Friday, January 2, 2026

စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း (၂) ကို...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် (၁၁) မြို့နယ်၌ ပြုလုပ်မည် ဖြစ်သည်။ ယင်း မြို့နယ် (၁၁) မြို့နယ်ရှိ...

ခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် ခရီးသွားပြပွဲများပြုလုပ်မည်‎မြန်မာနိုင်ငံသို့ ‎ခရီးသွားဧည့်သည်များ...

လက်ရှိ၌လည်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေနိုင်ရန် ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာလျက်ရှိနေသည်။ ထိုကဲ့သို့ ပြုလုပ်မည့် ပြပွဲများသည် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ပကတိအခြေအနေမှန်ကို သိရှိပြီး နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ...

ယခုတစ်ပတ် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ပြောင်းလဲမှုမရှိ

ယခုသီတင်းပတ်ကာလဖြစ်သည့် ဇန်နဝါရီ (၂)ရက်နေ့မှ (၈)ရက်နေ့အထိ ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် ပြီးခဲ့သည့်အပတ်က ရည်ညွှန်းဈေးနှုန်းအတိုင်း တစ်ပိဿာကျပ် (၆၀၆၀) ဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း...

မြန်မာ့ပျားရည်ကို ဂျပန်နှင့်ထိုင်းသို့ အများဆုံးတင်ပို့ထား

ပြည်တွင်းမှထွက်ရှိသည့် မြန်မာ့ပျားရည်ကို ဂျပန်နှင့်ထိုင်းသို့ အများဆုံးတင်ပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ ထို့ပြင် ပျားရည်တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာကာလအတွင်း...
HomeNewsLocal Newsလေယာဥ်မတော်တဆမှု အခြေအနေကြုံပါက အသင့်ရှိနေစေရန်...

လေယာဥ်မတော်တဆမှု အခြေအနေကြုံပါက အသင့်ရှိနေစေရန် ဇာတ်တိုက်လေ့ကျင့်မှု မန္တလေးတွင် ပြုလုပ်

လေယာဥ်မတော်တဆမှု အခြေအနေကြုံပါက အသင့်ရှိနေစေရန် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး) နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲသည့် MC-Jalux Airport Service Co.,Ltd တို့အကြား အရေးပေါ်အခြေအနေတစ်ရပ်ရပ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူနာတင်ယာဥ် ထောက်ပံ့ပေးနိုင်ရေးအတွက် ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ လေ့ကျင့်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လေ့ကျင့်မှု အစီအစဥ်တွင် မန္တလေးတိုင်းရုံးမှ အရေးပေါ် လူနာတင်ယာဉ် တစ်စီး၊ ချမ်းမြသာစည်မြို့နယ်ရုံး နှင့် ချမ်းအေးသာဇံမြို့နယ်ရုံးတို့မှ လူနာတင်ယာဉ် တစ်စီး စီ၊ ချမ်းသာသုခအသင်း မှ လူနာတင်ယာဉ် တစ်စီး စုစုပေါင်း လူနာတင်ယာဥ် ၄ စီးနှင့် အဖွဲ့ဝင် ၂၅ ဦးတို့ ပါဝင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) အဖွဲ့ဝင်များသည် ယခုလေ့ကျင့်မှု အစီအစဥ်တွင် လေယာဥ်မတော်တဆမှု ဖြစ်စဥ်ကြောင့် ဒဏ်ရာရရှိသူများကို ဒဏ်ရာ အလိုက် အဆင့်ခွဲခြားသတ်မှတ်ပေးခြင်း၊ အရေးပေါ်ကုသရန် လိုအပ်သော လူနာများကို ရှေးဦးပြုစုကုသပေးခြင်း၊ သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခြင်းများ ပါဝင်လေ့ကျင့်ခဲ့သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း (၂) ကို (၁၁) မြို့နယ်၌ ပြုလုပ်မည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် (၁၁) မြို့နယ်၌ ပြုလုပ်မည် ဖြစ်သည်။ ယင်း မြို့နယ် (၁၁) မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၃) ခု၊ မဲရုံပေါင်း (၁၁၆) ရုံဖြင့် ကျင်းပသွားမည်လည်း ဖြစ်သည်။ ထိုသို့ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ်က အပိုင်း (၂) ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ပိုမိုလွယ်ကူအဆင်ပြေအောင် အလွယ်တကူမဲပေးနိုင်ရန် စာရင်း အမှတ်စဉ်များအား ကြိုင်တင်သိရှိရန် ဆောင်ရွက်ပေးမှသာ...

ခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် ခရီးသွားပြပွဲများပြုလုပ်မည်‎မြန်မာနိုင်ငံသို့ ‎ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် ခရီးသွားပြပွဲများပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

လက်ရှိ၌လည်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေနိုင်ရန် ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာလျက်ရှိနေသည်။ ထိုကဲ့သို့ ပြုလုပ်မည့် ပြပွဲများသည် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ပကတိအခြေအနေမှန်ကို သိရှိပြီး နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ကြစေရေး ဆွဲဆောင်နိုင်မည်ဖြစ်ကာ ခရီးသွားလုပ်ငန်းတွင် ပုဂ္ဂလိကကဏ္ဍအချင်းချင်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်မည်ဟုလည်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ အဓိကခရီးစဉ်ဒေသကြီးများသာမက အလားအလာရှိသည့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်မြှင့်တင်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ Photo -Getty

ယခုတစ်ပတ် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ပြောင်းလဲမှုမရှိ

ယခုသီတင်းပတ်ကာလဖြစ်သည့် ဇန်နဝါရီ (၂)ရက်နေ့မှ (၈)ရက်နေ့အထိ ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် ပြီးခဲ့သည့်အပတ်က ရည်ညွှန်းဈေးနှုန်းအတိုင်း တစ်ပိဿာကျပ် (၆၀၆၀) ဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၆ ဇန်နဝါရီ ၁ ရက်အထိကာလအတွင်း ရောင်းချမည့်ဈေးမှာ တစ်ပိဿာ ကျပ် ၆၀၆၀ ကျပ်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ဈေးနှုန်းမှာ ကျပ် (၆၀၅၀)ဖြစ်ပြီး ဒီဇင်ဘာလနောက်ဆုံးအပတ်၌  (၁၀)ကျပ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာကျပ်(၆၅၈၅)ကျပ်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071