Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal Newsလွတ်လပ်ပြီးတရားမျှတသည့် တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့်...

လွတ်လပ်ပြီးတရားမျှတသည့် တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမည်ဟု UECဥက္ကဋ္ဌပြောကြား

(Unicode)

လွတ်လပ်ပြီးတရားမျှတသည့် တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမည်ဟု UECဥက္ကဋ္ဌပြောကြား

လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး PR စနစ်အတွက် ကိုက်ညီမည့်ဥပဒေများ ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲများ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက ပြောကြားသည်။

အမှတ် ( ၃ ) စစ်ကြောရေးနှင့် တည်းခိုရေးတပ် ( ရွာတော် )၊ ဆင်ဖြူရှင် ခန်းမ၌ ဇန်နဝါရီ၁၀ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန် ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် ( ၁ / ၂၀၂၂ ) သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက လာမည့်ရွေးကောက်ပွဲကိုကျင်းပရာတွင် ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဘက်လိုက်မှုကင်းရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်းအား ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်၍ ဥပဒေ ၊ နည်းဥပဒေများကို မဖြစ်မနေ သိရှိကျွမ်းကျင်နေအောင် လေ့လာထားကြရမှာဖြစ်ကြောင်း ဝန်ထမ်းများအား မှာကြားခဲ့သည်။

ဦးသိန်းစိုးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို ကျင်းပရာမှာ လွတ်လပ်ပြီး၊ တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်ရန် လိုအပ်သည့်အားလျော်စွာ ဝန်ထမ်းများအနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့်နိုင်ငံရေးပါတီများအားလုံးအပေါ် ဘက်လိုက်မှုကင်းပြီး တရားမျှတမှုရှိရန် လိုအပ်ကြောင်း၊ ပါတီတစ်ခုတည်းအပေါ်အစွဲအလမ်းရှိပါက ဘက်လိုက်ခြင်း၊ မမျှတခြင်းများ ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ပို၍လိုအပ်ကြောင်း၊ ဘက်လိုက်မှုကင်းဖို့ အလေးအနက်ထား လိုက်နာကြရန် အထူးမှာကြားလိုကြောင်း၊ မဖြစ်မနေလိုက်နာရန်လိုအပ်သည့် နောက်ဥပဒေတစ်ခုမှာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို သေချာဖတ်ရှုလေ့လာပြီး နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနှင့်သာမက နိုင်ငံသားတစ်ယောက်အနေနှင့်ပါ လိုက်နာဆောင်ရွက်ကြရန်လည်း ဝန်ထမ်းများအား မှာကြားခဲ့သေးသည်။

(Zawgyi)

လြတ္လပ္ၿပီးတရားမွ်တသည့္ တစ္နည္းအားျဖင့္ ဘက္လိုက္မႈမရွိသည့္ သန႔္ရွင္းေသာေ႐ြးေကာက္ပြဲျဖစ္ေအာင္ ေဆာင္႐ြက္သြားမည္ဟု UECဥကၠ႒ေျပာၾကား

လာမည့္ေ႐ြးေကာက္ပြဲကို ယခင္ေ႐ြးေကာက္ပြဲမ်ားတြင္ က်င့္သုံးခဲ့သည့္ မဲမ်ားသူအႏိုင္ရ (FPTP) စနစ္အစား အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) ကို ေျပာင္းလဲက်င့္သုံးႏိုင္ေရးအတြက္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေဆြးေႏြးေဆာင္႐ြက္လ်က္ရွိၿပီး PR စနစ္အတြက္ ကိုက္ညီမည့္ဥပေဒမ်ား ၊ နည္းဥပေဒမ်ား၊ လုပ္ငန္းလမ္းၫႊန္မ်ား၊ လက္စြဲမ်ား ျပင္ဆင္ေရးကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ဦးသိန္းစိုးက ေျပာၾကားသည္။

အမွတ္ ( ၃ ) စစ္ေၾကာေရးႏွင့္ တည္းခိုေရးတပ္ ( ႐ြာေတာ္ )၊ ဆင္ျဖဴရွင္ ခန္းမ၌ ဇန္နဝါရီ၁၀ရက္ေန႔က က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးအဆင့္ဆင့္တို႔တြင္ တာဝန္ ထမ္းေဆာင္မည့္ အမႈထမ္း(ဒုတိယဦးစီးမႉး)မ်ား လုပ္ငန္းခြင္အႀကိဳ စြမ္းရည္ျမႇင့္သင္တန္းအမွတ္စဥ္ ( ၁ / ၂၀၂၂ ) သင္တန္းဖြင့္ပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ဦးသိန္းစိုးက လာမည့္ေ႐ြးေကာက္ပြဲကိုက်င္းပရာတြင္ ေကာ္မရွင္အေနျဖင့္ လြတ္လပ္ၿပီးတရားမွ်တသည့္ တစ္နည္းအားျဖင့္ ဘက္လိုက္မႈမရွိသည့္ သန႔္ရွင္းေသာေ႐ြးေကာက္ပြဲျဖစ္ေအာင္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ ဘက္လိုက္မႈကင္းရန္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္တိုင္းအား ဥပေဒႏွင့္အညီ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ သို႔ျဖစ္၍ ဥပေဒ ၊ နည္းဥပေဒမ်ားကို မျဖစ္မေန သိရွိကြၽမ္းက်င္ေနေအာင္ ေလ့လာထားၾကရမွာျဖစ္ေၾကာင္း ဝန္ထမ္းမ်ားအား မွာၾကားခဲ့သည္။

ဦးသိန္းစိုးက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲမ်ားကို က်င္းပရာမွာ လြတ္လပ္ၿပီး၊ တရားမွ်တသည့္ ေ႐ြးေကာက္ပြဲမ်ားျဖစ္ရန္ လိုအပ္သည့္အားေလ်ာ္စြာ ဝန္ထမ္းမ်ားအေနျဖင့္လည္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ႏိုင္ငံေရးပါတီမ်ားအားလုံးအေပၚ ဘက္လိုက္မႈကင္းၿပီး တရားမွ်တမႈရွိရန္ လိုအပ္ေၾကာင္း၊ ပါတီတစ္ခုတည္းအေပၚအစြဲအလမ္းရွိပါက ဘက္လိုက္ျခင္း၊ မမွ်တျခင္းမ်ား ရွိလာႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တြင္ တာဝန္ထမ္းေဆာင္ၾကမည့္ဝန္ထမ္းမ်ားအေနျဖင့္ ပါတီႏိုင္ငံေရးကင္းရွင္းရန္ ပို၍လိုအပ္ေၾကာင္း၊ ဘက္လိုက္မႈကင္းဖို႔ အေလးအနက္ထား လိုက္နာၾကရန္ အထူးမွာၾကားလိုေၾကာင္း၊ မျဖစ္မေနလိုက္နာရန္လိုအပ္သည့္ ေနာက္ဥပေဒတစ္ခုမွာ ျမန္မာႏိုင္ငံအစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒကို ေသခ်ာဖတ္ရႈေလ့လာၿပီး ႏိုင္ငံ့ဝန္ထမ္းတစ္ေယာက္အေနႏွင့္သာမက ႏိုင္ငံသားတစ္ေယာက္အေနႏွင့္ပါ လိုက္နာေဆာင္႐ြက္ၾကရန္လည္း ဝန္ထမ္းမ်ားအား မွာၾကားခဲ့ေသးသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071