Friday, May 1, 2026

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော...

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က...

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင်...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊...

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား...

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊...
HomeInternationalလူ့အခွင့်အရေးကိစ္စများမထိခိုက်စေဘဲ မြန်မာနိုင်ငံနှင့်အလွတ်သဘောထိတွေ့ဆက်ဆံမှု ပြန်လုပ်ဆောင်သင့်ကြောင်း...

လူ့အခွင့်အရေးကိစ္စများမထိခိုက်စေဘဲ မြန်မာနိုင်ငံနှင့်အလွတ်သဘောထိတွေ့ဆက်ဆံမှု ပြန်လုပ်ဆောင်သင့်ကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

ကွာလာလမ်ပူ၊ဇူလိုင် ၂၆

မြန်မာနိုင်ငံကို အကြီးအကျယ်ဝေဖန်ခဲ့သည့် မလေးရှားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား လူ့အခွင့်အရေးကို မနစ်နာစေဘဲ မြန်မာ နှင့် အလွတ်သဘောထိတွေ့ဆက်ဆံမှုမျိုးအား ပြုလုပ်ခွင့်ပြုရေးကိုတင်ပြဆွေးနွေးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ကထုတ်ဖော်ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်သည် နှစ်နိုင်ငံတွေ့ဆုံရန်အတွက် ကွာလာလမ်ပူ၌ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့် ယခုကိစ္စအားဆွေးနွေးဖြစ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ သို့သော် ဖိလစ်ပိုင်သမ္မတကမူ တစ်စုံတစ်ရာမှတ်ချက်ပြု ပြောကြားခြင်းမျိုးမရှိခဲ့ပေ။

မလေးရှားသည် မြန်မာအစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး စစ်အစိုးရ၏လုပ်ရပ်များကို ပြင်းပြင်းထန်ထန်ရှုံ့ချရန်လည်း ယခုလအစောပိုင်းက အာဆီယံကိုတိုက်တွန်းခဲ့သေးသည်။

ထိုင်းနိုင်ငံသည် မြန်မာနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ရန်လိုအပ်သည်ဟုဆိုကာ အလွတ်သဘောဆွေးနွေးမှုကိုလက်ခံကျင်းပခဲ့သော်လည်း မလေးရှားနှင့်အာဆီယံတို့ကမူ ယခင်ကတည်းကမြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုတိုင်းကိုပယ်ချခဲ့သူများဖြစ်ကြသည်။

ထိုင်းနိုင်ငံအနေဖြင့်မူ မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံရန် နှစ်နိုင်ငံလမ်းကြောင်းဖောက်လုပ်ထားပြီးဖြစ်သည်။ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်ကလည်း ထိန်းသိမ်းခံထားရသောဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလအစောပိုင်းကတွေ့ဆုံခဲ့ပြီး‌ နှစ်ဦးတွေ့ဆုံစဉ်၌ ပွင့်ပွင့်လင်းလင်းဆွေးနွေးရန်လည်းပြောဆိုခဲ့သည်ဟုသိရသည်။ 

၎င်းသည် ဒေါ်အောင်ဆန်းစုကြည်ထံဝင်ရောက်ခွင့်ရရှိထားသည့် တစ်ဦးတည်းသောနိုင်ငံခြားအစိုးရ အရာရှိတစ်ဦးဖြစ်ပြီး အစောပိုင်းကအာဆီယံအထူးသံတမန်များ၏ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန်တောင်းဆိုမှုများကိုမူ တပ်မတော်အစိုးရကငြင်းဆိုထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏တွေ့ဆုံမှုသည် ငြိမ်းချမ်းသောပြေလည်မှုရရှိရန်ချဉ်းကပ်မှုတစ်ခုဖြစ်သည်ဟု ဒွန်ကပြောကြားခဲ့သည်။မြန်မာ၌အကြမ်းဖက်မှုများတိုးမြင့်လာခြင်းကြောင့် မြန်မာဒုက္ခသည်အများအပြား ထိုင်းနိုင်ငံထဲသို့ဝင်လာမည်ကိုစိုးရိမ်သဖြင့် ထိုင်းနိုင်ငံသည် မြန်မာ့ အကျပ်အတည်းဖြေရှင်းရန် ပို၍ အားစိုက်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း အာဆီယံသံတမန်များကပြောကြားခဲ့သည်။

Ref 1 : ရိုက်တာ
Ref 2 : အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော အဆင့်သို့ ရောက်ရှိ

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော အပူဒ-ဏ်ကိုခံစားရသကဲ့သို့ဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သတိပေးခဲ့သည်။         ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA) က နံနက် ၇ နာရီခွဲတွင် ယင်းသို့ သတိပေးချက်ထုတ်ပြန်ခဲ့ကာ နေ့လည်ပိုင်းအချိန်များတွင် ပြင်ပလှုပ်ရှားသွားလာမှုများကို ရှောင်ရှားကြရန် လူထုကို တိုက်တွန်းခဲ့သည်။       ခံနိုင်ရည်အားနည်းသော အုပ်စုဝင်များအနေဖြင့် မိမိကိုယ်ကိုယ် အထူးဂရုစိုက်သင့်ကြောင်းလည်း BMA က ပြောကြားခဲ့သည်။      ထိုအုပ်စုဝင်များထဲတွင် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၀...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က ပြည်နှင်ဒ-ဏ်ပေး

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင် အွန်လိုင်း လှည့်ဖြားမှုနှင့် နိုင်ငံဖြ-တ်ကျော် ရာဇ၀တ်မှု ကွန်ရက်များနှင့် ချိတ်ဆက်မှုဖြင့် ပြည်နှင်ဒ-ဏ်ပေးခဲ့သည်။ "ကမ္ဘောဒီးယားဥပဒေနဲ့အညီ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်ပို့တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သံသယရှိသူ ၃၀ ဦးကို ဖမ်းဆီးထားပါတယ်။ ကမ္ဘောဒီးယားမှာ စွဲချက်တင်ထားတဲ့ ပြစ်မှုတွေနဲ့ ပတ်သက် ပြီးတော့ ကမ္ဘောဒီးယားမှာ ဆက်လက် တရားစွဲမှာပါ" ဟု...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊ ၆၆-ကေဗွီ ဓာတ်အားခွဲရုံများမှ ကျွမ်းကျင်ဝန် ထမ်းများက အဖွဲ့များခွဲ၍ ယနေ့ မေ ၁ ရက်မှ မေ ၅ ရက်အထိကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ​လစဉ်ဓာတ်အားသုံးစွဲယူနစ်များမှန်ကန်မှုရှိစေရေး၊ မီတာပြဂဏန်းများကို ပိုဖတ်ခြင်း/လိုဖတ်ခြင်းများ မရှိစေရေး၊ ​တရားမဝင်ဓာတ်အားသုံးစွဲမှုများအားစစ် ဆေးဖော်ထုတ်ခြင်းနှင့် ​ဓာတ်အားပျောက်ဆုံးမှုလျော့ နည်းကျဆင်းစေရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ မီတာများဖတ်ရှုရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သုံးစွဲသူများယုံကြည်မှုရှိစေရန်အတွက် မီတာဖတ်ရှုပြီးစီးမှုအပေါ် အိမ်ရှင်များက ကိုယ်တိုင်မြင်တွေ့သိရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071