လေယာဥ်ပေါ်သို့ ပါဝါဘဏ်သယ်ဆောင်ခွင့်ပြုသော်လည်း ပါဝါဘဏ်ကို အားသွင်းခြင်းနှင့် ပါဝါဘဏ်အသုံးပြုကာ အခြား Device များသို့ အားသွင်းအသုံးပြုခြင်းကို ခွင့်ပြုမည်မဟုတ်သည့်အပြင် ပျ-က်စီးနေသည့် ပါဝါဘဏ်များကိုလည်း သယ်ဆောင်ခွင့်မပြုကြောင်း Myanmar Airways International (MAI) မှ ထုတ်ပြန်သည်။
အဆိုပါ အသိပေးချက်သည် ယခုလ (၁)ရက်မှ စတင်ခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသူအားလုံးအတွက် ဘေးကင်း လုံခြုံသော ခရီးစဥ်ဖြစ်စေရေးအတွက် ခရီးသည်တစ်ဦးလျှင် 100Wh ပါဝါဘဏ် (၁)လုံး သို့မဟုတ် 100Wh-160Wh ပါ ဝါဘဏ်တစ်လုံးကို လက်ဆွဲအိတ်(Hand Carry Baggage) အတွင်း သယ်ဆောင်ခွင့်ပြုပြီး လေယာဥ်ပေါ်တွင် မိမိထိုင်ခုံ၏အောက် သို့မဟုတ် ထိုင်ခုံအိတ်ကပ် အတွင်း၌သာ ထားရှိရမည်ဖြစ်သည်ဟုလည်း သိရသည်။
MAI အနေဖြင့် ခရီးသည်များ၏ ဘေးကင်းရေးအတွက် အကောင်းဆုံး ဦးစားပေး ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတကာလေကြောင်းဘေးကင်းရေးစည်းမျဉ်းများနှင့်အညီ အပြည့်အဝလိုက်နာမှုလျှက်ရှိရာ ပါဝါဘဏ်များ သယ်ဆောင်ခြင်းနှင့် ပတ်သက်သော နောက်ဆုံးပေါ်မူဝါဒကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
