Wednesday, August 6, 2025

တိုင်းနှင့်ပြည်နယ်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ‌ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ယမန်နေ့ ဩဂုတ်...

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက(၃)ထောင်ကျော်ပျက်စီး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာ သွန်းပြီး မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၃,၄၄၉)ဧက ပျက်စီးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း၌ စိုက်ပျိုးပြီးမိုးစပါး (၁၉၁,၅၃၁)ဧကအနက် (၂၉,၃၄၉)ဧကမှာ...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသက အာမခံအလုပ်သမားများ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် လျှောက်လွှာများပေးပို့ရန်...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။ ငလျင်ဘေးခံစားခဲ့ရသည့်...

ယူကရိန်းစစ်ပွဲကနေ အမေရိကန်ကို ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့...

"ဒါဟာ ဘိုင်ဒင်ရဲ့စစ်ပွဲပဲ၊ ဒါကျွန်တော့်စစ်ပွဲမဟုတ်ဘူး။ အမေရိကန်ကို ဒီစစ်ပွဲကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်ဒီမှာရှိနေတာ" လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက...
HomeInternationalသန္တာကျောက်တန်းကာကွယ်ရေးအသိ မြှင့်တင်သည့်အနေဖြင့် ရေအောက်ဖျော်ဖြေပွဲပြုလုပ်

သန္တာကျောက်တန်းကာကွယ်ရေးအသိ မြှင့်တင်သည့်အနေဖြင့် ရေအောက်ဖျော်ဖြေပွဲပြုလုပ်

ဘစ်ဂ်ပိုင်းကီး၊ဇူလိုင် ၉

ဖလော်ရီဒါကီးစ်ကျွန်းစု၌ ဇူလိုင် ၈ ရက်တွင်သန္တာကျောက်တန်းများအား ကာကွယ်ရေးအသိကို မြှင့်တင်သည့်အ‌နေဖြင့်ပြုလုပ်သည့်ဖျော်ဖြေပွဲသို့ ရေငုပ်သမားများနှင့် ရာနှင့်ချီသော snorkel ကစားသမားများလာရောက်နားထောင်ခဲ့ကြကြောင်းသိရသည်။(Snorkel – ရေအောက်အသက်ရှူပိုက်အသုံးပြုပြီးယှဉ်ပြိုင်ရသည့်အားကစားတစ်မျိုး)

အဆိုပါရေအောက်ဖျော်ဖြေပွဲအား Florida Keys ကျွန်းစု၏အမျိုးသားအဏ္ဏဝါဘေးမဲ့တောဟုခေါ်ဆိုသည့် Looe Key Reef ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။၁၉၉၀ ပြည့်နှစ်ကစတင်တည်ထောင်ခဲ့သော အဆိုပါဘေးမဲ့တောသည် စတုရန်းမီတာ ၃,၈၀၀ ခန့်အားကာကွယ်ပေးထားသည်ဟုဆိုသည်။

ဖျော်ဖြေပွဲ၌ပါဝင်သူများသည် Looe Key ၏ ရောင်စုံအဏ္ဏဝါသက်ရှိများနှင့် သန္တာကျောက်တန်းများကြား တေးသီချင်းကိုနားဆင်ကြပြီး လှေပေါ်ရှိစက်ကိရိယာများနှင့်ရေစိုခံစပီကာများချိတ်ဆက်အသုံးပြုခဲ့ကြကြောင်းလည်းသိရသည်။

ယခုဖျော်ဖြေပွဲ၏အဓိကရည်ရွယ်ချက်မှာ သန္တာကျောက်တန်းများကာကွယ်ရေးအတွက်ဖြစ်သော်လည်း နားဆင်သူများအား ရေအောက်တေးဂီတဖျော်ဖြေရေးခံစားချက်အား အပြည့်အဝပေးနိုင်သည်ဟုလည်းဆိုထားပြီး ဖျော်ဖြေပွဲသည် လေးနာရီကျော်ကြာမြင့်သည်ဟုလည်းသိရသည်။

Source : AP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့်ပြည်နယ်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ‌ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ယမန်နေ့ ဩဂုတ် ၅ ရက်နေ့က တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်းလည်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO...

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက(၃)ထောင်ကျော်ပျက်စီး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာ သွန်းပြီး မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၃,၄၄၉)ဧက ပျက်စီးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း၌ စိုက်ပျိုးပြီးမိုးစပါး (၁၉၁,၅၃၁)ဧကအနက် (၂၉,၃၄၉)ဧကမှာ ရေကြီးရေလျှံမှုဖြစ်ပွားစဥ် ရေဖုံးလွှမ်းခဲ့ရာမှ ဩဂုတ် ၄ ရက်အထိ (၁၁,၄၃၆)ဧကရေပြန်ပေါ်ခဲ့ပြီး (၃,၄၄၉)ဧကမှာပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အချိန်မီပြန်လည်ကုစားထွန်ယက်စိုက် ပျိုးနိုင်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-က နှင့် ၁၂၀၈-ခ တို့တွင်...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသက အာမခံအလုပ်သမားများ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် လျှောက်လွှာများပေးပို့ရန် အသိပေး

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။ ငလျင်ဘေးခံစားခဲ့ရသည့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း ငလျင်ဘေးကျရောက်သည့် ဒေသများရှိ အာမခံအလုပ်သမားများကို မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသည်။ ထိုကြောင့် အာမခံအလုပ်သမားများအနေဖြင့် စက်တင်ဘာ(၆)ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန်လည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071