Thursday, June 25, 2026

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ...

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း...
HomeNewsLocal Newsလူဦးရေများပြားသည့် မြို့များတွင် အဆင့်မီအားကစားကွင်းများ...

လူဦးရေများပြားသည့် မြို့များတွင် အဆင့်မီအားကစားကွင်းများ တည်ဆောက်ပေးသွားရန်ရှိနေ

လူဦးရေ တစ်သိန်းကျော်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မြို့နယ်များတွင် အဆင့်မီအားကစားကွင်းများ တည်ဆောက်ပေးသွားရန်ရှိနေသည်ဟု ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ယမန်နေ့ (အောက်တိုဘာ ၂၈) ရက်က နေပြည်တော်တွင်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အခြေခံပညာကျောင်းများ၌လည်း သင့်လျော်သည့် အားကစားကွင်းများရှိစေရေး၊ စာသင်ကျောင်းနှင့် ကိုက်ညီသည့် အခြေခံအဆောက်အဦများ ပြည့်မီမှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။

ထိုနည်းတူ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်ရှိ လူဦးရေနေထိုင်မှုများပြားသည့် မြို့နယ်များ၌ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းများကို မိမိတို့အနေဖြင့် ခွင့်ပြုပေးထားပြီးဖြစ်ကာ ထိုမှတစ်ဆင့် မိုးလုံလေလုံအားကစားရုံများ၊ မိုးလုံလေလုံရေကူးကန်များကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အနေဖြင့် ပိုင်ဆိုင်ထားပြီးဖြစ်သည့် အားကစားကွင်းများကို ပျ-က်စီးမှုမရှိစေရေးနှင့် အဆင့်မီမီကစားနိုင်ရေး ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ လိုအပ်နေသည့်အားကစားကွင်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီ တင်ပြတောင်းခံသွားရန်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက အဆင့်မီအိမ်ရာ၊ တိုက်ခန်းများ ဆောက်လုပ်ပေးခြင်းဖြင့် မြို့ပြအဆင့်အတန်းမြှင့်တင်ခြင်းက ပိုမိုအကျိုးရှိမည်ဖြစ်ကာ မြို့ကွက်သစ်များ ဖော်ဆောင်ထားသည်နှင့်အညီ အမှန်တကယ်အဆောက်အဦးများနှင့် နေထိုင်သူများ ဖြစ်ပေါ်လာရန်လည်းလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သေးသည်။

photo / google image

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည်။ ယမန်နေ့ နံနက် ၉ နာရီခွဲမှ ယနေ့ နံနက် ၉ နာရီခွဲအထိ ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပြီး နေပြည်တော်တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။ မှတ်သားဖွယ် မိုးရေချိန်များအနေဖြင့် ကျိုက်မရောမြို့တွင် ၃ ဒသမ...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီယဥ်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071