစီအစဉ်သည် ပဋိပက္ခကို အမြန်အဆုံးသတ်ရန် ရည်ရွယ်ပြီး “တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်း အဆုံးသတ်မည်”ဟု အခိုင်အမာဆိုခဲ့သည်။

ထိုအတောအတွင်း ဇယ်လင်စကီးနှင့် နီးစပ်သူတစ်ဦးက ABC News သို့ ပြောကြားရာတွင် “ဇယ်လင်စကီး၏ အစီအစဥ်တွင် အချက်ငါးချက် ပါဝင်ပြီး အဓိကအချက်မှာ ယူကရိန်းအတွက် သတ်မှတ်ထားသော စစ်ရေးအကူအညီ ပမာဏအပြင် သံတမန်ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အချက်အချို့လည်း ပါဝင်သည်။ သို့သော်လည်း ရုရှားဖက်က ကမ်းလှမ်းထားချက်များကို လိုက်လျောမှုများ မပါဝင်ပါ”ဟုဆိုသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် နာနတ်သီး (၆) တန်ကျော်တင်ပို့ထား

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးကို တရုတ်နိုင်ငံမှ တင်ပို့ခွင့်ပြုပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြ စ် နာနတ်သီး (၆) တန်ကျော်တင်ပို့ထားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ နာနတ်သီးများကို ကူမင်းအကောက်ခွန်ဌာန လက် အောက်ရှိ ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် တင်ပို့ထားခြင်းဖြစ် ကြောင်း သိရသည်။ " အခုလိုမျိုးတင်ပို့ခွင့်ရတော့ အဆင်ပြေတာပေါ့။ ဈေးကွ က်တစ်ခုထပ်တိုးတယ်။ တောင်သူတွေအတွက်လည်းအဆ င်ပြေတယ်။ ဝင်ငွေပိုရတယ်" ဟု သစ်သီးကုန်သည်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ပြီး မြန်မာနိုင်ငံထွက်နာ နတ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိထားခြင်းဖြစ် သည်။ နာနတ်သီး များကို...

မိုင်းဖုန်းဆရာတော်ကြီးအား တောနေပျော်မထေရ်ကျော်ဘွဲ့ ဆက်ကပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သံဃာတော်များနှင့် မိုင်းလားအကြီးအကဲများမှ မိုင်းဖုန်းဆရာတော်ကြီးအား အယားဆွမ်တစ်ပါ(တောနေပျော်မထေရ်ကျော်ဘွဲ့)ကို လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ရိုးရာအခမ်းအနားဖြင့် ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းဟေ့မိုင်းခန်အုပ်စုရှိ မိုင်းလားဂူတွင် ဝါတွင်းသုံးလအဓိဌာန်အဖြစ် ၃ လ ၃ ရက်တိုင် တရားဘာဝနာပွားများအားထုတ်တော်မူသွားမည်ဖြစ်ကာဂူအတွင်းသို့ တပည့်သာဝကများက လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းလားဂူသို့ကြွရောက်တော်မူခြင်းမပြုမီ ဇူလိုင် ၂ ရက်က မိုင်းဖုန်းဒေသမှသာသနာပြုခရီးအဖြစ်ထွက်ခွာ၍ ကျိုင်းတုံမြို့နယ်၊ လွယ်ပန်ကွဲတောင် ဗုဒ္ဓဥယျာဥ်သို့ကြွရောက်တော်မူကာ ဝစီပိတ်ဆရာတော်တည်ထားဆဲဖြစ်သော လောကသရဖူစေတီတော် (ရှမ်းပြည်နယ် ဗောရောဗုဒ္ဓော)တွင်မေတ္တာပို့သခဲ့ကြောင်း သိရသည်။ ထို့နောက် သက်တော်ရှည် ကျိုင်းရင်းဆရာတော်ကြီးအား ပူဇော်ကန်တော့ပြီး...

မန္တလေး-လားရှိုးခရီးစဉ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်သော်လည်း လမ်းပိုင်းအချို့ပျက်စီးနေခြင်းများကြောင့် အခက်ကြုံ

မန္တလေး-လားရှိုးရီးစဥ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်ကြသော်လည်း မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းအချို့ပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားများအခက်ကြုံလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ အဆိုပါ လမ်းပိုင်းများမှာ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်း၊ ရွာငံ- ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ်- ကျေးသီး -လဲချား-တောင်ကြီး-မန္တလေးလမ်းပိုင်းတို့ဖြစ်ကြောင်း သိရသည်။ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်းအခြေအနေမှာ လမ်းခရီးတိုပြီး နေ့ချင်းရောက်နိုင်သော်လည်း နောင်ချိုနယ်အတွင်း တိုက်ပွဲများကြောင့် သတိပြသွားလာရန်လိုကြောင်းဆိုသည်။ ထို့အတူ ရွာငံ-ပင်းတယ-ရပ်စောက်- ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှာ ခရီးလမ်းအတိုဆုံးဖြစ်သော်လည်း မိုးရွာသွန်းထားမှုကြောင့် ပျက်စီးနေကာ ယာဉ်ကြီးယာဥ်ငယ်များ သွားလာရခက်ခဲလျှက်ရှိသည်ဟု ဆိုသည်။ လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား- တောင်ကြီး-မန္တလေးလမ်းပိုင်းမှာ ခရီးလမ်းအဝေးဆုံးဖြစ်ကာ တစ်ညခရီးသွားရသော်လည်း တိုက်ပွဲများမရှိခြင်းကြောင့် ဒေသတွင်းခရီးသွားများစိတ်ချစွာ သွားလာနိုင်ကြောင်း သိရသည်။ သို့သော် လမ်းပိုင်း(၃)ပိုင်းလုံး၏ လမ်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071