
ဟန်ဇာမိုးဝင်းရဲ့ သဘင်သက်တမ်းက ၁၅နှစ်ကျော်ကာလထဲကို ရောက်ရှိလို့ လာခဲ့ပြီဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းတို့ စံပြသဘင်ရဲ့ သက်တမ်းကတော့ ၅၄ နှစ်ထဲကို ဝင်ရောက်လာပြီလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ သူ့ရဲ့အနုပညာ သက်တမ်း ၁၅ နှစ်တာ ကာလ အတွင်းမှာ အများကြီးလိုအပ်ချက်တွေ ရှိသေးပြီး လေ့လာသင့်တဲ့ ပညာရပ်တွေကိုလေ့လာဖို့ အများကြီး လစ်ဟာခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။ ”မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်ကို ကျွန်တော် ဝင်လာခဲ့တယ်။ အဲဒီ့ရဲ့ အသီးအပွင့်တွေ ကျွန်တော်စားခဲ့တယ်။ အဲဒီ့ရဲ့ အနှစ်သာရ တစ်ခုကို ထဲထဲဝင်ဝင်လေ့လာဖို့ အားနည်းခဲ့တယ်။ ပေါက်မယ်ဆိုတဲ့ အလုပ်တွေ ကျွန်တော် လုပ်ခဲ့တယ်။ ဝင်ငွေကောင်းတဲ့ အလုပ်တွေဆို ကျွန်တော်လုပ်ခဲ့တယ်။ ဒါပေမဲ့ သဘင်ရဲ့အနှစ်သာရဆိုတဲ့ ပညာရပ်တွေကိုတော့ ကျွန်တော့်အနေနဲ့ လေ့လာ မဆည်းပူးခဲ့ရပါဘူး။ ကျွန်တော်တစ်ယောက်တည်းတင် မကပါဘူး။ အခုလိုလုပ်ကိုင် နေကြတဲ့လူငယ်တွေဟာ အင်မတန် နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲခဲ့ကြတယ်။ မလေ့ လာမိခဲ့ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေအကုန်လုံးကို စာတမ်းပြုစုထား ခြင်းဟာ အင်မတန်ရှားပါးခြင်း၊ ရှာဖွေရတာ အင်မတန်ခက်ခဲခြင်း၊ သဘင်အနုပညာ ရှင်ကြီးတွေ အင်မတန်ရှားပါးခြင်းကြောင့် လွယ်လွယ်ကူကူ ရှာဖွေလို့မရတဲ့ ပညာရပ် တွေဖြစ်တဲ့အတွက် လွယ်လွယ်ကူကူ မရခဲ့ခြင်းလည်းပါပါတယ်။ အဲဒီလိုရှာဖွေလို့ ခက်တော့ ခက်တဲ့နောက်ကို မလိုက်ချင်ဘဲ လွယ်တဲ့နောက်ကိုပဲ လိုက်ချင်တော့ အလွယ်နဲ့ဖြစ်ခဲ့တယ်။ ဒါကကျွန်တော်တို့ရဲ့ လစ်ဟာမှုတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ လူတန်းစေ့နေနိုင်ဖို့အတွက် ကျွန်တော်တို့ သဘင်ဟာ ကျွန်တော်တို့ကို ထားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သိလာရတဲ့ သဘင်ရဲ့ အနှစ်သာရတွေ ကို လေ့လာတယ်။ သဘင်အတွက်အကျိုးရှိမယ့် အလုပ်တွေကို လုပ်ခဲ့ကြပါတယ်” လို့ ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊အဂ္ဂါမိုးဝင်း တို့ စံပြသဘင်က ဇန်နဝါရီ ၂ ရက်နေ့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ကျိုက်ခေါက် ဘုရားပွဲမှာ ကပြမှာဖြစ်ပါတယ်။
လင်းအက္ခရာ
