KNPP ၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များထိန်း ချုပ်ထားသည့် မိုးဗြဲမြို့နှင့် ဝါရီကောခူကျေးရွာနှင့် ဆောင်ကန်း(ကယား)ကျေးရွာတို့အား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ကုန်စည်စီးဆင်းမှုတွင်အရေးပါသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းအားပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိုင်ကော်မြို့ဒေသခံများသည် ဟိုပုံး၊ တောင်ကြီးမြို့နှင့် အောင် ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံ့သို့နှစ်သက်ရာ၊ သင့်ရာဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် လွိုင်ကော်မြို့သို့ ကုန်စည်စီးဝင်၊ စီးထွက်မှုများလည်း ပိုမိုလွယ်ကူလျင်မြန်လာသဖြင့် လွိုင်ကော်မြို့နှင့် လက်ရှိစစ်ဘေးသင့် မြို့/ရွာများတွင်နေထိုင်သူများ၏ အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီး မြင့်မှုတို့လည်း အထိုက်အလျောက်သက်သာစေမည်ဟုယူဆရသည်။
မိုးဗြဲမြို့၊ ဝါရီကောခူကျေးရွာနှင့် ဆောင်ကန်း(ကယား)ကျေးရွာတို့တွင် ခြေကုတ်ယူထားသော KNPP ၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များအား ရှင်းလင်းမှုများပြုလုပ်စဥ် ယင်း အဖွဲ့ဝင်များဘက်မှ (၃)ဦးေ-သဆုံးခဲ့ပြီး လက်နက်ငယ်မျိုးစုံ(၁၅) လက်နှင့် ဆက်သွယ်ရေးနှင့်ဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးအဖွဲ့၏ အရာရှိ၊ စစ် သည်အချို့ကျဆုံး၊ ဒ-ဏ်ရာရရှိမှုအနည်းငယ်ရှိခဲ့ကြောင်း သိရသည်။


