Saturday, January 31, 2026

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...
HomeActivitiesသက်ကြီးလူရွှင်တော်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ဘောလုံးကန်ပြီးရန်ပုံငွေရှာဖွေကြမယ့်...

သက်ကြီးလူရွှင်တော်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ဘောလုံးကန်ပြီးရန်ပုံငွေရှာဖွေကြမယ့် အနုပညာရှင်များ

လူရွှင်တော်အသင်း (ရန်ကုန်) မှ ကြီးမှူးကျင်းပသည့် သက်ကြီး လူရွှင်တော်များအား ကူညီထောက်ပံ့ ရေးရန်ပုံငွေ ဘောလုံးပွဲကို ဝင်ကြေး အခမဲ့ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့ တွင် အောင်ဆန်းဘောလုံးအားကစား ကွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါဘောလုံးပွဲမှာတော့ အနု ပညာရှင်အမျိုးသမီးအသင်းဖြစ်တဲ့ ဘေဘီစတား FC ဘောလုံးအသင်း၊ သက်ကြီးသက်ငယ်အရွယ်စုံပါဝင် မယ့် အမျိုးသားလူရွှင်တော် FC ဘောလုံးအသင်းတို့က ယှဉ်ပြိုင်က စားကြမှာဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးပွဲကိုတော့ ညနေ ၃ နာရီမှာ စတင်ပြုလုပ်မှာဖြစ်ပြီး နေ့ လယ် ၁ နာရီမှာတော့ အဆိုတော် များက တေးသီချင်းများနဲ့ ဖျော်ဖြေ တင်ဆက်ကြမှာဖြစ်ပါတယ်။ ဒီဘော လုံးပွဲက သက်ကြီးလူရွှင်တော်ကြီး တွေကို ပူဇော်ကန်တော့နိုင်ဖို့အတွက် အလှူငွေများ ရရှိနိုင်ရေး ရည်ရွယ် ပြီး ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။

လူရွှင်တော်အသင်း (ရန်ကုန်)အနေနဲ့ သက်ကြီးလူရွှင်တော်ကြီးများ ကို အသက် ၆၅ နှစ်အထက် တစ်ဦးလျှင်ကျပ် ၅ သိန်းနဲ့ ကန်တော့ပစ္စည်းများလည်းပါ ဝင်ပါ တယ်။


“ဦးငြိမ်းချမ်းတို့ရဲ့ ဆရာ့ဆရာ ကြီးတွေကို ကန်တော့ရတာဖြစ်တဲ့ အတွက်ကြောင့် အတိုင်းအဆ မရှိ ဝမ်းသာပီတိဖြစ်မိပါတယ်။ သက်ကြီး လူရွှင်တော်ကြီးတွေကို ပူဇော်ကန် တော့ဖို့ ရန်ပုံငွေရှာတဲ့ပွဲဖြစ်တဲ့ အတွက် အလှူရှင်တွေများများလာပြီး တော့ လှူပေးကြပါလို့ ပြောချင်ပါ တယ်”လို့ လူရွှင်တော်ကြီး ငြိမ်းချမ်း က ပြောပါတယ်။ ရန်ပုံငွေဘောလုံးပွဲ မှာ ပါဝင်ကစားမယ့် လူရွှင်တော် ကောင်းကျော်ကလည်း “အစ်ကိုတို့ရဲ့ သင်ဆရာမြင်ဆရာ ကြားဆရာတွေ ကို တတ်စွမ်းတဲ့ဘက်ကနေ ပြန်ပြီး တော့ ထောက်ပံ့ဖို့ ကန်တော့ဖို့ အတွက် ကိုယ်တိုင်လုပ်အားနဲ့ ကိုယ် တိုင် အပင်ပန်းခံပြီး ပါဝင်ရတဲ့ အတွက် ပြောမပြတတ်အောင် ဝမ်း သာရပါတယ်” လို့ ပြောပါတယ်။ လူ ရွှင်တော်အသင်း(ရန်ကုန်)အနေနဲ့ သက်ကြီးပူဇော်ပွဲကို နှစ်စဉ်ပြုလုပ်နိုင် ရေးအတွက် ရန်ပုံငွေရှာရတဲ့အခါမှာ အခက်အခဲလေးတွေတော့ရှိလာ တယ်လို့ လူရွှင်တော်ပန်းသီးက ပြော ပြပါတယ်။


“တိုင်းပြည်ရဲ့ စီးပွားရေးတိုင်း ပြည်ရဲ့ အခြေအနေကြောင့် ကျွန် တော်တို့က ရန်ပုံငွေရှာရတာ အင်မ တန်ခက်တယ်။ ပြီးတော့ အခုလက်ရှိ အခြေအနေက ရေဘေးနဲ့ ကြုံတွေ့ နေရတဲ့ အခြေအနေဆိုတော့ ကျွန် တော်တို့ ပိုတောင်အားနာမိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကလည်း လူရွှင်တော် သက်ကြီးများအတွက် နှစ်စဉ်နှစ်တိုင်းလုပ်နေကျဆိုတော့ ဖြစ်နိုင်တဲ့နည်းနဲ့ ကျွန်တော်တို့ ကြိုး စားခဲ့ရတာပါ”လို့ ရန်ပုံငွေရှာဖွေရမှု ခက်ခဲလာရကြောင်းကို ပန်းသီးက ပြောပါတယ်။ လူရွှင်တော်သက်ကြီးပူဇော်ပွဲကိုတော့ ၁၉ ရက်နေ့မှာ ပြု လုပ်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။

သတင်း၊

ဓာတ်ပုံ-လင်းအက္ခရာ

Ads Space Available


Continue reading

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအားညှိနှိုင်းမှာကြားခဲ့သည်။ ရန်ကုန်လေဆိပ်၌ ပြည်ပမှဝင်ရောက်လာသည့် ခရီး သည်များအား သတ်မှတ်ထားသောလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးလျက်ရှိရာ ယခုအခါ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ အိန္ဒိယမှဝင်ရောက်လာသော ခရီးသည်များအား အဖျားရောဂါလက္ခဏာအပါအဝင် နီပါးရ်ဗိုင်းရပ်ရောဂါသံသယရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းစဉ်အ နေဖြင့် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ ခရီးသွားပြည်သူများအားအသိပေးချက် လက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများပြသထားခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လည်း လေဆိပ်ရှိအခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ တွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံသံအမတ်ကြီးများတွေ့ ဆုံ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General H.E. Mr. Nurlan Yermekbayev နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် SCO အဖွဲ့အစည်းကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးရန် ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာသံအမတ်ကြီးသည် ဇန်နဝါရီ ၂၆ ရက်က တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Jaime A. FlorCruz၊ ဇန်နဝါရီ ၂၉ ရက်က တရုတ်နိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E....

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071