Thursday, August 14, 2025

၀န်ကြီးဟောင်း၏သားအသတ်ခံရမှုကိုပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်– အန်ဝါ

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်ကကုန်တိုက်ကားပါကင်တွင် သားဖြစ်သူသည်ဆေးထိုး၍ အသတ်ခံခဲ့ရကြောင်း အစိုးရဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ရာဖီဇီ ရမ်လီက ပြောကြားခဲ့သဖြင့် အဆိုပါဖြစ်ရပ်ကို ပွင့်လင်းမြင်သာစွာနှင့်လျင်မြန်စွာစစ်ဆေးဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်က...

အင်းလေးကန် ရေမြင့်တက်လာသည့် အခြေအနေ စောင့်ကြည့်နေရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် အင်းလေးကန်ရေ အနည်းငယ်မြင့်တက်နေပြီး ထပ်မံမြင့်တက်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေကြောင်း ရှမ်းတောင်ပရဟိတအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများ‌နေသည့်အတွက် အင်းလေးကန်အတွင်းသို့...

မြဝတီမြို့တွင် စက်သုံးဆီ ပြတ်လပ်‌လာကာ စက်သုံးဆီဆိုင်အချို့...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာခြင်းကြောင့် စက်သုံးဆီဆိုင်အချို့ပိတ်ထားရပြီး ဆီလက်ကျန်ရှိသည့် ဆိုင်များတွင်သာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ မြို့တွင်းဆိုင်အချို့မှာ ယမန်နေ့ ညနေပိုင်းအချိန်ခန့်မှစတင်၍ ပိတ်ထားရခြင်းဖြစ်ပြီး...

ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်းနှင့် ဦးကုလား မဟာရာဇဝင်ကြီးစာအုပ်များလှူဒါန်း

ဒေလီက္ကသိုလ်၌တက်ရောက်နေသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ(မိသားစု)မှ ပဋိကသုံးပုံပါဠိတော်(မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း(၅၃)ကျမ်း၊ ဦးကုလား...
HomeArticlesလွတ်လပ်ရေးရစ ရန်ကုန် ၆

လွတ်လပ်ရေးရစ ရန်ကုန် ၆

PPP

ရန်ကုန်က ဘတ်စ်ကားလိုင်း များမှာ ထိုစဉ်က ရုပ်ပုံအမျိုးမျိုးကို လိုင်းအလိုက် အမှတ်တံဆိပ်အဖြစ် အသုံးပြုပါသည်။ နောက်မှ ” အမှတ်၁ ကားလိုင်း၊ အမှတ်၈ကားလိုင်း” စသည်ဖြင့် နံပါတ်များသုံး ခြင်းဖြစ်သည်။ ကျွန်တော်မှတ်မိသလောက် တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်သွားသော ဘတ်စ်ကားများမှာ နဂါးတံဆိပ်ဖြစ်သည်။ “နဂါးကား” ဟု ခေါ် ကြသည်။

ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်သွားသော ဘတ်စ်ကားများမှာ “ဆင်ဖြူ”၊ “ဆင်မည်း” တံဆိပ်များဖြစ်သည်။ ရန်ကုန်မြို့ထဲမှာ ကျတော့ “လခြမ်းတံဆိပ်” ၊ “ယုန်တံဆိပ်” ၊ “ရထားတံဆိပ်” စသည်ဖြင့် အမျိုးမျိုးရှိသည်။ ထောက်ကြန့်ဘက်သွားသောကားများမှာ ကြံ့တံဆိပ် ဖြစ်သည်။ မှတ်မိသလောက် ဖော်ပြ ခြင်းဖြစ်ပါသည်။ အမှတ်တံဆိပ် အားလုံးကိုတော့ မမှတ်မိတော့ပါ။ ကာတွန်းကလေးတစ်ခုကိုတော့ ဆက်စပ်သတိရသည်။ ချစ်သူ ၂ယောက်စကားပြောနေကြရာ ယောက်ျားကလေးက “ယုံပါမေရယ်” ဟု ပြောသည်ကို မိန်းကလေးက “ယုန်မဟုတ်ပါဘူးမောင်ရယ်၊ လခြမ်းပါ” ဟု ပြန်ပြောသည့် ကာတွန်းဖြစ်သည်။ ဘတ်စ်ကား အမှတ်တံဆိပ်များ အကြောင်းသိ မထားလျှင် ထိုစကား၏ အဓိပ္ပာယ်ကို သိမည်မဟုတ်ပါ။

ရုပ်ပုံတံဆိပ်များသုံးသည့်စနစ် မှ နံပါတ်သုံးသည့်စနစ်သို့ ပြောင်း လိုက်သည့် အချိန်ကစပြီး နေ့စဉ် ဘတ်စ်ကားစီးပြီး ကျောင်းတက်ရ သည့်အတွက် ကောင်းစွာ သိမှီလိုက် ပါသည်။ နဂါးတံဆိပ်က နံပါတ် ၇ ဖြစ်သွားသည်။အင်းစိန်လမ်း တစ်လျှောက်မှာက နံပါတ်၈ကားများ၊ ပြည်လမ်းတစ်လျှောက်မှာက နံပါတ် ၉ ကားများပြေးသည်။ ကုက္ကိုင်းမှ နတ်စင်လမ်းအထိ နံပါတ်၁၆၊ ဒတ် ဆန်းကားကလေးတွေ ပြေးသည်။ နံပါတ်၁၊ နံပါတ်၂၊ နံပါတ်၆တို့က တောင်ဥက္ကလာပမှ ရန်ကုန်မြို့ထဲ အထိရောက်သည်။ နောက်ပိုင်းမှာ နံပါတ်တွေ ထပ်ပြောင်းပြန်သည်။

ကျွန်တော်တို့ရန်ကုန်ရောက်စက ရန်ကုန်မြို့လယ်က ရုပ်ရှင်ရုံ တော်တော်များများမှာ အင်္ဂလိပ်နာမည်တွေနှင့်ဖြစ်သည်။ ဆူးလေဘုရားလမ်း၊ ယခု ” ရှန်ဂရီလာဟို တယ်” နေရာမှာ (New Paladium) နယူးပလေဒီယမ်ရုံရှိသည်။ တစ်ဆက်တည်းမှာ (Globe) ဂလုပ်ရုံလည်း ရှိသည်။ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာ (Ritz) ရစ်ဇ်ရုံနှင့် နောက်မှ ဆောက်သော (Light House) လိုက်တ်ဟောက်စ်ရုံ ရှိသည်။ ပလေဒီယမ်ရုံမှ ဗိုလ်ချုပ်လမ်းဘက် အကွေ့ မှာ (Calton) ကာလတန်ရုံနှင့် (Royal) ရွိုင်ယယ်ရုံရှိသည်။ ဗိုလ်ချုပ်လမ်းသည်ဘက်ကွေ့မှာတော့ (New Excelcior) နယူးအိပ်ဆယ် စီယာရုံရှိသည်။ တစ်ဆက်တည်း ရှေ့ဆက်သွားလျှင် ဘုရင့်ရုံ၊ သွင်ရုံ၊ ရွှေဂုံရုံ၊ မြို့မရုံ၊ ဆုထူးပန်ရုံဆိုသော မြန်မာနာမည်နှင့် ရုပ်ရှင်ရုံများ အစဉ်အတိုင်း တွေ့ရသည်။ ဆူးလေဘုရားလမ်း Light House နားမှာ နေပြည်တော်ရုံလည်းရှိသည်။

အင်္ဂလိပ်နာမည်နှင့် ရုပ်ရှင်ရုံ တွေမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ ပြလေ့ရှိသည်။ လမ်းစဉ်ပါတီခေတ် မှာ အင်္ဂလိပ်နာမည်တွေကို မြန်မာ နာမည်ပြောင်းသည်။ ပြောင်းသည့် မြန်မာနာမည်များကို မမြင်ရအောင် ဖုံးအုပ်ထားပြီး တစ်ပြိုင်တည်း ဖွင့် ကာ နာမည်ပြောင်းကြောင်း ကြေညာ သည်ကို မှတ်မိနေသည်။ ပလေဒီယမ် က ပပဝင်းဖြစ်လာသည်။ ဂလုပ်က ဂုဏ်၊ ကာလတန်က ယုဇန၊ ရွိုင်ယယ် က တော်ဝင်၊ အိပ်ဆယ်စီယာက ဝဇီရာ၊ ရစ်ဇ်က ရဲရင့်၊ လိုက်တ် ဟောက်စ်က ရှေ့ဆောင် စသည်ဖြင့် မြန်မာနာမည်တွေ ပြောင်းကြသည်။ ထိုရုပ်ရှင်ရုံများ တော်တော်ကြာကြာ ရှိနေသေးသည်။ ယခုတော့ အများစု မှာ ပျောက်ကွယ်သွားပါပြီ။ အနည်း အကျဉ်းတော့ ကျန်သေးသည်။ ယာဉ်များ “လက်ယာကပ်မောင်း” စနစ်ပြောင်းပုံကိုလည်း ဆက်စပ်သတိရမိသည်။ ယခင်က ရန်ကုန်မှာ ယာဉ်များလက်ဝဲကပ် မောင်းသည့် စနစ်ကို ကျင့်သုံးသည်။ လက်ယာကပ် မောင်းသည့် စနစ်ပြောင်းသည့်နေ့ တွင် နံနက် ၄နာရီမှာ ဗဟိုလုံခြုံရေး နှင့် အုပ်ချုပ်မှုကော်မတီ(ဗလက) ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမောင်ကျော်က “လက်ယာကပ်မောင်း” ဟု ကြေညာလိုက်သည်နှင့် ကားများလက်ယာကပ် မောင်းသည့် အစီအစဉ် စတင်ပုံကို ရေဒီယိုမှ တိုက်ရိုက်အသံလွှင့်ပေး သည်။

ဆဋ္ဌသင်္ဂါယနာတင်ရန် ကမ္ဘာ အေးစေတီအနီးမှာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး တည်ဆောက်စဉ်က လုပ်အားဒါနပြုကြပုံကိုလည်း မှတ်မိ နေပါသည်။ ကျွန်တော်တို့ ကန်တော် ကြီး မြူနီစီပါယ်ကျောင်းမှ ဆရာများ နှင့် ကျောင်းသူကျောင်းသားများက ကားတစ်စီးငှားပြီး သွားကြသည်။ ကားပေါ်မှာ တပျော်တပါးသံချပ်တွေ ထိုးကြသည်။ တတ်သလောက်မှတ် သလောက် စပ်ထား သောသံချပ်များ ဖြစ်သည်။ ” ဆဋ္ဌသင်္ဂယနာတင်ပွဲမှာ ကန်တော်မောင်တွေ ထွက်ခဲ့ပါပေါ့” ဆိုသော သံချပ်ဖြင့် အစချီသည်။ ကုသိုလ်ကောင်းမှုအတွက် လုပ်အား ဒါနပြုဖို့ လာကြကြောင်းတွေလည်း ပါသည်။ နောက်တော့ ကျောက်ခဲတွေ ကို တပျော်တပါး ဝိုင်းသယ်ပေးကြ သည်။ ဆဋ္ဌသင်္ဂါယနာတင်သည့် အချိန်ရောက်တော့လည်း ရေဒီယိုမှ လွှင့်ပေးသော မဟာစည်ဆရာတော် တိပိဋကဆရာတော် အရှင်ဝိစိတ္တ သာရာဘိဝံသတို့၏ အမေးအဖြေ များကို နာယူရသည်။ မေးသည့် ဆရာတော်က “င့ါရှင်” ဟု ခေါ်၍ မေးသည်ကို ပြန်ဖြေသည့် ဆရာတော်က “အရှင်ဘုရား” ဟု အဆုံးသတ်ပုံကို မှတ်မိနေသည်။ တိပိဋက ဆရာတော် ၏ ကြည်လင်လှသော အသံတော် ကို တရားနာသူများ အထူးသတိပြုမိ ကြပါသည်။

ရွှေတိဂုံစေတီတော်တွင် ကျင်းပ သော “မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲ” နှင့် “အနောက်မုခ် တပေါင်းပွဲတော်’ ကို နှစ်စဉ်ရောက်သည်။ တန်ဆောင် မုန်းလဆန်း ၁၄ရက်နေ့ ညဆိုလျှင် ညနေစောင်းသည်နှင့် ရွှေတိဂုံစေတီ တော်ရင်ပြင် အရှေ့ဘက်မုခ်တည့် တည့် တန်ဆောင်းမှာ အဒေါ်၊အစ်မ များနှင့် အတူနေရာယူပြီးဖြစ်သည်။ မသိုးသင်္ကန်းရက်ရာတွင် မြူြး>ွကသွက် လက်သော ဆိုင်းသံနှင့်အတူ အပြိုင် အဆိုင် ရက်ကြပုံများကိုကြည့်ရင်း အားပေးကြရသည်။ နံနက်မိုးလင်း တွင် သင်္ကန်းရက် ပြိုင်ပွဲပြီး၍ ဆုများ ချီးမြှင့်သည်ကို ကြည့်ပြီးမှ ဘုရား ကန်တော့ပြီး ကုန်းတော်ပေါ်က ဆင်းခဲ့ကြသည်။ တပေါင်းလပြည့်တွင် ကျင်းပမြဲ ဖြစ်သော ရွှေတိဂုံစေတီပွဲတော်ကို အနောက်မုခ်စောင်းတန်းအဆုံး ကွက်လပ်ကြီးမှာ စည်စည်ကားကား ကျင်းပမြဲဖြစ်သည်။ ဖျော်ဖြေပွဲများ၊ ရုပ်ရှင်များဖြင့် စည်ကားသည်။ ဆိုင် ခန်းများမှာလည်း ကြိတ်ကြိတ်တိုး နေသည်။ ကွင်းဟိုဘက်ခြမ်းနှင့် ဒီ ဘက်ခြမ်းကို တံတားထိုးထားသည့်အတွက် တံတားပေါ်တက်ပြီး ကူး ကြသန်းကြရသည်မှာလည်း ပျော်စရာ ကောင်းလှပါသည်။

အခါကြီးရက်ကြီးများတွင် ဆရာတော်များ၏ တရားပွဲများ ရှိသည်။ လူကြီးများနှင့်အတူလိုက်ပြီး တရားနာရသည်။ မှတ်မှတ်ရရ အနောက်ဘက်မုခ်စောင်းတန်းဘေး မှာရှိသော တန်ဆောင်းကြီး တစ်ခုတွင် ကျင်းပသော သာယာဝတီ ဦး ဥေယျဆရာတော်၏ တရားပွဲကို လည်းနာရသည်။ ရွှေတိဂုံမြောက် ဘက် ဆေးဝင်္ကပါကျောင်းတွင် ကျင်းပသော ဆေးဝင်္ကပါ ဆရာတော်၏ တရားပွဲကိုလည်း နာရသည်။ ဘုရားရိပ် ကျောင်းရိပ်ခိုလှုံရသည့် အတွက် စိတ်အေးချမ်းမှုကို ခံစားရ ပါသည်။ ရာမဇာတ်နှစ်စဉ်ကြည့်ရသည် ကိုလည်း သတိရပါသည်။ ရေကျော် မှာ နှစ်စဉ်ရာမဇာတ်ကသည့် အစဉ် အလာရှိသည်။ ထိုရက်များသို့ ရောက်လျှင် ရေကျော်ရှိ ဆွေမျိုး များက လာခေါ်သည်။ သူတို့အိမ်မှာ ညအိပ်ညနေ နေထိုင်ပြီး ရာမဇာတ် ကို ရက်ဆက်ကြည့်ရသည်မှာ ပျော် စရာကောင်းပါသည်။ ရာမ လေး တင်ခန်းတို့၊ သမင်လိုက်ခန်းတို့ကို ငယ်စဉ်ကတည်းက ရင်းနှီးနေသည်။ ” ခုနှစ်ပြည်ထောင်မင်းသားများ လေးတင်ခန်းတွင် မအူပင်မြို့နဲ့ ပုသိမ်မြို့ မှာ ခြင်တွေအလွန်ပေါသဗျာ၊ ခနောင်တိုဆိပ်ကြီး ပေါလိုက်တဲ့ ထန်းရည်ဆိုင်တွေ၊ ရွှေတိဂုံကုန်း တော်ပေါ်မှာ “မယ်သီလရင် ကတုံးကြီးနဲ့ဗျာ” ဆိုသော မတော်မတည့် သီချင်းကိုဆို၍ မင်းသားများကကြသည်ကိုကြည့်ပြီး ရယ်ရသည့် အရ သာကို ခံစားရင်းသီချင်းကိုပါ အလွတ်ရနေပါသည်။ ကျွန်တော်တို့ နေသော ဗဟန်းကြားတောရလမ်း မှာလည်း နှစ်စဉ်ကျင်းပသော ရှင်ဥပ ဂုတ်တပွဲမှာ ရာမဇာတ်ကသည့် အတွက် အမြဲကြည့်ရပါသည်။

ရုပ်ရှင်လည်း မကြာခဏ ကြည့်ရသည်။ မြို့လယ်ကောင်က ရုပ်ရှင်ရုံများကိုတော့ လူကြီးတွေ လိုက်ပြမှကြည့်ရသည်။ တစ်ယောက် တည်းသွားမကြည့်တတ်သေးပါ။ ရွှေ ဂုံတိုင်က လွင်လွင်ရုံမှာ အကြည့်များသည်။ ရှေ့ဆုံးတန်းက “ငါးမူးတန်း” ဖြစ်သည်။ ကလေးတွေက ငါးမူးတန်း လက်မှတ်ဝယ်ပြီး ရှေ့ဆုံးတန်းမှာ ကြည့်လေ့ရှိသည်။ နောက်တော့ ရုပ်ရှင်ရုံသစ်တွေ တိုးလာသည်။ တာမွေမှာ “မရိုးဆန်း” ရုပ်ရှင်ရုံ ပေါ်လာတော့ “နာမည်ကဆန်းတယ်” ဟု ပြောကြ သည်။ မြေနီကုန်းမှာလည်း ရုပ်ရှင်ရုံတွေပေါ်လာသည်။ ဆန်းသီရိရုံ၊ တပင်ရွှေထီးရုံ၊ ရတနာပုံရုံ၊ ရွှေမန်းရုံတို့က မြေနီကုန်းအဝိုင်း (ယခု မီးပွိုင့်)ပတ်လည်မှာ ရှိသည်။ ဦးဝိစာရ လမ်းနှင့် ဘောင်ဒရီလမ်း (ဓမ္မ စေတီလမ်း)ထောင့်မှာ ဝိဇယရုံ ရှိသည်။ ထိုရုံတွေမှာ အကြည့်များ သည်။ ရွှေမန်းရုံက ခမ်းခမ်းနားနား ရှိသည်။ ရုပ်ရှင်ပြခါနီးဆိုလျှင် ရတနာပုံရုံက “ရတနာပုံ” သီချင်းဖွင့် မြဲဖြစ်သည်။ ရတနာပုံဇာတ်ကားမှ ပဏာမသီချင်းဖြစ်သည်။ “ရည်ညွှန်းလို့၊ စည်ယွမ်းစို့၊ ဆုသွန်း မင်္ဂလာ၊ စဉ်သာရတနာပုံ” ဆိုသော အဆုံးပိုဒ် ကို ဖွင့်ပြီး ရုပ်ရှင်ပြသည်။ ရွှေမန်းရုံကတော့ “ရွှေမန်းကမေတ္တာဝေ မာပါစေ” ဆိုသော သီချင်းအပိုဒ်ကို ဖွင့် လေ့ရှိသည်။ ဝိဇယရုံကတော့ အိန္ဒိယ ဇာတ်ကားတွေ အပြများပါသည်။ အခုထိုရုပ်ရှင်ရုံတွေ မရှိတော့ပါ။

ရန်ကုန်မြို့ထဲမှာလည်း အိန္ဒိယ ဇာတ်ကားတွေပြသော ရုပ်ရှင်ရုံများ ရှိသေးသည်။ (Joti) ဂျိုတီရုံနှင့် (Jama) ဂျမားရုံတို့ကို မှတ်မိနေသည်။ တစ်ခါနှစ်ခါတော့ ထိုရုံတွေ မှာ ကြည့်ဖူးသည်။ ထိုစဉ်က ရန်ကုန် မှာ ခေတ်စားသော ဇာတ်သဘင်များ တွင် လင်္ကာကျော်စွာရွှေမန်းတင်မောင်၊ ဝဏ္ဏကျော်ထင် စိန်အောင် မင်းနှင့် စိန်မဟာသဘင်တို့ကို အကြည့် များသည်။ အစ်မများက ပွဲကြိုက်သည့်အတွက် မကြာခဏ ကြည့်ရသည်။ စိန်မဟာသဘင်က ဦးဘိုးစိန် ကြီး၏သားများဖြစ်သော ကဲနက်စိန်၊ စိန်ကြိုင်၊ တသက်စိန်တို့က ကပြကြသည်။ ရွှေမန်းတင်မောင်၏ “ရွှေ ကြေးစည်”တို့ ဂီတရူး” တို့လို ရှေ့ ပိုင်းဇာတ်တွေ လူကြိုက်များသည်။ အငြိမ့်တွေလည်းခေတ်စား သည်။ ဖက်ရှင်အောင်ငွေ၊ ယူတီစီ ရွှေနှင်းဆီ၊ ကောလိပ်မြိုင်တို့၏ အငြိမ့်များ မကြာခဏ ကြည့်ရသည်။ မင်းသမီးတစ်ယောက်က မင်းသား လုပ်ပြီး နှစ်ပါးသွားကလေ့ရှိသည်။ ရှေ့ပိုင်းပြဇာတ်တွေလည်း ပါလေ့ရှိ သည်။ လူရွှင်တော်တွေလည်း ပြက်လုံးကောင်းသည်။

ရုပ်ရှင်အကြောင်းပြောရင်း အစိုးရရုပ်ရှင်ဌာနက ရပ်ကွက်တွေ မှာ အခမဲ့လိုက်ပြသော ရုပ်ရှင်တွေ အကြောင်းလည်း သတိရမိသည်။ အစိုးရ၏ လှုပ်ရှားမှုသတင်းကား များနှင့်အတူ ထိုစဉ်က “လူထုအောင်သံ” တို့၊ “ချစ်ပန်းသဇင်” တို့ မကြာခဏ ပြသည်။ “လူထုအောင်သံ” မှာ ရဲဘော် အောင်ဝင်းအဖြစ် သရုပ်ဆောင်သော ဗိုလ်ဗကို၏ အပြောအဆိုကို သဘောကျကြသည်။ နောက်တော့ ဗိုလ်ဗကိုသည် အောင်မြင်သော ရုပ်ရှင် မင်းသား၊ ဒါရိုက်တာ ရုပ်ရှင်ပညာရှင် ဖြစ်လာပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071