Tuesday, June 30, 2026

FDA စိစစ်တွေ့ရှိသည့် Albutein ဆေးဝါးအတု...

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသည့် Albutein 20% Solution for IV Infusion ဆေးဝါးနှင့် အလားသဏ္ဌာန်တူ ဆေးဝါးအတုများ ဈေးကွက်အတွင်း ရောင်းချနေမှုကို စိစစ်တွေ့ရှိထားသဖြင့်...

တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီး...

တွန်းဇံမြို့နယ်တွင် ကျောင်းပေါင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာ ကျောင်းသားကျောင်းသူ၃၄၄၆ ဉီးတက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။ တွန်းဇံမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု”...

၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲကို...

မွန်ညီညွတ်ရေးပါတီ မော်လမြိုင်မြို့နယ်ရုံး ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုများ...

မွန်ညီညွတ်ရေးပါတီအား ကူညီအားဖြည့်ပေးခဲ့ကြသည့် မဲဆန္ဒရှင်များနှင့် ဒေသခံပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည် ရွယ်၍ မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးကို ဇွန် ၇...
HomeMoviesဝေးလံဒေသများရှိကျောင်းသားကျောင်းသူများ၏ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို...

ဝေးလံဒေသများရှိကျောင်းသားကျောင်းသူများ၏ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာမည်

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်းဖြင့် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ထုတ်လွှင့်မည့် စာစစ်ဌာနများတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ တနင်္သာရီ၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး (အရှေ့ပိုင်း) နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ စာစစ်ဌာနများ ပါဝင်သည့်အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအတွက် သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း တစ်ပါတည်း ထုတ်လွှင့်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်စာရင်းထုတ်လွှင့်မှုကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် လှိုင်းတို (၅၀.၇၁ မီတာ၊ ၅၉၁၅ ကီလိုဟက်ဇ်) နှင့် အောက်ပိုင်းဒေသများတွင် လှိုင်းလတ် (၄၁၁.၅၂ မီတာ၊ ၇၂၉ ကီလိုဟက်ဇ်) တို့မှ ဖမ်းယူနားဆင်နိုင်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

FDA စိစစ်တွေ့ရှိသည့် Albutein ဆေးဝါးအတု ဈေးကွက်အတွင်း ပျံ့နှံ့နေ၍ ဝယ်ယူသုံးစွဲခြင်းမပြုရန် အသိပေး

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသည့် Albutein 20% Solution for IV Infusion ဆေးဝါးနှင့် အလားသဏ္ဌာန်တူ ဆေးဝါးအတုများ ဈေးကွက်အတွင်း ရောင်းချနေမှုကို စိစစ်တွေ့ရှိထားသဖြင့် အများပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်လိုက်သည်။ FDA သည် အရည်အသွေးပြည့်ဝ၍ အာနိသင်ထက်မြက်ကာ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများကို ပြည်သူများ ဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်စေရေးအတွက် ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ဆေးဝါးအတု ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စိစစ်တွေ့ရှိရသည့် ဆေးဝါးမှာ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသော...

တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီး ကျောင်းသားကျောင်းသူ၃၄၄၆ ဉီး ပညာသင်ကြားနေ

တွန်းဇံမြို့နယ်တွင် ကျောင်းပေါင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာ ကျောင်းသားကျောင်းသူ၃၄၄၆ ဉီးတက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။ တွန်းဇံမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဇွန်လ ၂၇ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး (၁)ဦး၊ သင်ကြားရေး ဆရာ/မ(၃၀)ဦးနှင့် ပညာရေးဝန်ထမ်း (၅)ဦး၊ စုစုပေါင်းဝန်ထမ်း (၃၆)ဦးဖြင့် သင်ကြား ရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား/သူ (၂၆၁)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပရေးအတွက်...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဥ်ဖြင့် Short Video ပြိုင်ပွဲ ကျင်းပမည်

၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအား ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသအသီးသီး၏ သဘာဝအလှအပများကို Short Video များမှတစ်ဆင့် ဖော်ထုတ်တင်ဆက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်များအနေဖြင့် အသေးစိတ်စည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများနှင့် တင်သွင်းရမည့် အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိဌာန၏ ထုတ်ပြန်ချက်များအတိုင်း ဆက်လက်လေ့လာနိုင်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ ထူးခြားသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071