အခုတစ်ပတ် မေလ ၁၄ရက် တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ အမေများနေ့ အမှတ်တရ အနေနဲ့ သမီးအâမွှာလေး ၂ဦး မွေးဖွားထားတဲ့ ချစ်သု ဝေတို့ သားအမိတွေနဲ့ မိသားစုဓာတ်ပုံများကို ပေါ်ပြူလာဂျာနယ်ရဲ့ မျက်နှာဖုံးအတွက် ရိုက်ကူး ပုံဖော်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် မေမြန်မာခေတ် နဲ့ မေမြန်မာသစ်တို့ ညီအစ်မ နှစ်ဦး ကလည်း ၄လပြည့်တော့မှာ ဖြစ်ပါတယ်။ မိခင်တစ်ဦး အနေနဲ့ သားသမီးအပေါ်မှာ ထားရှိတဲ့ မိခင်မေတ္တာ၊ ကရုဏာများကို ကိုယ် တိုင်မိခင်ဘဝရောက်တဲ့အခါမှာ ပိုမိုနားလည် လာတယ်ဆိုတဲ့ ချစ်သုဝေ ပြောပြတဲ့ မိခင်စိတ် ထားကြောင်းကို ဒီတစ်ပတ် အမေများနေ့ အတွက် အထူးအစီအစဉ်အနေနဲ့ ဖော်ပြပေး လိုက်ပါတယ်။
အမေ့ရဲ့ကျေးဇူးတွေကိုနေ့တိုင်း
ရင်ဝယ်ထားပြီး ဂရုစိုက်သွားသင့် တယ် . . .
မိခင်တွေအတွက်ကတော့ သီးသီးသန့် သန့်လေး အမေများနေ့ ဆိုပြီး သတ်မှတ်ထား တာပေါ့လေ။ ဒါပေမဲ့ အမေ့ရဲ့ကျေးဇူးတွေ အမေ့ကို သိတတ်မှုတွေ ဆိုတာက အမေများ နေ့တစ်နေ့တည်း မဟုတ်ပါဘူး။ နေ့တိုင်း ရင်ဝယ်ထားပြီး အသိ သတိလေးကပ်ပြီး ဂရုစိုက် သွားရမယ့်အရာလို့ ထရီဇာမြင်တယ်။ အရင်တုန်းက ကိုယ်က သားသမီး နေရာက နေပဲ မြင်ခဲ့တာ။ လူဆိုတာမျိုးက ကိုယ်ကိုယ် တိုင် အဲဒီလို မခံစားရ သရွေ့၊ ကိုယ်ကိုယ်တိုင် အဲဒီနေရာ မရောက်သရွေ့ အပြည့် အဝအလုံး အစုံ စာနာနိုင်ဖို့ဆိုတာ သိပ်ခက်ခဲတယ်။ ထရီဇာလည်း မိခင်ဖြစ်တော့မှ မိခင်တစ် ယောက်ရင် ဆိုင်ရတဲ့ စိတ်ဓာတ်ခွန်အားတွေ၊ မိခင်တစ်ယောက် ရင်ဆိုင်ရတဲ့ ပင်ပန်းဆင်း ရဲမှုတွေကိုသိတာ။ အဲဒါတွေကို သိ လာလေ လေ မေမေကို ပိုစာနာ နိုင်လာလေပဲ။ ထရီဇာ တို့ဆိုရင် အရမ်းကို ပြည့်စုံနေတဲ့ အနေ အထားတစ်ခုနဲ့ ကလေးမွေးရ တာ၊ မိခင်ဖြစ်လာတာ။ ဒါ တောင် အâမွှာနှစ်ယောက်ကို ပြုစုပျိုးထောင်ရ တာ တအား ကို ခက်ခဲတယ်။ ပင်ပန်း တယ်။ ထရီဇာမေမေ တို့ ခေတ် အခါကဆိုရင် အနားမှာ ကူမယ့်သူ လည်း မရှိဘူး။ ရုန်း ကန်လှုပ်ရှား ရတယ်။ ထရီဇာ မေမေက ငယ် ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ကျတော့ မမကြီးကိုမွေး ပြီးသွားတဲ့ အချိန်မှာ ကျောင်းတက် နေရတာပေါ့။ ကလေးနို့တိုက်တာ တစ် ဖက်နဲ့ ကျောင်းတက် နေရတုန်း။ ထရီဇာ့ဖေဖေက မိသားစုဝမ်း ရေးရှာ ဖွေနေရတဲ့ အတွက် အိမ်ထောင့် တာဝန်တွေနဲ့ အိမ်မှုကိစ္စတွေ အကုန်လုံးကို မေမေက လုပ်ရသေးတယ်။ အသက်အရွယ် အရ ဆိုရင်လည်း ထရီဇာ တို့ကိုမွေးတာ အသက်၁၉၊ ၂ဝ။ အရမ်း ငယ်ရွယ်တဲ့ အချိန်ပေါ့။ သူ့ရဲ့ အတ္တတွေ၊ သူ့ရဲ့ လိုလား တောင့်တမှုတွေ အကုန်လုံးကို ခဝါချပြီးတော့ ထရီဇာတို့ သမီးလေး နှစ်ယောက်အတွက်ပဲ ဖြတ်သန်း ခဲ့တယ်။ ထရီဇာမေမေ လို အမေမျိုးဖြစ်အောင် အမီလိုက်ပြီး ကြိုးစား ရမှာပေါ့။ မိခင်ဘဝ ရောက်ရှိသွားရင် အိမ်ထောင်သည် ဘဝနဲ့ လူပျို လူလွတ်ဘဝနဲ့ မတူတော့ဘူး ဆိုပေမယ့် ကိုယ့်အိမ်ထောင်ဖော် အိမ်ထောင်ဖက်က ကိုယ့်အပေါ် ကြင်နာရင် ကြင်နာသလို ကလေးလိုနေ လို့ရသေးတယ်။ မိခင် ဘဝရောက် သွားတဲ့ အချိန်မှာတော့ ထရီဇာ ဆိုရင် ဘဝကို လုံးဝကို ပြောင်းလဲသွား တယ်။ ကိုယ်လုပ်နေ တဲ့အလုပ် လောဘတွေကို ဖြတ်ချထားခဲ့ရတာပဲ။ ကိုယ့်ရဲ့ လှလှပပနေ ချင်မှုတွေလည်း ဘာ တစ်ခုမှမရှိ တော့ဘူး။ အရာရာသူတို့တွေကို ဦးစားပေးပြီး သူတို့လေးတွေ ကျန်းမာဖို့ သူတို့လေးတွေကို အကောင်းဆုံး အရာတွေ ဖန်တီးပေးဖို့ပဲ ထရီဇာတို့ စဉ်းစားရတော့ တာပေါ့။ မိခင်ဘဝက တအားကို ခက်ခဲတယ်။ အဲဒါ ကြောင့်မို့လို့ အမေတွေကို ကမ္ဘာမြေ ဆိုလည်း အမိကမ္ဘာမြေ၊ ကောင်းကင် ဆိုလည်း အမိကောင်းကင် အနေ နဲ့ နှိုင်းယှဉ် တင်စား ကြတာပေါ့။ နောက်ပြီး သားသမီး တစ် ယောက် မွေးဖွား လာဖို့အတွက် အမေရော၊ အဖေရော ကြီးပြင်းကြိုးစားရတာ မှန်ပေမယ့်၊ အမေကမွေး ထုတ်ရတာ ဖြစ်တဲ့ အတွက် သူက အရေးပါတဲ့ အခန်း ကဏ္ဍကလည်း ပါဝင်နေတယ်။ ဒီမိခင် များနေ့မှ မဟုတ်ဘူး။ နေ့တိုင်း ကိုယ့်ရဲ့မိခင် တွေအပေါ် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နဲ့ ရှိနေဖို့ ဂရုတစိုက်နဲ့ ရှိနေပေးသင့်တယ်။
သမီးလေးတွေရှေ့က မားမားမတ်မတ်
ရပ်တည်ပေးနိုင်မယ့် အမေမျိုးဖြစ် ချင်တယ်
မိခင်ဘဝ ရောက်တော့ သူတို့အတွက် အကောင်းဆုံး သော အရာတွေကို ဖန်တီးပေး နိုင်မယ့်၊ အကောင်းဆုံးသော အရာတွေ ကို ရှေ့ဆောင်လမ်းပြပြုနိုင်မယ့် သူတို့ တွေရှေ့က ဘာဖြစ်ဖြစ် အကောင်း အဆိုးအားလုံး အပေါ်မှာ မားမားမတ် မတ် ရပ်တည်ပေးနိုင်မယ့် အမေမျိုး ဖြစ်ချင်တာပေါ့နော်။ တာဝန်ကျေပွန်သည် ထက်ပိုသော အမေမျိုးဖြစ်ချင်တယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ- ရူပါမိုမို