Sunday, May 31, 2026

သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို မေ ၃၀ ရက်နံနက်ပိုင်းက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ရာ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်...

ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား...

ဒေသတွင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရန်နှင့် ဈေးကွက်ကျယ်ပြန့်စေရန် ချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို မေ ၃၀...

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...
HomeNewsLocal Newsသမ္မတထရန့်၏ ကျန်းမာရေး ထူးထူးခြားခြား...

သမ္မတထရန့်၏ ကျန်းမာရေး ထူးထူးခြားခြား ကောင်းမွန်နေကြောင်း အိမ်ဖြူတော် အတည်ပြု

အိမ်ဖြူတော်ကနေ ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကျန်းမာရေးအစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ပုံမှန်ဆေးစစ်မှုတွေ လုပ်အပြီးမှာတော့ သမ္မတဟာ “ထူးထူးခြားခြား ကျန်းမာရေးကောင်းမွန်နေတယ်” လို့ အစီရင်ခံစာမှာ အတည်ပြုဖော်ပြထားပါ။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ သမ္မတထရန့်ဟာ ဒီတစ်ပတ်အစောပိုင်းတုန်းက ဝါရှင်တန်မြို့အနီးမှာရှိတဲ့ Walter Reed အမျိုးသားစစ်ဆေးရုံမှာ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ဆရာဝန်ဖြစ်သူ အမေရိကန်ရေတပ် ဗိုလ်မှူးကြီး ရှောင်ဘာဘာဘဲလား(Sean Barbabella) ကလဲ သမ္မတဟာ သူ့ရဲ့တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ “အပြည့်အဝ ကြံ့ခိုင်မှုရှိနေဆဲပဲ” လို့ ပြောကြားခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။

သုံးမျက်နှာပါတဲ့ မှတ်တမ်းလွှာထဲမှာ ဆရာဝန် ဘာဘာဘဲလားက သမ္မတရဲ့ နှလုံး၊ အဆုတ်နဲ့ အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်တွေဟာ အားကောင်းပြီး၊ နိုင်ငံတော်အကြီးအကဲအဖြစ်ရော စစ်သေနာပတိချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ဖို့ ကြံ့ခိုင်မှုရှိနေတယ်လို့ မှတ်ချက်ပြုထားပါတယ်။ သူက “သမ္မတထရန့်ဟာ နှလုံး၊ အဆုတ်၊ အာရုံကြောနဲ့ တစ်ကိုယ်ရည် ကျန်းမာရေးလုပ်ဆောင်ချက်တွေ အားကောင်းနေတာကို ပြသနေပြီး ထူးထူးခြားခြား ကျန်းမာရေးကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

ထရန့်ကလဲ သူ့ကျန်းမာရေးအထူးကောင်းမွန်ကြောင်းကို သူ့ရဲ့ Truth Social အကောင့်မှာ တင်ထားပါသေးတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို မေ ၃၀ ရက်နံနက်ပိုင်းက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ရာ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီတော်မြတ်ကြီးအား လက်ယာရစ်ပင့်ဆောင်၍ မင်္ဂလာရထားပျံဖြင့်တင်လှူကာ စေတီတော်အထွတ်တွင် တပ်ဆင်ပူဇော်ခဲ့ကြသည်။ ထို့နောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူခဲ့ကြသည်။ Photo- Ko Aung Myint

ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော် ကျင်းပ

ဒေသတွင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရန်နှင့် ဈေးကွက်ကျယ်ပြန့်စေရန် ချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို မေ ၃၀ ရက်၊ နံနက် ၈ နာရီတွင် ဘားအံမြို့ အမှတ် (၃) ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ကျင်းပသည်။ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်မုခ်ဦးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ပြပွဲတွင် လုပ်ငန်းရှင် ၄၂ ဦး၏ စားသောက်ကုန်၊...

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071