Home Popular Academy “သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

0
1206

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို “သဘင် သည် မြနှင်းဆီ” ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌ ရိုးရာအကနှင့် ထိတ်လန့်ချောက်ချားဖွယ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးကာ ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ဆန်းသစ် ဖန်တီးထားခြင်း ဖြစ်သည်။

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားတွင် သရုပ်ဆောင် လင်းမြတ် ၊ မေမီကိုကို ၊ ဒေါ်စန်းစန်းဝင်း ၊ စင်ဒီမြတ် ၊ ဟင်နရီစံ ၊ မင်းအာကာ ၊ ဂူဂူး အစရှိသည့် သရုပ်ဆောင်များပါဝင်ပြီး ဒါရိုက်တာ မင်းဆက်သစ်က ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here