Tuesday, June 24, 2025

MNL League Cup 2025...

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ...

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင်...

AHA Centre မှလှူဒါန်းသည့် ယာယီစာသင် ကျောင်းဆောင်များဆောက်လုပ်ပြီးစီးမှုကို လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင် ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီရုံးအကြီးအ ကဲ Ms....
HomeCelebrities' Newsဝါကျွတ်မှာ မင်္ဂလာပွဲ ကျင်းပကြမယ့်...

ဝါကျွတ်မှာ မင်္ဂလာပွဲ ကျင်းပကြမယ့် ချစ်သူစုံတွဲတွေအတွက်ဂုဏ်ယူဝမ်းမြောက်ပါတယ်ပိုးကြာဖြူခင်

ဝါကျွတ်ပြီဆိုတာနဲ့ ချစ်သူစုံတွဲတွေအနေနဲ့ကတော့ ရင်ခုန်ကြည်နူး စရာကောင်းတဲ့ မင်္ဂလာပွဲကျင်းပဖို့ အတွက် ပြင်ဆင် နေကြတော့မှာပါပဲ။ဒါကြောင့် အနုပညာလောကမှာ လည်း ဘယ်သူတွေကတော့ ဒီနှစ်ဝါ ကျွတ်မှာ မင်္ဂလာပွဲကျင်းပကြလေမလဲ ဆိုပြီး ပရိသတ်တွေကလည်း ရင်ခုန်စောင့်မျှော်ကြလေ့ရှိပါတယ်။

ဆိုင်းမိုင်ရယ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့ မင်္ဂလာပွဲကျင်းပဖို့ကတော့ လိုပါသေးတယ် လို့ ပြောလာပါတယ်။ သူဟာ အသိမိတ်ဆွေတွေရဲ့ မင်္ဂလာပွဲတွေမှာတော့ သတို့သမီးအရံအဖြစ်လုပ်ပေးခဲ့တာ အကြိမ်ကြိမ်ရှိပြီလို့လည်းသိရပါတယ်။

”သတို့သမီးအရံ ၃ ခါလုပ်ရင် အပျိုကြီးဖြစ်တယ်တဲ့။ ညီမကတော့ ဘယ်နှခါမှန်းတောင် မသိတော့ပါဘူး။ ၁ဝ ခါလောက်တောင်ရှိ လောက်ပြီ။ ကိုယ်ကိုယ်တိုင်ကတော့ စွံဖို့က တော်တော်လေး ကိုလိုပါသေးတယ်လို့။ သူများ မင်္ဂလာဆောင် တွေမှာ ပန်းကြဲတာပဲဖြစ်ဖြစ် ညီမအနေနဲ့ အမြဲတမ်းကူညီပေးချင်ပါတယ်။ မင်္ဂလာပွဲဆိုတာ ချစ်သူနှစ်ယောက် ဘဝခရီး ကိုလျှောက်ဖို့အတွက် တကယ့်ကို မင်္ဂလာယူရတဲ့အချိန်ပေါ့ နော်။ ဒီလိုမင်္ဂလာယူရတဲ့အချိန်မှာညီမအနေနဲ့ သတို့သမီးအရံပဲဖြစ်ဖြစ် ပန်းကြဲပဲဖြစ်ဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ အပေါ် ညီမအနေနဲ့ တကယ်ကို ဝမ်းမြောက်မိပါတယ်”လို့ ပိုးကြာဖြူခင် ကပြောပြပါတယ်။ မင်္ဂလာပွဲတစ်ပွဲမှာသူပါဝင်ကူညီခွင့်ရပြီဆိုရင် ရင်တွေ တအားခုန်လေ့ရှိပြီး သူသာ တကယ် မင်္ဂလာဆောင်ရရင် ဘယ်လိုရင်ခုန်ရ မလဲဆိုတာ ကြိုတွေးပြီးလည်း ရင်ခုန် လေ့ရှိပါတယ်လို့ သူက ပြောပြပါတယ်။

”ဒီဝါကျွတ်မှာ မင်္ဂလာပွဲကျင်းပ ကြမယ့် ချစ်သူစုံတွဲတွေအတွက် တအားကို ဂုဏ်ယူပါတယ်။ ဝမ်းလည်း ဝမ်းမြောက်ပါတယ်။ အားလုံးပဲနှစ် ပေါင်းများစွာ သေတစ်ပန်သက်ဆုံး တကယ်ကို ချစ်ကြခင်ကြပြီးတော့ တည်မြဲတဲ့အိမ်ထောင်ရေးတွေဖြစ်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါ တယ်” လို့ ဝါကျွတ်မှာ မင်္ဂလာဆောင် ကြမယ့် စုံတွဲတွေအတွက် ပိုးကြာဖြူ ခင်က မင်္ဂလာဆုတောင်း စကားပြော ခဲ့ပါတယ်။ ပိုးကြာဖြူခင်က အခုလတ် တလောမှာတော့ ဇာတ်လမ်းတွဲ အသစ်ရိုက်ကူးလျက်ရှိနေပါတယ်။

ဒါ့အပြင်သူဟာ သူချစ်တဲ့ပရိသတ်တွေ အတွက်ကိုလည်း အနုပညာနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးသွားမယ်လို့ ပြောခဲ့သလို ပရိသတ်တွေအနေနဲ့ လည်း သူ့ရဲ့ ကြိုးစားမှုတွေအပေါ် အားပေးကြဦးလို့လည်း စကားဆိုခဲ့ပါတယ်။ ပရိသတ်တွေက သူ့ကို ပိုးကြာဖြူခင် နာမည်ထက် ဆိုင်းမိုင်လို့ ခေါ်ပေးကြတဲ့အတွက်လည်း သူ့အနေနဲ့ သူ့ ကြိုးစားခဲ့တဲ့ ဇာတ်ရုပ်တစ်ခုအပေါ် အသိအမှတ်ပြုခံရတယ်ဆိုတဲ့ ပီတိမျိုးခံစားရပါတယ်လို့ ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲစဉ်အတွင်း တစ်ဖက်(၁)ဂိုးစီဖြင့် သရေကစားခဲ့ရာမှ ဒုတိယပိုင်းပွဲချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ကျောနံပါတ်(၂၈) သာယာဝင်းထက်က သွင်းယူပေးခဲ့သလို ဒုတိယဂိုးကို ကျောနံပါတ်(၁) ကောင်းစည်သူနှင့် တတိယဂိုးကို ကျောနံပါတ်(၂၇) အီစိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန်လ (၂၄)ရက် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့်...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်ရှိပြီဖြစ်ကာ၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ယ‌နေ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့် ရှောက်မှုပေးနေခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကသွား ရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် ရောင်းချပေးမည်ဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ယခု ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၉၅ သန်းကို ထုတ်ရောင်းပေးခဲ့ပြီး ယခုတစ်ကြိမ်အပါအဝင် ဇွန်တစ်လလုံးအတွက် ဒေါ်လာ ၁၂၅ သန်းရောင်းချပေးထားကြောင်း သိရသည်။ ယခုဇွန်လအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အတတ်အကျပုံမှန်မရှိကြောင်း၊ ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးတတ်ချိန်တွင် လုပ်ငန်းရှင်များအတွက်လိုအပ်သည့် ဒေါ်လာများကို ထုတ်ရောင်းပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071