လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌဦးခင်ရီ ဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၉ နာရီမှ ည နေ ၄ နာရီအထိ နေပြည်တော်ရှိ USDP ပါတီရုံးချုပ်၌ ကျင်းပခဲ့သည်။
ပါတီဥက္ကဋ္ဌဦးခင်ရီမှ လမ်းညွှန်အမှာစကားပြောကြားပြီး ပါတီအထွေထွေအတွင်းရေးမှူးဦးသောင်းအေးမှ “လွှတ်တော်အတွေ့အကြုံနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ”၊ ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့်မှ “လွှတ်တော်အတွေ့အကြုံနှင့် မေးခွန်းမေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်များ”ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့ပြင် ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမှ “လွှတ်တော်အတွေ့အကြုံနှင့် အဆိုတင်သွင်းခြင်းဆိုင် ရာကိစ္စရပ်များ”၊ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းမှ “လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ”၊ ဗဟိုကော် မတီဝင်ဦးသိန်းထွန်းဦးမှ “ဥပဒေကြမ်းပူးပေါင်းကော်မတီဆိုင်ရာကိစ္စရပ်များ”ကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။
