Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomeNewsLocal Newsသန့်ရှင်းကောင်းမွန်ပြီးလုံခြုံမှုအဆင့်အတန်းမြင့်မားသည့် ငွေစက္ကူများသုံးစွဲနိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိဟု...

သန့်ရှင်းကောင်းမွန်ပြီးလုံခြုံမှုအဆင့်အတန်းမြင့်မားသည့် ငွေစက္ကူများသုံးစွဲနိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံ၏ ပြည်တွင်းသုံးငွေစက္ကူများထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာအခြေအနေများ ဆွေးနွေးပွဲအား ဒီဇင်ဘာ ၂၇ ရက်ကကျင်းပရာ၌ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဒေါက်တာလင်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းသုံးငွေစက္ကူများ ကို တစ်ဦးတည်းထုတ်ဝေသူအဖြစ်ဆောင်ရွက်ခြင်းနှင့်စီမံခန့်ခွဲခြင်းတို့ကိုဆောင်ရွက်လျက်ရှိရာ သန့်ရှင်းကောင်းမွန်ပြီး လုံခြုံမှုအဆင့်အတန်းမြင့် မားသော ငွေစက္ကူများကိုင်တွယ်သုံးစွဲနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ပြည်တွင်းသုံးငွေစက္ကူများနှင့်ပတ်သက်၍ ငွေစက္ကူအတု/အစစ်ခွဲခြားစစ်ဆေးရန်၊ဟောင်းနွမ်းငွေစက္ကူများလျော့နည်းပပျောက်စေရန်တို့ကိုလည်း ဒေါက်တာလင်းအောင်က ဆွေးနွေးပြောကြားခဲ့သည်။

“ဒီနေ့ဆွေးနွေးချက်တွေ မိမိတို့ရဲ့လက်အောက်ဝန်ထမ်းတွေကို လက်ဆင့်ကမ်းဖြန့်ဝေပေးပြီး ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်”ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးစိုးနိုင်က ငွေစက္ကူအတုနှင့်ပတ်သက်၍ အတုပြုလုပ် ရောင်းဝယ်သူများအားဖမ်းဆီးရမိမှု၊ငွေစက္ကူအတုများရောင်းဝယ်ဖောက်ကားရန် လိမ်လည်မှု ပြု လုပ်သည်တို့အား စုံစမ်းစစ်ဆေးအရေးယူမှုကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှနိုင်ငံပိုင်ဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များက ပြည်သူများ၏ ပေးသွင်းငွေများအပေါ် စိစစ်ဆောင်ရွက်နေမှု၊ငွေစက္ကူအတုနှင့်ပတ်သက်၍ အသိပေးဆောင်ရွက်နေမှု၊ငွေစက္ကူအတု တွေ့ရှိပါက ငွေစက္ကူအတုနှင့်တကွ အချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့အပ်နှံဆောင်ရွက်နေမှု၊ ဗဟိုဘဏ်၏ညွှန်ကြားချက်များအတိုင်း လိုက် နာဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု အစိုးရစာတစ်‌ေစာင်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ နည်းပညာဝန်ကြီးဌာန တယ်လီကွန်းဌာန ဒုတိယအကြီးအကဲက မေလ ၂၁ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထားသော အဆိုပါ စာရွက်စာတမ်းတွင် တယ်လီဂရမ်ကို ပိတ်ပင်အရေးယူရန်နှင့် ဇွန်လ ၂ ရက်‌ေန့ကို နောက်ဆုံးထား၍ ဝန်ကြီးဌာနသို့ သတင်းပို့ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားသည်။ ဗီယက်နမ်နိုင်ငံတွင် တယ်လီဂရမ်၏ လုပ်ဆောင်ချက်များကို ဟန့်တားရန်အတွက်...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ကြီးနှင့် တပည့်သာဝကများက သွားရောက်လှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင် မန္တလေးမြို့သို့ ကြွရောက်တော်မူခြင်း ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တစ်တိုင်းလုံးရှိ ဆေးရုံများသို့ အောက်စီဂျင်စက် အလုံး (၁၀၀) လှူဒါန်းခြင်း၊ မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း (၁,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် Win Unity Hotel ရှေ့တွင်ငလျင်ဘေးသင့် မန္တလေးပြည်သူများသို့ (၂) ပြည်အိတ်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄% မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျ-က်စီးနေ

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ "ဂါဇာကမ်းမြှောင်ရှိ ဆေးရုံ ၃၆ ခုအနက် ၁၉ ခုသာ ဆက်လက်လည်ပတ်နေပြီး၊ ကျန်ရှိနေသေးသည့် လူနာများအတွက် အခြေခံစောင့်ရှောက်မှုပေးနေသည့် ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မှုများ၊ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု၊ လုံခြုံရေး မတည်ငြိမ်မှုများ နှင့် ‌ေ-သဆုံးဒဏ်ရာရသူများ တိုးပွားလာမှုတို့ကြောင့် ဝန်ထမ်းများသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071