အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဝန်ကြီးဌာနများ၏ ဒုတိယဝန်ကြီးများကို ယနေ့ ဇူလိုင်လ (၃၁) ရက် ရက်စွဲဖြင့် ခန့်အပ်ကြောင်း အမိန့်ထုတ်ပြန် ကြေညာထား သည်။
အဆိုပါ အမိန့်အရ ဦးခင်လတ်အား အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ ဦးထင်ကျော်သူအားနိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၃) ၊ ဦးအောင်ကျော်ထွန်းအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဦးအောင်မြိုင်အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ဗိုလ်ချုပ် ကိုလေးအား ကာကွယ်ရေးဝန်ကြီးဌာန ၊ဗိုလ်ချုပ် အောင်ကျော်ကျော်အား ပြည်ထဲရေးဝန်ကြီးဌာန ၊ဒေါ်သန်းသန်းလ င်း အား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၊ဦးနိုင်မင်းကျော်အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးကိုကိုကျော်အား နိုင်ငံ ခြားရေးဝန်ကြီးဌာန တို့တွင် ခန့်အပ် တာဝန်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ် ဖြိုးသန့်အား နယ်စပ်ရေးရာဝန်ကြီးဌာန ၊ဦးဟန်ဝင်းအောင် အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဦးရဲတင့်အား ပြန်ကြားရေးဝန် ကြီးဌာန ၊ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ပြန်ကြားရေးဝန်ကြီးဌာန ၊ ဦးအေးထွန်းအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာန ၊ဒေါ်နုမြဇံ အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ၊ဒေါက်တာ အောင်ကြီးအား စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒေါက်တာ တင်ထွဋ် အား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဦး ဗိုလ်ဗိုလ်ကျော် အား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဦးမင်းသူအား သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဌာန ၊ ဦးအေးကျော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများအဖြစ် ခန့်အပ်ထားသ ည်။
အလားတူ ဦးသန့်စင်အား စွမ်းအင်ဝန်ကြီးဌာန ၊ ဦးဌေးလှိုင်အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၊ ဦးဝင်းရှိန်အား အလုပ်သမားဝန်ကြီးဌာန ၊ ဦးမင်းမင်းအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဦးကျော်ရွှေထွန်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒေါက်တာဇော်မြင့် အား ပညာရေးဝန်ကြီးဌာန ၊ဦးနေမျိုးလှိုင်အား ပညာရေးဝန်ကြီးဌာန ၊ ဒေါက်တာ အောင်ဇေ ယျအား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၊ ဒေါက်တာ အေးထွန်း အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ဦးဇင်မင်းထက်အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ဦးထိန်လင်း အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
(၃၂) ဦးမျိုးမြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒေါက်တာ သန်းစိုးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ၊ ဦးဖြိုးဇော်စိုးအား ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာန နှင့် ဦးဇော်အေးမောင် တိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး များအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
အချို့ ဒုဝန်ကြီးများမှာ အသစ်ဖြစ်ပြီး အများစုမှာ ယခင် နစကအစိုးရ ဒုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူများဖြစ်သည်။
