ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၅ ရက်ညနေ ၄ နာရီကျော်ခန့်က ခရီးသည်တင် Mini Bus ကားဘရိတ်ပေါက်တိမ်းမှေ-ာက်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)ထံမှ သိရသည်။
လှည်းကူးမြို့နယ်ရှိ လှည်းကူးတိုးဂိတ်အနီး၌ ရန်ကုန်- ကျိုက်ထိုပြေးဆွဲပေးနေသည့် ခရီးသည်တင် Mini Bus ကားသည် ဘရိတ်ပေါက်သွားကာ လမ်းဘယ်ဘက်ခြမ်းရှိ ပလက်ဖောင်းနှင့် လမ်းဘေးကာရံထားသည့်တန်းများအားကျော်ပြီး မြေသားလမ်းပေါ်တွင်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် လိုက်ပါလာသူများအနက် (၄)ဦးတွင်ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
