ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအပေါ် စွဲဆိုထားသည့် တော်ဝင်အသရေဖျ-က်မှုစွဲချက်နှင့် ပတ်သက်၍ သြဂုတ်လ ၂၂ ရက်နေ့တွင် ထိုင်းတရားရုံးတစ်ရုံးက စီရင်ချက်ချသွားမှာဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
“တရားမျှတမှု ရရှိမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ရှေ့နေ ဝီညက် ချတ်မွန်ထရီက သတင်းထောက်များကို ပြောကြားခဲ့ပြီး သက်ဆင်သည် စီရင်ချက်ကို တက်ရောက်ကြားနာမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်က တောင်ကိုရီးယားမီဒီယာတစ်ခုနှင့် အင်တာဗျူးမှ ထွက်ပေါ်လာသော အမှုအတွက် အခြား တရားပြိုင်သက်သေနှစ်ဦးနှင့်အတူ ဗုဒ္ဓဟူးနေ့တွင် သက်ဆင်ကိုယ်တိုင် ရုံးတော်သို့ လျှောက်လဲထွက်ဆိုခဲ့သည်။
ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ ဖခင်ဖြစ်သော သက်ဆင်သည် ထိုင်းနိုင်ငံရေးတွင် သြဇာလွှမ်းမိုးနေဆဲဖြစ်သည်။
Ref: ယဟျူးနူးစ်
