ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေရေဘေးသင့်နေသူများအတွက် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သြဂုတ် ၂ ရက်တွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာဓမ္မာရုံတွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလှူဒါန်းသည့် ထောက်ပံ့ပစ္စည်းပုံးများကို အရေးပေါ်လိုအပ်သည့်နေရာများသို့ဆက်လက်ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
