ဗုဒ္ဓဟူးနေ့ညပိုင်းက ဝါရှင်တန်တွင် အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ်တစင်း ပျ-က်ကျရာတွင် အသက်ဆုံးရှုံးခဲ့ရသည့် ရုရှားနိုင်ငံသားများ၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရသည်ဟု ခရမ္မလင်က ကြာသပတေးနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ရေဂင်ဝါရှင်တန်လေဆိပ်အနီး ဝေဟင်တွင် အမေရိကန်စစ်တပ်၏ ဘလက်ဟော့ခ်ရဟတ်ယာဉ်တစ်စင်းနှင့် တို-က်မိကာ ပိုတိုမက်မြစ်အတွင်း ပျ-က်ကျသွားခဲ့သည့် လေယာဉ်ပေါ်တွင် ရုရှား ရေခဲပြင်စကိတ် နည်းပြများဖြစ်သည့် ကမ္ဘာ့ချန်ပီယံဟောင်း Yevgenia Shishkova နှင့် Vadim Naumov တို့ လိုက်ပါသွားခဲ့သည်။
အဆိုပါလေယာဉ်ပျ-က်ကျမှုနှင့် ပတ်သက်၍ရုရှား သမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ထံ ဝမ်းနည်းကြောင်း စကားပါးရန် အစီအစဉ်ရှိပါသလားဆိုသော မေးခွန်းကိုမူ လက်ရှိတွင် အဆင့်မြင့်အရာရှိအဆင့် ဆက်သွယ်ပြောဆိုရန် အစီအစဉ်မရှိပါကြောင်း ခရမ္မလင် ပြောရေးဆိုခွင့်ရှိသူ ပက်ရှ်ကော့ဗ်က ဖြေကြားခဲ့သည်။
လေယာဉ်ပျ-က်ကျမှုတွင် ခရီးသည်တင်လေယာဉ်ပေါ်ပါ ခရီးသည်အားလုံး သေဆုံးဖွယ်ရှိသည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
Ref: ယူအက်စ်နူးစ်