မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းဝင်ရောက်မှုကြောင့် လှိုင်းဘွဲ့မြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော (က)ရပ်ကွက်နှင့် (ခ)ရပ် ကွက်တို့မှ နေအိမ်များအတွင်းသို့ ဇူလိုင် ၁၂ ရက်နေ့လည်ပိုင်းမှစတင်ကာ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရေဝင်ရောက်မှုဖြစ်ပေါ်နေသည့် နေအိမ်များ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ လှိုင်းဘွဲမြို့နယ်အတွင်း သံလွင်မြစ် ရေကြီးရေလျှံခြင်း၊ လှိုင်းဘွဲချောင်းနှင့် မဲပချောင်းအတွင်းသို့ တောင်ကျရေများ စီးဝင်မှုတို့ကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှရေဘေးသင့်သူများအားကူညီမှုများပြုလုပ်နိုင်ရန် တာဝန်ရှိသူများက ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၁၆)ခုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ် ဆယ်ရေးစခန်းများ၌ရောက်ရှိနေသော ရေဘေးသင့်သူများ စားသောက်နေထိုင်မှုအဆင်ပြေစေရေးနှင့်ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။






