Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsLocal Newsလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား အမှန်တကယ်လိုအပ်နေသူများထံ ပေးအပ်နိုင်ရန်...

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား အမှန်တကယ်လိုအပ်နေသူများထံ ပေးအပ်နိုင်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှဆွေးနွေး

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား အမှန်တကယ်လိုအပ်နေသူများထံ ပေးအပ်နိုင်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှဆွေးနွေး

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက မြန်မာနိုင်ငံသို့ရောက်ရှိလာချိန်က နစက ဥက္ကဋ္ဌနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လူမှုအသိုက်အဝန်းများနှင့်နေရာအနှံ့ အပြားရှိ အရပ်သားများရွှေ့ပြောင်းနေရသဖြင့် ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား အမှန်တကယ်လို အပ်နေသူများထံ ပေးအပ်နိုင်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာ၌ ခွဲခြားမှုမရှိ၊ အတားအဆီး မပြုလုပ်ဘဲ ဆောင်ရွက်ခွင့်ပြုရန်နှင့်ပေးပို့ရာတွင်လည်း ဖြစ်နိုင်ချေရှိသည့် လမ်းကြောင်းအားလုံးမှတစ်ဆင့် ပေးပို့ခြင်း၏အရေးပါပုံအား ဆွေးနွေးခဲ့ကြောင်း‌ ဖော်ပြထားသည်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ အချုပ်အခြာ အာဏာသည် အားလုံးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူရှိရမည်ဖြစ်ကာ နိုင်ငံရှိလူတစ်ဦးစီတိုင်းတွင် ဂုဏ် သိက္ခာ၊လေးစားမှုနှင့်လုံခြုံရေး၊ အကြောက်တရားတို့မှကင်းဝေးစေရန်

နှင့် တန်းတူ ရည်တူဖြစ်စေရန်လည်း မစ္စနိုလင်းဟေဇာက ဆွေးနွေးတောင်းဆိုခဲ့သည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်လူမှုအသိုက်အဝန်းအခြေပြုအကာအကွယ်ပေးရေးဝန်ဆောင်မှုများအား နိုင်ငံတကာအသိအမှတ်ပြုမှုများအရ လူသားချင်းစာနာမှု၊ဘက်မလိုက်မှုများနှင့်အညီ လွတ်လပ်စွာပံ့ပိုးပေးနိုင်ရန် ကတိကဝတ်ပြုခဲ့ပြီး ထိုသို့ကြိုးပမ်းမှုအားထောက်ခံပေးရန် နစက ဥက္ကဋ္ဌ အားတောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိပြီး သူမနှင့် တွေ့ဆုံခွင့် ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ ပြန်ပို့ရန် စသည့်အချက်များကိုလည်း ကုလ အထူးကိုယ်စား လှယ်က နစက ဥက္ကဋ္ဌ ထံ တိုက်တွန်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် NLD အစိုးရ၏ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်အား ပြန်လွှတ်ပေးရန် ဩစတေးလျ အစိုးရ၏ လိုလားချက်ကိုလည်း နစက္က ဥက္ကဋ္ဌထံ ပြောကြားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် လအတွင်းက လုပ်ဆောင်ခဲ့သည့် အတိုက်အခံ နိုင်ငံရေးသမားများအားကြိုးပေးမူကို စီရင်ခြင်းမျိုး ထပ်မံမလုပ်ဆောင်ရန်နှင့် ကြိုးပေးမှု အား လုံးဆိုင်းငံ့ထားရန်၊ ‌အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် အတိုက်အခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန်လည်း နစက ဥက္ကဋ္ဌကို ကုလအ ထူးကိုယ်စားလှယ်က တိုက်တွန်းပြောကြားခဲ့ကြောင်း ၎င်း၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မစ္စနိုလင်းဟေဇာက သူမသည် ပေါင်း ကူးအခန်းကဏ္ဍတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်၍ အကာအကွယ်လိုအပ်သူများ၊ထိခိုက်လွယ်သူအများစု၏ ဆင်းရဲဒုက္ခများကိုဖြေရှင်းရန်နှင့်ပဋိပက္ခများကို အဆုံးသတ်ရန်ပေါင်းစပ်စည်းရုံးရေးစွမ်းပကားကို အသုံးချသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာတို့သည် ရှေ့ဆက်၍ ပွင့်ပွင့် လင်းလင်းဆွေးနွေးသွားရန် သဘောတူညီခဲ့ပြီး ပြည်သူ့ဆန္ဒကိုအခြေခံသည့် ငြိမ်းချမ်းသောဒီမိုကရေစီနိုင်ငံတော်ဖြစ်ရန် အားလုံးပါဝင်သည့်အ ဖြေရှာမှုများ လိုအပ်သည်ကိုဆွေးနွေးခဲ့ကြသည်။

မစ္စနိုလင်းဟေဇာ၏ မြန်မာနိုင်ငံခရီးစဥ်၌ နိုင်ငံ ရေးရပ်ဝန်းမှပုဂ္ဂိုလ်များ၊အရပ်ဘက်အဖွဲ့အစည်းများနှင့်ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့် ရပ် ရွာများမှလူမှုအသိုင်းအဝန်းများနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရသိရသည်။

Website တွင်ဖတ်ရန်>>

https://wp.me/paRxJm-lyf

Telegram တွင်ဖတ်ရန် >> 

https://t.me/popularjournal

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071