လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။
ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၁ နှစ်တာကာလအတွင် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ် (၂၅၄,၁၀၀) ကျော် ပျ-က်ဆီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နေအိမ်အများအပြား ပျ-က်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ ၈ နှစ်တာကာလအတွင်း နေအိမ်ပေါင်း(၈၆,၀၀၀) ကျော်ကို လေပြင်းဒ-ဏ်ခံနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
နှစ်စဉ် လေပြင်း ဘေးကျရောက်နိုင်သည့် ဆောင်းအကုန် နွေအကူး ကာလမှစ၍ မုတ်သုံမတိုင်မီကာလတွင် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်နေပြီး ပြည်သူများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရန်လည်း အသိပေးနှိုးဆော်ထားသည်။ ထို့ပြင် ကြိုတင်ပြင်ဆင်နိုင်မည့် အသေးစိတ်အချက်အလက်များကိုလည်း ယနေ့ ထုတ် သတင်းစာတွင် ဖော်ပြထားကြောင်းလည်း သိရသည်။
