မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်သစ်နှစ်စင်း ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ခဲ့ပြီး စမ်းသပ်ခဲ့သော လက်နက်များသည် မြင့်မားသောတို-က်ခို-က်ရေးစွမ်းရည်ရှိကြောင်း ပြသခဲ့သည်ဟု ကြေညာခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်တို့ ဝါရှင်တန်ဒီစီတွင် မတွေ့ဆုံမီ တစ်ရက်အလို တနင်္ဂနွေနေ့တွင် အဆိုပါသတင်းထွက်လာခြင်းဖြစ်သည်။
အဆိုပါ စမ်းသပ်မှုကို စနေနေ့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ကေစီအင်န်အေက ဖော်ပြခဲ့ပြီး ဒုံးကျည်များသည် တို-က်ခို-က်ရေးဒရုန်းများ၊ ခရုဇ်ဒုံးကျည်များကဲ့သို့သော ဝေဟင်ပစ်မှတ်များကို အမြန်တုန့်ပြန်နိုင်သည်ကို ပြသခဲ့ကြောင်းလည်းဖော်ပြခဲ့သည်။
ဒုံးကျည်သစ်များ၏ အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပဲ ၎င်းတို့၏ စစ်ဆင်ရေးနှင့် တုန့်ပြန်မှုပုံစံသည် သူမတူသော၊ အထူးနည်းပညာအပေါ် အခြေခံထားသည်ဟူ၍သာ ဖော်ပြခဲ့သည်။
ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့သည့်တည်နေရာကိုလည်း ဖော်ပြခဲ့ခြင်း မရှိပေ။
တောင်ကိုရီးယားနှင့် အမေရိကတို့၏ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်နေချိန်ဖြစ်သကဲ့သို့ စစ်တပ်ထူထပ်စွာချထားသော နယ်စပ်ကို ဖြတ်ကျော်ခဲ့သော မြောက်ကိုရီးယားစစ်သားများကို သတိပေးပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ချိန်တွင် အဆိုပါ ဒုံးကျည်ပစ်လွှတ်မှု သတင်းများ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
Ref: အယ်ဂျာဇီးယား
