ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်မှဆောင်ရွက်လျက်ရှိရာ ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်တံတားအောက်ပန်းခြံရှိ လှိုင်မြစ်အတွင်းစီးဝင်သည့်မြစ်ထွက်ပေါက်ရေစီးရေလာအခြေအနေနှင့်ဗိုလ်အောင်ကျော်လမ်းဖြတ်အင်းဂလိုင်ချောင်းရေစီးရေလာအခြေအနေတို့ကိုကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် ချောင်းတစ်လျှောက် အမှိုက်များဆယ်ယူရှင်းလင်းရန် မှာကြားခဲ့သည်။
ထို့ပြင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အ မှတ်(၁၈)ရပ်ကွက်၊ ဆရာစံလမ်းနှင့်အောင်ဆန်းသူရိယလမ်းထောင့်ရှိမြေနေရာအား သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်ရန်၊ ဗိုလ်အောင်ကျော်လမ်းရှိမြေသားမိုးရေစုကန်အား အများပြည်သူသောက်သုံးရေအလွယ်တကူရရှိရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ဆရာစံလမ်းဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့်ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ရန်၊ ရေကန်ဝန်းကျင်ရှိချုံနွယ်များရှင်းလင်းရန်တို့ကိုမှာကြားကာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဧရာဝတီလမ်းသန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် စက်ယန္တရားများဖြင့်ဆောင်ရွက်နေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။