ကယားပြည်နယ်အတွင်းက တိုက်ပွဲများအတွင်း ထိခိုက်ပျက်ဆီးခဲ့သည့် လွိုင်ကော်မြို့ရှိ မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်အသင်းတော် ဘုရားရှိခိုးကျောင်း နှင့် ခန်းမဆောင်ကို ပြန် လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပြီး ဆက်ကပ်အပ်နှံခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းကို ယမန်နေ့ အောက်တိုဘာ(၄)ရက်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပ်နှံခြင်း အခမ်းနားကို ကယားပြည်နယ် ဝန်ကြီးချုပ် အစိုးရအဖွဲ့ နှင့် သိက္ခာတော်ရ ဆရာတော်ကြီးများနှင့် အသင်းသူအသင်းများ ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်အသင်းတော် ဘုရားရှိခိုကျောင်း ၊ခန်းမဆောင်၊ အသင်းတော် အနေဖြင့် ပြည်သူများအတွက် အထူးဆပ်ကပ်ဆုတောင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း လည်း သိရသည်။
