ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအပေါ် စွဲဆိုခဲ့သော တော်ဝင်အသရေဖျက်မှုစွဲချက်အား ရာဇဝတ်မှုတရားရုံးကပယ်ချခဲ့သည့် စီရင်ချက်နှင့်ပတ်သက်၍ အယူခံဝင်ရန် ရှေ့နေချုပ်သည်ဖိအားပေးခံနေရသည်။
ပုဒ်မ ၁၁၂ အမှုနှင့်ပတ်သက်၍ ရာဇဝတ်တရားရုံးက သက်ဆင်ကို တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ စက္ကစမ် နီဆယ်ယောက်က ပြောကြားခဲ့သည်။ စီရင်ချက်ကို ပြန်လည်သုံးသပ်ရန်အတွက် အမှုတွင်တာဝန်ရှိသော အစိုးရရှေ့နေများသည် သက်သေထွက်ဆိုချက်များအပါအဝင် တရားရုံးစီရင်ချက် အပြည့်အစုံကို ပထမဦးစွာ ရယူသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
ယင်းအချက်အလက်များကိုသုံးသပ်ပြီးနောက် ရှေ့နေချုပ်ရုံး၏ အယူခံတရားပြိုင်ဌာနကိုတင်ပြကာ အကဲဖြတ်ချက်နှင့် ဥပဒေကြောင်းဆိုင်ရာထင်မြင်ချက်တို့ကို ရယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းနောက် စီရင်ချက်အပေါ် သဘောထားအမြင်ကို အမှုကိုကြီးကြပ်ရသည့် ဒုတိယရှေ့နေချုပ်ထံ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် သူသည် စီရင်ချက်ကို အယူခံဝင်မည် မဝင်ဘူး ဆိုသည်ကို ဆုံးဖြတ်နိုင်သည့် တစ်ဦးတည်းသော အခွင့်အာဏာရှိသူ ဖြစ်သည်။ သူက ရှေ့နေချုပ်ထံ ဆက်လက်တင်ပြသွားလိမ့်မည်ဖြစ်ကြောင်း မစ္စတာ စက္ကစမ်က ဆက်လက်ပြောကြားခဲ့သည်။
ရှေ့နေချုပ်အနေဖြင့် အယူခံဝင်မည် မဝင်ဘူး ကိုဆုံးဖြတ်ရန် စီရင်ချက်ချသည့်နေမှစ၍ ရက် ၃၀ အချိန်ရမည်ဖြစ်သည်။ လိုအပ်ပါက သတ်မှတ်ရက်ကို စံလုပ်ထုံးလုပ်နည်းများနှင့်အညီ ရက် ၃၀ ထပ်တိုးနိုင်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။
Ref:ဘန်ကောက်ပို့စ်
