ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ရပ်နားထားခဲ့သည့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၂၂) ရက်မှစ၍ လုပ်င န်းများ ရာနှုန်းပြည့်ပြန်လည် လည်ပတ်နေပြီဖြစ် ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးလက်ကားဈေးကြီးဖြစ်သည့် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပွဲရုံပေါင်း ၄၀ဝ ကျော်၊ သယ်ယူပို့ဆောင်ရေး ဂိတ်ပေါင်း ၃၀ဝ ကျော်နှင့် အနယ်နယ် အရပ်ရပ်မှ ကုန်စည်များကို လက်ကားရောင်းချပေးနေခြင်းဖြစ် သည်။
ပြီးခဲ့သည့် သင်္ကြန်ပွဲတော်ကာလ အစိုးရရုံးပိတ်ရက်များအ တိုင်း ပိတ်ထားခဲ့သော်လည်း ယခုအခါ ပွဲရုံများ၊ ကုန်ကားဂိတ် များအားလုံး ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပြီး လက် ရှိဖြစ်ပေါ်နေသည့် ကုန်စည်ဈေးနှုန်းများကိုလည်း အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် စားဖိုဆောင်သီးနှံများ၊ ရေထွက်ကုန်များနှင့် ပဲမျိုးစုံတို့ကို လက်ကားရောင်းချပေးနေပြီး ဈေးကွက်များအနေနှင့် ရန်ကုန်ဈေးကွက်နှင့်နယ် ဈေးကွက်များသို့ လက်ကားတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။