နေပြည်တော် မြို့နယ် (၈) မြို့နယ်ရှိ သမဝါယအသင်းသား တောင်သူများ၏စိုက်ဧက (၉၁၃၅ ဒသမ ၈၉၆)ဧကအတွက်မျိုးနှင့် သွင်းအားစုများထောက်ပံ့သွားမည်ဖြစ်ကြာင်း သိရသည်။
၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
သမဝါယမကဏ္ဍအနေဖြင့် နေပြည်တော် မြို့နယ်ရှစ်မြို့နယ် ရှိ သမဝါယမအသင်းသားတောင်သူများသို့ တစ်ဧကလျှင် ကျပ် (၂)သိန်းခွဲနှင့် ညီမျှသော မျိုး၊ သွင်းအားစု တန်ဖိုးငွေကျပ် (၂၂၈၃ ဒသမ ၉၇၄)သန်းအား သမဝါယမအသင်း/ အ သင်းသား တောင်သူများ၏ စိုက်ဧက (၉၁၃၅ ဒသမ ၈၉၆) ဧကအတွက် ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသ ည်။
မြို့နယ်အလိုက် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းဆော င်ရွက်မှုများနှင့် အခြေအနေများကိုလည်းကောင်း၊ မျိုး၊ သွ င်းအားစုများကို ဖြန့်ဖြူးရောင်းချမည့်သူများ၏ လက်လီ၊ လက်ကားအရောင်းဈေးနှုန်းများနှင့် ကျေးရွာဒေသအရော က် ချိတ်ဆက်ရယူမည့် အစီအစဉ်များကိုလည်းကောင်း အ စည်းအဝေးတတ်ရောက်လာသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။