သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ယင်းသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ဆေးရုံအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုကြီး/သူနာပြုများ၊ ဓာတ်ခွဲ/ဓာတ်မှန် စသော ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ၊ ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ အငယ်တန်း ဝန်ထမ်းများ၊ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လသာမြို့နယ် ရဲတပ်ဖွဲ့နှင့် လသာမြို့နယ် မီးသ-တ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၀၀) ဦး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည်။
ဇာတ်တို-က်လေ့ကျင့်မှုတွင် လူနာ (၄၀) ဦးခန့် အရေးပေါ်ကုသမှုဌာနသို့ ရောက်ရှိကာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာသဖြင့် “သဘာဝဘေးအန္တရာယ်နှင့် လူအများ ထိခို-က်ဒဏ်ရာ ရရှိမှုများအတွက် အရေးပေါ်ကုသမှုစီမံချက် (Mass Casualty Incident Management Plan) (၂၀၂၅)” နှင့်အညီ ကုသမှုများ ပြုလုပ်ခြင်းကို ဆောင်ရွက်ခြင်း ဖြစ်သည်။
ယင်းတွင် အရေးပေါ်အခြေအနေ ကွပ်ကဲရေးအဖွဲ့ကို ချက်ချင်းစုဖွဲ့ခြင်း၊ ထိုအဖွဲ့ အောက်၌ လုပ်ငန်းအဖွဲ့ (၆)ဖွဲ့ဖြစ်သော အရေးပေါ်လူနာများနှင့် ဆေးရုံဝန်ထမ်းများ လုံခြုံရေးအဖွဲ့၊ ဆေးကုသရေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့၊ အရေးပေါ်လူနာများအတွက် ပစ္စည်းဖြည့်တင်းရေးအဖွဲ့၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ သတင်းဆက်သွယ်ပြန်ကြားရေးအဖွဲ့နှင့် လူမှုဆက်သွယ်ဆောင်ရွက် ရေးအဖွဲ့များ ချက်ချင်းစုဖွဲ့ခြင်း၊ အထောက်အကူအဖွဲ့ (၆)ဖွဲ့ ဖြစ်သော ဓာတ်မှန်ဌာနအဖွဲ့၊ ရောဂါဗေဒဌာနအဖွဲ့၊ ဥပဒေရေးရာ ဆေးပညာအဖွဲ့၊ သွေးလှူဘဏ်အဖွဲ့၊ သွေးဖြန့်ချိရေးအဖွဲ့နှင့် ဆေးသိုလှောင်ရေးဌာနအဖွဲ့များကို ချက်ချင်းစုဖွဲ့၊ သတင်းပို့ချိတ်ဆက်၍ သက်ဆိုင်ရာ အဖွဲ့ဝင်များနှင့် အဖွဲ့အချင်းချင်း ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ပြီး အရေးပေါ်လူနာများအား ကုသမှုပေးသည့် လုပ်ငန်းစဉ်ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်းနှင့် Training Center တွင် ပြန်လည် ဆွေးနွေးသုံးသပ်ခြင်း (Debriefing)ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။