မော်စကို၊ဧပြီ ၈
အမေရိကန်သတင်းထောက် အက်ဗန်ဂါ့ရှ်ကိုးဗစ်ခ်ျအား သူလျှိုလုပ်မှုဖြင့် မော်စကိုက တရားဝင် စွဲချက်တင်ထားကြောင်း ရုရှားသတင်းအေဂျင်စီများကဖော်ပြခဲ့သော်လည်း ၎င်းကမူအဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်ဟုသိရသည်။
ဝေါစထရိဂျာနယ်သတင်းထောက် အက်ဗန်ဂါ့ရှ်ကိုးဗစ်ခ်ျဖမ်းဆီးခံရမှုအား ဝါရှင်တန်ရှိမီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များအပြင် အစိုးရအရာရှိများကလည်းပြစ်တင်ရှုံ့ချခဲ့သည်။
အက်ဗန်ဂါ့ရှ်ကမူ ရုရှား၏စွပ်စွဲချက်အားလုံးကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပြီး ၎င်းအနေဖြင့်ရုရှား၌ စာနယ်ဇင်းဆိုင်ရာလှုပ်ရှားမှုများ၌သာပါဝင်နေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အယ်လ်ဗန်ဂါ့ရှ်အဖမ်းခံရခြင်းကို မော်စကို၏ မီဒီယာများအပေါ် ဖိနှိပ်ဖြိုခွဲခြင်းပြင်းထန်လာမှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။
အက်ဗန်ဂါ့ရှ်အား ဖမ်းဆီးထားရာမှချက်ချင်းလွှတ်ပေးရန် အမေရိကန်သက်ဆိုင်ရာများဘက်မှတောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ရုရှားက ယခုကိစ္စနှင့်ပတ်သက်၍ မော်စကိုအား ဖိအားပေးရန်ကြိုးစားခြင်းသည် အဓိပ္ပာယ်မရှိကြောင်းသာတုံ့ပြန်ပြောကြားခဲ့သည်။
Source :AFP
