မွန်ပြည်နယ်၊ သထုံမြို့ရှိ ရာဘာမှိုင်းခံရုံတွင် ယနေ့ အောက်တိုဘာ ၁၇ ရက်ညနေ ၄ နာရီ ၅၂ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် ပီတိနှလုံးသား(RESCUE)လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။
သထုံမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းတိုက်လမ်းရှိ ရာဘာမှိုင်းခံရုံတွင်မီးလေ-ာင်မှုဖြစ်ပွား၍ သထုံမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ပီတိနှလုံး သား(RESCUE)လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းဝင်များ၊ ပတ်ဝန်းကျင်နေသူများက ပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြသဖြင့် ည ၆ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
