Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeActivitiesသန့်ရှင်းသပ်ရပ်တဲ့ သန့်စင်ခန်း တွေ...

သန့်ရှင်းသပ်ရပ်တဲ့ သန့်စင်ခန်း တွေ လိုအပ်နေဆဲနိုင်ငံ

သန့်စင်ခန်းလို့ပဲခေါ်ခေါ်၊ အိပ်ရာ လို့ပဲခေါ်ခေါ် လူတိုင်းနဲ့ သက် ဆိုင်နေတဲ့ သန့်စင်ခန်းတွေ လုံလုံ လောက်လောက်ရှိဖို့ အရေးကြီးပါ တယ်။ ပြည်တွင်းမှာ နေထိုင်သူတွေ အတွက်သာမက ကမ္ဘာလှည့်ခရီး သည်တွေအတွက်ပါ သန့်စင်ခန်းတွေ သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်နေပါတယ်။ လက်ရှိအနေအထားမှာ နယ်တွေမှာ မဆိုထားနဲ့ ရန်ကုန်လို မြို့ကြီးများမှာ တောင် သန့်စင်ခန်း အလုံအလောက် မရှိသေးပါဘူး။

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေနဲ့မိလ္လာစနစ်ဟာ အရေးပါသလို ရန်ကုန်မြို့မှာ ဟောင်းနွမ်းနေတဲ့ မိလ္လာပိုက်တွေကို ဆက်လက်သုံးစွဲ နေရတဲ့ အနေအထားမှာရှိနေပါသေး တယ်။ ဘယ်သူပဲဖြစ်ဖြစ် အပေါ့၊ အ လေးသွားတာဟာ ရေရှည်အောင့်ထား လို့မရတဲ့ကိစ္စဖြစ်လို့ သန့်စင်ခန်းတွေ ကို အလွယ်တကူ ရှာတွေ့နိုင်အောင် စီမံထားရမှာပါ။ ရန်ကုန်မြို့လယ်ကောင် မှာတောင် သန့်စင်ခန်းဟာ လက်ချိုး ရေတွက်လို့ရအောင် နည်းပါးနေပါ သေးတယ်။

ကျွန်မတို့ဟာ ကိုယ်စီအလုပ် တွေနဲ့မို့ အိမ်ကနေအပြင်ကို မဖြစ် မနေထွက်ရပါတယ်။ ရုံးတွေ၊ ကုမ္ပဏီ တွေမှာ အလုပ်လုပ်နေတဲ့သူတွေအ တွက် အိမ်သာတက်ဖို့ သိပ်မခဲယဉ်း ပေမယ့် အပြင်မှာ သွားသွားလာလာ သမားတွေအတွက်တော့ အခက်ကြုံ ရပါတယ်။ ကျွန်မသတိပြုမိသလောက် မဟာဗန္ဓုလပန်းခြံလမ်း၊ ဗိုလ်ချုပ် လမ်းပေါ် ဘူတာကြီးဝင်း၊ အနော်ရ ထာလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းနဲ့ ဗန္ဓုလလမ်းထောင့်က ယုဇနကိုပြေး ဆွဲတဲ့ ကားရပ်နားတဲ့ကွင်း၊ ဗိုလ်ချုပ် လမ်းနဲ့ သိမ်ဖြူလမ်းထောင့်တွေမှာပဲ အများပြည်သူသုံး သန့်စင်ခန်းတွေ တွေ့ရပါတယ်။ အဲဒီထဲကမှ ဗိုလ် အောင်ကျော်လမ်းနဲ့ ဗန္ဓုလလမ်းထောင့် က ယုဇနကိုပြေးဆွဲတဲ့ ကားရပ်နားတဲ့ ကွင်းထဲက သန့်စင်ခန်းက ပုဂ္ဂိလက ဖွင့်ထားတဲ့ သန့်စင်ခန်းဖြစ်ပါတယ်။

လူအင်မတန်စည်ကားတဲ့ နေ ရာတွေမှာတောင် ဒီလောက်အရေ အတွက်ပဲရှိတာဟာ မေးခွန်းထုတ် စရာပါ။ ဒါ့အပြင် စည်ပင်ကဖွင့်ထား တဲ့ သန့်စင်ခန်းမှာဖြစ်ဖြစ်၊ ပုဂ္ဂလိက ကဖွင့်ထားတဲ့သန့်စင်ခန်းမှာပဲ ဖြစ် ဖြစ်သန့်ရှင်းမှုအားနည်းသလို ဆက် ဆံရေးလည်း ညံ့ဖျင်းတာတွေ့ရပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကသန့်စင်ခန်းမှာ မဝင်မဖြစ်လို့ ဝင်ရပေမယ့်သန့်ရှင်းမှု အားနည်းသလို ဘေစင်မှာ လက် ဆေးဆပ်ပြာတောင် ထားပေးမထား ပါဘူး။ မဟာဗန္ဓုလပန်းခြံထဲမှာ ဖွင့် ထားတဲ့ သန့်စင်ခန်းကတော့ အ ထိုက်အလျောက် သန့်ရှင်းမှုရှိပါ တယ်။ မြန်မာပြည်ကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည် တွေအတွက် သန့်စင်ခန်းမလုံလောက် မှုဟာ အနုတ်လက္ခဏာဆောင်တယ် လို့ ကျွန်မမိတ်ဆွေဧည့်သည်လမ်းညွှန် တစ်ယောက်က ပြောပြဖူးပါတယ်။

ခရီးသည်တွေကို သန့်စင်ခန်းအ ကြောင်း အကုန်ပြောပြရင်လည်း မကောင်းလို့ အဆင်ပြေတဲ့နေရာတွေ မှာ အိမ်သာတက်ထားဖို့ ကြိုပြော ထားရပါသတဲ့။ မြို့ထဲရောက်ရင် လည်း သန့်စင်ခန်းအလွယ်တကူမရှိ လို့ ကော်ဖီဆိုင်၊ ဈေး၊ ပန်းချီပြခန်း စတဲ့ နေရာတွေမှာပဲ သန့်စင်ခန်းဝင် ဖို့ ပြောရတယ်လို့ဆိုပါတယ်။ မြန်မာ ပြည်ထဲမှာ လည်ပတ်ဖို့ ဇုန်ဝင်ကြေး တွေအများအပြား ကောက်ခံထား ပေမယ့် ရန်ကုန်မှာသာမက ပုဂံ၊ ညောင်ဦးလိုနေရာမှာတောင် သန့် စင်ခန်းမလုံလောက်တာ စိတ်ပျက် စရာကောင်းတယ်လို့ မိတ်ဆွေ ဧည့် လမ်းညွှန်က ကျွန်မကိုပြောပြဖူးပါ တယ်။ ‘ပုဂံ’မှာ ရွှေဆံတော်ဘုရားဝင်း၊ သဗ္ဗေညုဘုရားဝင်းနဲ့ ဗူးဘုရားအနီး မှာပဲ အများသုံးသန့်စင်ခန်းတွေရှိလို့ ပိုမိုရောက်ရှိလာမယ့် ခရီးသွားတွေ အတွက် ထည့်သွင်းစဉ်းစားသင့်ပါပြီ။

ကျွန်မတို့ ခရီးသွားတဲ့အခါမှာ စိတ်ညစ်ရတဲ့အထဲမှာ သန့်စင်ခန်း ကိစ္စလည်း ပါဝင်ပါတယ်။ ကားနဲ့ သွားတဲ့အခါ စားသောက်ဆိုင်တွေမှာ အပေါ့အပါး သွားရတာ အဆင်ပြေ ပေမယ့် သန့်စင်ခန်းချည်းသက် သက်ရှိတဲ့ နေရာတွေက တစ်နေရာနဲ့ တစ်နေရာ ဝေးကွာပါတယ်။ အမြန် လမ်းလို ခရီးသည်အများအပြား သွားလာနေတဲ့နေရာမှာ ၁၅ မိုင်၊ ဒါမှ မဟုတ် မိုင် ၂ဝ လောက်ခြားပြီး အ များသုံးသန့်စင်ခန်းတွေတည်ဆောက် ထားပေးသင့်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအတွက် သန့်စင်ခန်း အလွယ်တကူရှာမတွေ့ရင် ဒုက္ခများ ပါတယ်။ အမြန်လမ်းမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကဖွင့်ထားတဲ့ သန့်စင် ခန်းတွေမှာ တံခါးချက်တွေ ပျက် နေတာ၊ ဘေစင်မှာ ဆပ်ပြာတောင် မရှိတာတွေကိုလည်း အလေးအနက် ထား ပြုပြင်သင့်ပါပြီ။

ဈေးဝယ်စင်တာတွေက သန့်စင် ခန်းကိစ္စကိုလည်း ထောက်ပြချင်ပါ တယ်။ ကိုယ့်ရဲ့ ဈေးဝယ်စင်တာကို လာဈေးဝယ်တဲ့သူတွေအတွက် သန့် စင်ခန်း လုံလုံလောက်လောက် ထား ပေးရမှာပါ။ လွန်ခဲ့တဲ့ ၃ လလောက် က ကျွန်မဟာ သူငယ်ချင်းတွေနဲ့အ တူ ကုန်သည်လမ်းနဲ့ ဘိုကလေးဈေး လမ်းထောင့်က နာမည်ကြီး ကုန် တိုက်တစ်ခုကို ရောက်ခဲ့ပါတယ်။ လက်ဖက်ရည်သောက်ပြီး အပေါ့ သွားချင်တာနဲ့ သန့်စင်ခန်းဘယ်မှာ လဲလို့ မေးတော့ ဒုတိယထပ်မှာလို့ ဆိုပါတယ်။ အဲဒါနဲ့ ဒုတိယထပ်က သန့်စင်ခန်းနားရောက်တော့ သန့် ရှင်းရေးဝန်ထမ်းက ဝင်လို့မရပါဘူး တဲ့။ ကျွန်မလည်းစိတ်တိုသွားပြီး ဘာဖြစ်လို့လဲလို့မေးတော့ ‘ရေမလာ သလို၊ သန့်ရှင်းရေးလုပ်နေသလို’ ဖြေပါတယ်။ ကုန်တိုက်တစ်တိုက်လုံး မှာမှ ဒုတိယထပ်တစ်ခုတည်းပဲ သန့်စင်ခန်းရှိပြီး အဲဒါကိုတောင် တချို့အချိန် သုံးလို့မရဘူးဆိုတော့ စဉ်းစားသာကြည့်ပါတော့။

ဗိုလ်ချုပ်လမ်းနဲ့ ပန်းဆိုးတန်း လမ်းထောင့်က ဈေးဝယ်စင်တာက တော့ သန့်စင်ခန်းတွေရှိပေမယ့် တံခါးချက် ပျက်တာကပျက်၊ ရေဆွဲ ချလို့မရတာက မရ၊ ပိုထူးဆန်းတာက အလေးသွားမရပါဆိုတဲ့ စာတန်းပါ။ အမှန်က ပျက်နေရင်ပြင်ဖို့ တာဝန်ရှိ ပြီး ကိုယ့်ရဲ့ဈေးဝယ်စင်တာကို လာ သူတွေအတွက် ထိုက်တန်တဲ့ဝန်ဆောင် မှု ပြန်ပေးရမှာပါ။ ချီးကျူးစရာ ကောင်းတာက သာကေတ၊ City Mart သန့်စင်ခန်းတွေဟာသန့်ရှင်း သပ်ရပ်ပြီး အဆင့်မီတာတွေ့ရပါ တယ်။

မြို့လယ်ကောင်က ၃၈ လမ်း အ ထက်မှာ မိလ္လာအိုးပေါက်ပြီး ရေဆိုး တွေ လမ်းပေါ်စီးကျနေတာ မကြာ ခဏတွေ့ဖူးပါတယ်။ ဒါကိုစည်ပင် အနေနဲ့ သေချာစစ်ဆေးပြီး လိုအပ် တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါပြီ။ အရင်တုန်းက ရန်ကုန်မြို့ရဲ့ လူဦးရေ က နည်းပါးနေလို့ အဆင်ပြေနိုင်ပေ မယ့် အခုလို လူဦးရေ များပြားလာ တဲ့အချိန်မှာ မိလ္လာစနစ်ကောင်းမွန် ဖို့ အထူးဂရုပြု လုပ်ဆောင်ရပါလိမ့် မယ်။
လမ်းသွားရင်း ရေမြောင်းထဲ အပေါ့စွန့်သူတွေ၊ အုတ်တံတိုင်းနား ကပ်ပြီး အပေါ့စွန့်သူတွေ နည်းပါး သွားအောင် လုပ်ဆောင်ရမှာ ဖြစ်သ လို တစ်ဖက်ကလည်း အဲဒီလို အောက်တန်းကျတဲ့ အမူအကျင့်တွေ ကို ပြုပြင်သင့်ပါတယ်။ အတွင်းဝန် ရုံးဝန်းကျင်မှာ အပေါ့စွန့်သူတွေ ကြောင့် အနံ့အသက် မကောင်းတာ ကိုလည်း သတိထားမိပါရဲ့။ ဒါဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်နေရာ တစ် ခုဖြစ်လို့ အထူးကြပ်မတ်သင့်ပါတယ်။

ဒါ့အပြင် အများသုံးသန့်စင် ခန်းတွေထဲက အိမ်သာတံခါးတွေမှာ မဖွယ်မရာ ရေးခြစ်မှုတွေကိုလည်း စိတ်မသက်မသာ တွေ့ရပြန်ပါတယ်။ ဒီလိုရေးခြစ်တာဟာ ဘယ်သူ့အတွက် မှအကျိုးမရှိဘဲ တခြားနိုင်ငံကလူတွေ တွေ့ရင် အထင်သေးစရာပါ။ တချို့ တော့ အိမ်သာထဲမှာ စီးကရက်တို၊ ဆေးပေါ့လိပ်တိုသောက်ပြီး စည်းမရှိ၊ ကမ်းမရှိဆေးလိပ်တိုတွေ ထားပစ်ခဲ့ တာမျိုးတွေလည်းရှိပါတယ်။ ကျွန်မ တို့ဟာ စိတ်ဓာတ်အဆင့်မြင့်သူတွေ ဖြစ်လာအောင် ကိုယ့်ဘာသာကိုယ် လေ့ကျင့် ပျိုးထောင်ယူရမှာပါ။

တချို့ သန့်စင်ခန်းတွေမှာကျ တော့ တာဝန်ကျတဲ့ ဝန်ထမ်းတွေက ရေ ဘားကို ပိတ်ထားတာ၊ ဘေစင်မှာ ထားတဲ့ ဆပ်ပြာရည်ဘူးကို ပြန်သိမ်း ထားတာတွေလည်းရှိပါတယ်။ ဘာ ဖြစ်လို့လဲလို့မေးကြည့်ရင် အိမ်သာ လာတက်တဲ့သူတွေက စည်းကမ်းမရှိ လို့လို့ဖြေပါတယ်။ လာတဲ့သူတွေက စည်းကမ်းမရှိရင် စည်းကမ်းရှိအောင် ပညာပေးဖို့လိုပြီး ဒီလိုမဟုတ်မဟတ် မလုပ်သင့်ပါဘူး။ လာပြီးအိမ်သာတက် သူတွေဘက်ကလည်း ‘ငါကပိုက်ဆံ ပေးတက်တာ’ဆိုတာထက်အများနဲ့ ဆိုင်တဲ့ နေရာမို့ စည်းကမ်းမဲ့မပြုမူ သင့်ပါဘူး။

မြို့ပြမှာတောင် အဲဒီလိုဖြစ်နေ ရင် ကျေးလက်ဒေသတွေမှာ သန့် ရှင်းတဲ့ ရေလောင်းအိမ်သာတွေ တည်ဆောက်ဖို့လိုတာ အသေအချာ ပါပဲ။ ရေလောင်းအိမ်သာတွေရှိမှ သာ စနစ်တကျ အညစ်အကြေးစွန့် နိုင်ပြီး ကျန်းမာရေးအတွက် အ ထောက်အကူပြုမှာဖြစ်ပါတယ်။ ဒါ ကြောင့် အစိုးရအနေနဲ့ ကျေးရွာ တိုင်း ရေလောင်းအိမ်သာ၊ ယင်လုံ အိမ်သာ အသုံးပြုနိုင်ရေးကို စီမံချက် ချဆာင်ရွက်သွားသင့်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အိမ်သာမလုံလောက် မှုက ပြဿနာတစ်ရပ်အဖြစ် ဆက်ရှိ နေတာကို မမေ့သင့်ပါဘူး။

သန့်ရှင်းသပ်ရပ်တဲ့ သန့်စင်ခန်း တွေ နိုင်ငံအနှံ့ရှိမှသာ ကျန်းမာရေး ကို အထောက်အကူပြုမှာ ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုလာ ရောက်ဖို့ အထောက်အကူပြုမှာပါ။ ဒါကြောင့် သန့်စင်ခန်းကိစ္စကို ပေါ့ ပေါ့တန်တန် သဘောမထားဘဲ လုံ လုံလောက်လောက် တည်ဆောက်ဖို့၊ မိလ္လာစနစ်တွေကောင်းမွန်ဖို့ ကြိုးစား လုပ်ဆောင်သွားဖို့ လိုအပ်နေပါ ကြောင်း စေတနာနဲ့ ထောက်ပြရေး သားလိုက်ရပါတယ်။

သွေး (စစ်ကိုင်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071