ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားအသုံးပြုသွား လာလျက်ရှိသော ကုန်တင်ယာဥ်များနှင့် အဝေးပြေးခ ရီးသည်တင်(Express)ယာဥ်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်း သိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က Telematics စနစ်တပ်ဆင်ပြီးမှသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။
ထို့ကြောင့် Telematics စက်တပ်ဆင်/သက်တမ်းတိုးလိုသူများအနေဖြင့် ယာဉ်၏ တာယာပန်း၊ ဘရိတ်၊ ဆိုင်းထိန်းစနစ်(Suspension System)၊ ဟွန်း၊ ရှေ့မီး၊ နောက်မီး၊ ဘေးမီးနှင့် အချက်ပြမီးစနစ်များကောင်းမွန်ရန်လိုပြီး ယာဉ်၏ ကိုယ်ထည်နှင့် ဖရိန်များကြံ့ခိုင်၍ ကိုယ် ထည်ဆေးရောင်တောက်ပသစ်လွင်မှုရှိမှသာ စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ချက်များမပြည့်စုံပါက စက်တပ်ဆင်/သက်တမ်းတိုးပေးမည်မဟုတ်၍ ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှု/တောက်ပသစ်လွင်မှုကို အမြဲစစ်ဆေးပြုပြင်နေရမည်ဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်မှုအားနည်းသော အဝေးပြေးခရီးသည်တင် (Express)ယာဥ်များနှင့် ကုန်တင်ယာဥ်ကြီးများကြောင့် အမြန်လမ်းမကြီးပေါ်၌ 100km/hr နှုန်းဖြင့်မောင်းနှင်နေသောလူစီးယာဉ်ငယ်များ အနှောင့်အယှက်ဖြစ်ခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ရကြောင်း သိရသည်။
ထို့ကြောင့် မလိုလားအပ်သော ပြဿနာ/ထိခိုက်မှုများ မဖြစ်စေရန် ယာဥ်အားပုံမှန်စစ်ဆေးပြုပြင်ရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းဖြစ်သော အဝေးပြေးခရီးသည်တင်(Express)ယာဥ်ကြီးများ 90 km/hr၊ ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ 60km/hr နှုန်းအောက်၌သာမောင်းနှင်ရမည်ဖြစ် ကြောင်း သိရသည်။
