Sunday, November 9, 2025

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃)...

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင်...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်...

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...
HomeNewsLocal Newsသဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲနေသည့် အဖွဲအစည်းများအသုံးပြုသည့်...

သဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲနေသည့် အဖွဲအစည်းများအသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည်နိမ့်ကျမှုကြောင့်လည်း လေလွင့်ဆုံးရှုးမှုများစွာဖြစ်ပေါ်နေ

လေလွင့်ဆုံးရှုးမှုမရှိပါက ယခုလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်

ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာ ထုတ်ယူရရှိနိုင်သည်ဖြစ်၍ အကျိုးရှိထိရောက်စွာ အသုံးပြုရန်လိုအပ်ပြီး သဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲနေသည့် အဖွဲအစည်းများအသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည်နိမ့်ကျမှုကြောင့်လည်း လေလွင့်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေကြာင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် ကပြောသည်။

သဘာဝဓာတ်ငွေ့များ လေလွင့်ဆုံးရှုးမှုမရှိပါက ယခုလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စက်များ၏ စွမ်းဆောင်ရည်ကြောင့် လေလွင့်ဆုံးရှုးမှု မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကပြောသည်။

ယမန်နေ့ အောက်တိုဘာ(၄)ရက်နေ့က ပဲခူးတိုင်းရှိ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းကို သွားရောက်ကြည့်ရူစဉ် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိ ၊ ပိုက်လိုင်းများ အဆင့်မြှင့်တင်လဲလှယ်ခြင်းနှင့် Metering System များ စနစ်တကျမရှိမှုများကြောင့် ဆုံးရှုးမှုများကို အစီအမံများ ချမှတ်ပြီး ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်တွင်းတွင်သုံးစွဲလျက်ရှိသည့် သဘာဝဓာတ်ငွေ့များ၏ ၈၅ ရာခိုင်နှုန်း ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် အဓိကဖြန့်ဖြူးပေးနေခြင်လည်းဖြစ်သည်။

စွမ်းဆောင်ရည်ကျဆင်းနေသော ဓာတ်အားပေးစက်များအားပြုပြင်စေခြင်း၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားသောစက်များဖြင့် လဲလှယ်အသုံးပြုစေခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး စီမံကိန်းအသစ်များ တည်ဆောက်ရန် အဆိုပြုလျှောက်ထားလာမှုအပေါ် တွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာစက်စွမ်းရည်အပေါ်မူတည်၍ စိစစ်ခြင်းတိုဖြင့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည့် အပိုင်းများသတ်မှတ်ပြီး နှစ်အလိုက်အစားထိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထိုပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုက်လိုင်းများအစားထိုးလဲလှယ်ခြင်း၊ ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့် စခန်းများမှ စက်ရုံတစ်ခုချင်းစီသို Metering စနစ်အသုံးပြု၍ ဖြန့်ဖြူးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃) တိုင်းနှင့် ပြည်နယ် (၂) ခုတွင် မိုးကြီးနိုင်ဟု မိုး/ဇလအသိပေး

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင် ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ တရားမဝင်ကုန်စည်သယ်ဆောင်သည့် ဂိတ်များနှင့် ဂိုထောင်/ အဆောက်အဦးများအား တပ်မတော်မှ ရှင်းလင်းနေသည့် မြင်ကွင်းများ

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား တပ်မတော်မှတာဝန်ရှိသူများ ဦးဆောင်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်အတွင်းရှိ သောင်ရင်းမြစ်ကမ်းအနီးမှ အောင်ပါဝါဂိတ်အား မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေ ဦးဆောင်သည့် တပ်မတော်မှတာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့သည်ကို တွေ့ရသည်။ နောက်ရက်များတွင်လည်း သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ ဖယ်ရှားရှင်းလင်းရန် ကျန်နေသည့် တရားမဝင် ကုန်စည်သယ်ဆောင်ရာ ဂိတ်များအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071