Friday, May 8, 2026

ကမ္ဘာ့ကြက်ခြေနီနေ့ (၂၀၂၆) – လူသားချင်းစာနာထောက်ထားမှုနှင့်...

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ရှေ့တန်းမှ ဦးဆောင်နေသည့် ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုကြီးကို...

မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊...

ဌာန(သို့)အဖွဲ့အစည်းကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ အဆောက်အအုံနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို နှစ်တို၊ နှစ်ရှည်ငှားရမ်းခွင့်ပြုခြင်းဖြင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဌာန(သို့)အဖွဲ့အစည်းက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလျက်ရှိပြီး ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ်များတွင် အဆိုပါရောဂါကြောင့် ‌ေ-သဆုံးမှုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘို၊...

နိုင်ငံ ၈ နိုင်ငံ ၏...

"𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" အစီအစဉ် ဖြင့်  ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ နှင့်  အမေရိကန်သံရုံးများ၏...
HomeMyanmar Theatrical Traditionသဘင်သီချင်း ပြိုင်ပွဲတွင် Top...

သဘင်သီချင်း ပြိုင်ပွဲတွင် Top (5) အဖြစ် ရွေးချယ်ထားသော တေးသီချင်းများထဲမှ သဘင်သီချင်းအဖြစ် တစ်ပုဒ်ပြန်လည်ရွေးချယ်မည်

Tabin 2

သဘင်သီချင်းပြိုင်ပွဲအတွက် အနယ်နယ်အရပ်ရပ်မှ ပေးပို့လာသမျှ ပြိုင်ပွဲဝင် သီချင်းများကို ဒိုင်လူကြီးများဖြစ်ကြတဲ့ သဘင်နာယကကြီး စည်သူဦးရွှေနန်း တင်ဦးဆောင်ပြီး စည်သူဦးစိန်ဘမော်၊ ဦးစိန်မြအောင်၊ စန္ဒရား ဦးစိန်သောင်း၊ မလိုင် ဦးသန်းထွန်း၊ ဦးအောင်တင်ဝင်း၊ ဦးနိုင်မြန်မာ၊ ဦးစိန်မောင်း၊ ဦးသိန်းဇော်၊ ဦးနန်းဝင်း၊ ဦးမိုးဝင်းတို့က အကဲဖြတ်စိစစ်ရွေးချယ်ပေးခဲ့ကြပါတယ်။ ဒီလိုအကဲဖြတ်ရာမှာတော့ တေးသီချင်း ၅ ပုဒ်ကို Top 5 အဖြစ် ရွေးချယ်ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒီတေးသီချင်း ၅ ပုဒ်ကတော့ (၁) Code No.3 လောကအလှဆင် မြန်မာ့သဘင်၊ (၂) Code No.11 ထူးခြားတဲ့မြန်မာ့သဘင်၊ (၃) Code No.12 မြန်မာတို့ရဲ့သဘင်၊ (၄) Code No.13 မင်္ဂလာရှိသောသဘင်၊ (၅) Code No.14 အမျိုးသားရေးအတွက်သဘင် တေးသီချင်းတို့ပဲဖြစ်ပြီး အဆိုပါ တေးသီချင်းများကို ဖန်တီးသူ ၅ ဦးမှာ (၁) ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တား၊ (၂) ခင်ရွှေ (သီရိရာမ)၊ (၃)ရဲနိုင်လင်း (ကျိုက်လတ်)၊ (၄)နောင်နောင် B.A (Music) ၏ ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး) (၅) မြင့်မြတ်အောင်တို့ပဲ ဖြစ်ကြပါတယ်။ ဒီတေးသီချင်း ၅ ပုဒ်ကို ဆုချီးမြှင့်ပွဲအခမ်းအနားမှာ တီးမှုတ်သီဆိုကြမှာဖြစ်ပြီး သဘင်သီချင်းအဖြစ် ရွေးချယ်ခံရတဲ့ တေးသီချင်းကို အဆိုပါအခမ်းအနားမှာပင် ကြေညာကာ ဆုချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံး (ဗဟို) ၊ သဘင်သီချင်း ဖြစ်မြောက်ရေး ကော်မတီမှ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

” ဖိုင်နယ်ပွဲကိုတော့ ဒီလထဲမှာပဲလုပ်ဖို့ အစ်မတို့အနေနဲ့ ဇာတ်ရုံတွေ ရက်ချိတ်နေ တယ်။ အမျိုးသားဇာတ်ရုံမှာပဲလုပ်ဖို့ စီစဉ်နေပါတယ်။ ဖိုင်နယ်မှာက ၅ ပုဒ်ထဲကမှ တစ်ပုဒ်ရွေးချယ်မယ်” လို့ သဘင်သီချင်းပြိုင်ပွဲနဲ့ပတ်သက်ပြီး သဘင်အစည်းအရုံး (ဗဟို) ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်က ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071