Looking for something?

Explore the website

Looking for something?

Wednesday, June 11, 2025

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊...

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး...

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊...

ငလျင်သင့် ပြည်သူများအတွက် KBZ Center...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အထူးချေငွေဌာနများ...

မိုးများ၍ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေ

ယခုရက်သတ္တပတ်အတွင်း သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နေကြောင်း သိရသည်။ “မနေ့ညကနေ တစ်ညလုံးရွာတာ။ ရေဝင်တာ၊ ရေတက်တာလည်း မြန်တယ်။ အိမ်ထဲ...
HomeMyanmar Theatrical Traditionသဘင်လောကအတွက်တန်ဖိုးရှိလှတဲ့ သဘင်ပညာရပ်ဆိုင်ရာ အခမဲ့သင်တန်း

သဘင်လောကအတွက်တန်ဖိုးရှိလှတဲ့ သဘင်ပညာရပ်ဆိုင်ရာ အခမဲ့သင်တန်း

မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)က သဘင်ပညာရပ်ဆိုင်ရာ အခမဲ့သင်တန်းကို ဇွန်လ ၉ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့ ချင်းချောင်း နန်းတော်မှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များမှာ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သဘင်ရပ်ဝန်းမှ ပညာရှင်များက သင်ကြားပြသပေးနေတာပဲဖြစ် ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း သဘင်ပညာရှင်ကြီးတွေရဲ့ သင်ကြားပြသပေးမှုတွေ အပေါ် သေချာစွာသင်ယူနေကြပုံကိုလည်း တွေ့ မြင်ရပါတယ်။
ဒီသင်တန်းနဲ့ပတ်သက်လို့ သဘင်မင်းသားကြီး ဦးချမ်းသာက …

“ဒါကသဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်ရဲ့ စီမံမှုပါပဲ။ ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းကနေ အကုန်လုံး ကြပ်မတ် ပေးတယ်။ ဒီလိုသင်တန်းမျိုး ပေါ်လာမယ်တောင် မထင်ဘူး။ ကလေးတွေ အခြေခံကစပြီး တတ် မြောက်အောင်လို့ပါ။ မင်းသား မင်းသမီးဆိုတာက အခြေခံကစပြီး တတ်မြောက်မှ မင်းသား မင်း သမီးလို့ခေါ်တာပါ။ ဒီသင်တန်းတက်ပြီးတဲ့နောက် မှာ ပတ်ဝန်းကျင်မှာ လက်မထောင်လို့ရပြီ။ ငါတို့ တွေဟာ အခြေခံကစပြီး သင်ခဲ့တာပေါ့။ ပြီးတော့ ဆိုငိုပြောတွေ တတ်လာပါလိမ့်မယ်” လို့ ပြောပါ တယ်။ ဒီသင်တန်းကိုတက်သွားပြီးတဲ့ လူငယ်တွေ အနေနဲ့ သဘင်နဲ့ ပတ်သက်လို့ တတ်သိနားလည်သွားမှာဖြစ်ပြီး သဘင်ရဲ့ ခက်ခဲနက်နဲမှုကိုလည်း မှတ်သားသွားမိကြမှာပါ။သဘင်ပညာရပ်နဲ့ပတ်သက်လို့ အရင်ကာလက သင်တန်းတွေ ရှားပါးခဲ့တယ်။ အခုအချိန်မှာ ဒီလိုသင်တန်းတွေ ဖွင့်လှစ်ခြင်း က သဘင်လောကရဲ့ မျိုးဆက်သစ်တွေအတွက် အလွန်ကို တန်ဖိုးရှိလှပါတယ်။

“အနုပညာထဲမှာ လူရွှင်တော် ပညာဆိုတာ ပိုပြီးတော့ခက်မယ်လို့ ထင်တယ်။ လူရွှင်တော်ဆိုတာ ဇဝနဥာဏ်ရယ်၊ ဖြတ်ထိုးဥာဏ်ရယ် ရှိရမယ်။ နောက်တက်လှမ်းလာကြမယ့် ကလေးတွေကို သင်ပြပေးဖို့အတွက်က သူတို့ကိုယ်တိုင်ကိုက စာပေဗဟုသုတကို လေ့လာရမယ်။ လူရွှင်တော်ဆိုတာ အစုံပြောတတ်ရတယ်။ နည်းနည်းတော့ ခက်မယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ ကောင်းပါတယ်။ လူရွှင်တော်သင်တန်းဆိုတာ အခုမှ ဖွင့်တာလို့ပြောရမှာပေါ့။ ကျွန်တော်တို့တုန်း ကတော့ ဆရာကြီးတွေဆီကနေ သင်ယူလေ့လာခဲ့ရတယ်။ ဒီသင်တန်းမှာလည်း ကျွန်တော်တို့မှာလည်းရှိတဲ့ ပညာတွေကို ဒီသင်တန်းမှာ သင်ကြားပို့ ချပေးသွားမှာပါ”လို့ သင်တန်းမှာ သင်ကြားပို့ချပေးနေတဲ့ လူရွှင်တော် ဗေဒါက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊ မြေပြင် အသက်ကယ်သင်တန်း ဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ကယ်ဆယ်ရေးရေပြင်၊ မြေပြင်အသက်ကယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅ ) - သင်တန်းဆင်းပွဲးကို ဇွန် (၉) ရက် ညနေပိုင်းတွင် သာကေတမြို့နယ်ရှိ လူငယ်စင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အစီအစဉ်အရ သင်တန်းဖွင့်လှစ်ခဲ့မှု မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာကော်မတီမှ ပံ့ပိုးငွေကျပ် ဆယ်သိန်းလှူဒါန်း...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး လေပြင်းတို-က်နိုင်

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး...

ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးမည်

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အထူးချေငွေဌာနများ ဖွစ်လှစ်ရခြင်းသည် ငလျင်ဘေးသင့်ပြည်သူများ အိမ်ယာအမြန်ဆုံးတည်ဆောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်နိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ချေးငွေအမျိုးအစားများအဖြစ် KBZ Bank ၏ သီးသန့် Home Loan အထူးချေးငွေဌာန (နှစ်ရှည်)၊ အထူးချေးငွေဌာန (SME အလျင်အမြန်) နှင့် Corporate Loan ထုတ်ချေးမှုတို့ပါဝင်ကြောင်း သိရသည်။ ချေးငွေရယူသူများအား Center...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071