Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeInternationalသပိတ်မှောက်သူများလုပ်ငန်းခွင်ပြန်ဝင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ထုတ်

သပိတ်မှောက်သူများလုပ်ငန်းခွင်ပြန်ဝင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ထုတ်

             
အခွန်ဌာနနှင့် အကောက်ခွန်ဌာနဝန်ထမ်းများအနေဖြင့် တနင်္ဂနွေနေ့တွင် ချက်ချင်လုပ်ငန်းခွင် ပြန်ဝင်ကြရန်နှင့် အဓိကကုန်သွယ်မှု အချက်အချာဖြစ်သော စစ်တကောင်းဆိပ်ကမ်းတွင် အကောက်ခွန်လုပ်ငန်းများ ရပ်ဆိုင်းသွားမှုအပါဝင် အခွန်လုပ်ငန်းဆောင်တာများ ရပ်တန့်သွားခဲ့သည့် နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်မှု နှစ်ရက်အကြာတွင် သပိတ်လှန်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ခဲ့သည်။
             
“အရာရှိတွေနဲ့ဝန်ထမ်းတွေ အားလုံးအလုပ်ပြန်ဆင်းရမှာပါ။ နိုင်ငံတော်အကျိုးစီးပွားကို ထိခို-က်စေတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် ပြည်သူလူထုနဲ့ နိုင်ငံတော်စီးပွားရေးကို ကာကွယ်ဖို့ရာ အစိုးရက တင်းကြပ်တွေ အစီအမံတွေ ချမှတ်ရပါလိမ့်မယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ သို့ရာတွင် မည်ကဲ့သို့ သော အစီအမံများကို ချမှတ်မည်ဆိုသည်ကိုမူ အသေးစိတ်ထုတ်ပြောခဲ့ခြင်း မရှိပေ။
            
စီးပွားရေးမထိခိုက်စေရန် သွင်းကုန်-ပို့ကုန်လုပ်ငန်းများကို အနှောင့်အယှက်ကင်းကင်းဖြင့် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း မိုဟာမက်ယူနွတ်စ်၏ ယာယီအစိုးရက သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားပြီး နိုင်ငံတော် အခွန်တော်ဘုတ်အဖွဲ့(NBR) ရှိ လုပ်ငန်းအားလုံးသည် မရှိမဖြစ်ဝန်ဆောင်မှုများဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
        
အစိုးရက မေလ ၁၂ ရက်နေ့တွင် NBR ကို ဖျက်သိမ်း၍ အခွန်တော်ဌာနအသစ်များ ဖွဲ့စည်းသည့် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဆန္ဒပြမှုများ စတင်ခဲ့သည်။ ခေတ်မီစေရန်၊ အခွန်ကောက်ယူရာတွင် အဆင်ပြေချောမွေ့စေရန်၊ အခွန်ထပ်နေမှုများ လျှော့ချရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန်အတွင် အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် လိုအပ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။
           
သို့သော်လည်း ဌာနတွင်းရှိ အရာရှိအများအပြားသည် အလုပ်အကိုင်မတည်မြဲမှုနှင့် အဖွဲ့အစည်းဆိုင်ရာ လွတ်လပ်မှု ဆုံးရှုံးမည်ကို စိုးရိမ်ကြပြီး ဖွဲ့စည်းပုံအသစ်တွင် ပြုပြင်ပြောင်းလဲရန်နှင့် NBR ဥက္ကဌ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့၏ တောင်းဆိုချက်များအတွက် ဖိအားပေးသည့်အနေဖြင့် စနေနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်ပိတ်သပိတ်ကို စတင်ခဲ့ကြခြင်းဖြစ်သည်။

Ref: အေးရှားဝမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071