မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်း ဇူလိုင်လနောက်ဆုံးပတ်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေစီးဆင်းကာ ဒုံသမိမြစ်ရေမြင့်တက်ခဲ့သဖြင့် မိုးစပါးစိုက်ဧက ၃၀၀၀၀ ကျော်ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ဒုံဝန်း မိုးကောင်း၊ဓနုကတိုက်၊ကတိုက်ကလေး၊တောကြီးကျေးရွာအုပ်စုများနှင့်ဒုံသမိမြစ်အနီးရှိ အောင်းစိုင်၊ဝင်းစိန်၊ကျောက်တန်းကျေးရွာအုပ်စုများအပါအဝင် ဆက်စပ်ကျေးရွာအုပ်စုများရှိ မိုးစပါးစိုက်ဧကများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ သထုံမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၃၁၈၂၅ ဧကရေနစ်မြုပ်လျက်ရှိသဖြင့် မိုးစပါးများပျက်စီးမှုအခြေအနေအား တာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်၍ ရေပြန်လည်ကျဆင်းသွားချိန်တွင် ပျက်စီးခဲ့သည့်နေရာများ၌ မိုးစပါးများအချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း၌ ၂၀၂၃ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ဧကပေါင်း ၁၃ဝဝဝဝ ကျော်ခန့် စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6244658144173209160_x.jpg)