လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေရေးလမ်းညွှန်ကူညီရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူက စာပေးပို့အကူညီ တောင်းခဲ့ကြောင်း သိရသည်။
ကရင်နယ်ခြားစောင့်တပ် ဗိုလ်ချုပ်စောချစ်သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့်စာကို ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ဖေဖော်ဝါရီ (၁၃)ရက်က ပေးပို့လိုက်ခြင်းဖြစ်သည်။
ပေးပို့စာ၌ မိမိဒေသအတွင်း ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများတွ င် တရားမဝင် လာရောက်လုပ်ကိုင်နေကြသည့် လူ-ကုန်ကူးမှုကျူးလွန်သူများနှင့် လိ-မ်လည်လှည့်ဖျားသူများ (ကျားဖြန့်) အား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ သံရုံးများသို့ ပို့ဆောင်ပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။
ထို့သို့ ပြန်လည်ပို့ဆောင်ရာတွင် မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းအ တွက် ပိုမိုမြန်ဆန်ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဒုတိယဝန်ကြီးချုပ်မှ လိုအပ်သလို လမ်းညွန်ကူညီမှုပြုနိုင်ရန် လေးစားစွာ တင်ပြအပ်သည်ဟု ပါရှိသည်။
ယမန်နေ့ ဖေဖော်ဝါရီ (၁၄)ရက် နံနက်ပိုင်းတွင်လည်း ကရင် ပြည်နယ်၊ မြဝတီခရိုင် ၊ ရွှေက္ကိုလ်မြို့သစ်အတွင်း ဖွင့်လှစ်ထားရှိသည့် ဟိုတယ်နှင့် ဖျော်ဖြေရေးလုပ်ငန်း အမည်ခံကာ လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများအား ဝင်ရော က်စီးနင်းကာ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီခရိုင်အ တွင်း ကျားဖြန့်နှင့် လူမှောင်ခိုရေး နှိမ်နင်းရန် ဖေဖော် ဝါရီ (၁၂)ရက်တွင် အထူးအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းလိုက်ပြီး (၂)ရက်အကြာ စတင်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။
ယမန်နေ့က ဝင်ရောက်စီးနင်းမှုတွင် တရုတ်အပါအဝင် နိုင်ငံ ခြားသား (၁၀၀၀) ကျော်ကို ယာယီထိန်းသိမ်းခဲ့ပြီး (၅၀၀) စီ နှစ်ခေါက်ခွဲ၍ ထိုင်းအာဏာပိုင်များထံပြန်လည် အပ်နှံသွားမည်ဖြစ်ကြောင်း BGF နှင့် နီးစပ်သူများထံမှ သိရသည်။