Thursday, July 30, 2026

သရက်သီးစိုက်ပျိုးရေး နည်းပညာသင်တန်း အခမဲ့လျှောက်လွှာခေါ်ယူ

မန္တလေး၊ ဇူလိုင် ၃၀မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး...

ငလျင်အန္တရာယ် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp...

ရန်ကုန်၊ ဇူလိုင် ၃၀ ငလျင်ဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် မှန်ကန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ Earthquake Bootcamp 2026 ကို မြန်မာနိုင်ငံ...

ဗဟိုဘဏ်က CMP ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ...

ရန်ကုန်၊ ဇူလိုင် ၃၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ သုံးသိန်းကျော်(၃၀၄,၄၂၆.၄၃ )ကို CMP ကုမ္ပဏီများသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း...

မြန်မာ-တရုတ် ညီအစ်မတက္ကသိုလ်များ ထူထောင်ရေး၊ ပညာတော်သင်ဆုများ...

နေပြည်တော်၊ ဇူလိုင် ၃၀ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်နေသည့်...
HomeNewsLocal Newsဝန်အပြည့်တင်ဆောင်ထားစဉ် ၂၄ နာရီ...

ဝန်အပြည့်တင်ဆောင်ထားစဉ် ၂၄ နာရီ မနားတမ်းပျံသန်းနိုင်သည့် TP200 ဒရုန်းကို တရုတ် အောင်မြင်စွာ စမ်းသပ်ပျံသန်း

ပေကျင်း၊ ဇူလိုင် ၂၈

တရုတ်နိုင်ငံက အရပ်ဘက်အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပထမဆုံး တန်ချိန်အဆင့် ဝေးလံခရီးသွား မောင်းသူမဲ့လေယာဉ် (UAV) TP200 ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း တရုတ်မီဒီယာများက ဇူလိုင် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

Yitong UAV System က တီထွင်ထုတ်လုပ်သည့် TP200 သည် တရုတ်နိုင်ငံ၏ လေကြောင်းပျံသန်းမှု အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး ပင်လယ်ပြင်ကင်းလှည့်ခြင်း၊ ကျွန်းများသို့ ထောက်ပံ့ပစ္စည်းပို့ဆောင်ခြင်း၊ မြေတိုင်းတာရေးနှင့် အခြားအရပ်ဘက်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

တရုတ်၏ Science and Technology Daily သတင်းစာ၏ ဖော်ပြချက်အရ TP200 သည် ဝန်အပြည့်တင်ဆောင်ထားသည့်အခြေအနေတွင် ၂၄ နာရီဆက်တိုက် ပျံသန်းနိုင်ပြီး ကီလိုမီတာ ၃,၀၀၀ အထိ ပျံသန်းနိုင်စွမ်း ရှိသည်။

ထို့ပြင် အဆိုပါဒရုန်းကို ပင်လယ်ပြင်ကင်းလှည့်ခြင်း၊ ကမ်းလွန်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေး၊ ဝေးလံခေါင်ဖျားသော တောင်တန်းနှင့် ကျွန်းဒေသများသို့ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရေးတို့တွင် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။

TP200 သည် အစိတ်အပိုင်းများကို လိုအပ်သလို လဲလှယ်တပ်ဆင်နိုင်သည့် ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသဖြင့် မိုးခေါင်ရေရှားမှု စောင့်ကြည့်ရေး၊ တောမီးနှင့် မြက်ခင်းပြင်မီးလေ-ာင်မှု ငြှိမ်းသတ်ရေး၊ မြေပုံရေးဆွဲခြင်း၊ သစ်တောနှင့် ဂေဟစနစ်တိုင်းတာရေးလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ TP200 သည် အမြင့် ၇,၆၀၀ မီတာအထိ ပျံသန်းနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ ဖြစ်သည်။ လောင်စာဆီအသုံးပြု အဆိုပါ မောင်းသူမဲ့လေယာဉ်တွင် တည်ငြိမ်စွာ ပျံသန်းနိုင်စေရန် လေစုတ်ပေါက်များ၊ အမြီးပိုင်းပရိုပယ်လာနှင့် ဒေါင်လိုက်တည်ငြိမ်ထိန်းစက်များကို တပ်ဆင်ထားကြောင်း သိရသည်။

Ref: South China Morning Post

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သရက်သီးစိုက်ပျိုးရေး နည်းပညာသင်တန်း အခမဲ့လျှောက်လွှာခေါ်ယူ

မန္တလေး၊ ဇူလိုင် ၃၀မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (DHCC) တို့ ပူးပေါင်းဖွင့်လှစ်မည့် သရက်သီးစိုက်ပျိုးရေး နည်းပညာသင်တန်းအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါသင်တန်းကို သင်တန်းကြေး အခမဲ့ဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်မှ ၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ...

ငလျင်အန္တရာယ် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လအတွင်း ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၃၀ ငလျင်ဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် မှန်ကန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ Earthquake Bootcamp 2026 ကို မြန်မာနိုင်ငံ ငလျင်ကော်မတီက ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Bootcamp ကို ဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံ ငလျင်ကော်မတီ (မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်) ၌ ကျင်းပမည်ဖြစ်သည်။ သင်တန်းတွင် ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံအသိပညာများ၊ ဘေးအန္တရာယ်လျော့ပါးရေး...

ဗဟိုဘဏ်က CMP ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် ရောင်းချ

ရန်ကုန်၊ ဇူလိုင် ၃၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ သုံးသိန်းကျော်(၃၀၄,၄၂၆.၄၃ )ကို CMP ကုမ္ပဏီများသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် FX Trading တွင် သွင်းကုန်ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ရာ ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၁၇ ရာခိုင်နှုန်း၊ စက်သုံးဆီကဏ္ဍမှ ၁၆ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာကဏ္ဍမှ ၁၄ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးကုန်စည်ကဏ္ဍမှ ၁၀ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၉ ရာခိုင်နှုန်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071