Saturday, January 31, 2026

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...
HomeInterviewsလူမှုကွန်ရက်ကနေ မိန်းကလေးများကို နှောင့်ယှက်ခြင်းရပ်

လူမှုကွန်ရက်ကနေ မိန်းကလေးများကို နှောင့်ယှက်ခြင်းရပ်


နေနေ (Miss)

အခုနောက်ပိုင်း လူမှုကွန်ရက် ပေါ်မှာ နှောင့်ယှက်ခံရတာတွေ ကြောင့် မိန်းကလေးတွေအနေနဲ့ တအားကို စိတ်အနှောင့်အယှက် ဖြစ် စရာတွေ အများကြီးကြုံနေရပါတယ်။ သမီးတို့လို တက်သစ်စမော်ဒယ်လ် တွေအနေနဲ့ လုံးဝအဆင်မပြေတာ တွေက သိက္ခာပိုင်းကိုလုံးဝထိခိုက်စေ တဲ့စာတွေပါ။ သမီးတို့ကအလုပ် သဘောအရပုံတွေ ရိုက်ရတယ်၊ ပုံ တွေပို့ရတာတွေရှိပါတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ တချို့မသမာ တဲ့သူတွေက တိုးတက်နေတဲ့နည်း ပညာတွေကိုအသုံးပြုပြီး ခြိမ်းခြောက် တာတွေကို ပတ်ဝန်းကျင်မှာ ခဏ ခဏမြင်တွေ့နေရတယ်။

သမီးတို့လို အနုပညာရှင်မျိုးတွေ အနေနဲ့ဒီကိစ္စတွေက လုံးဝကိုအ နှောင့်အယှက်ဖြစ်စေပါတယ်။ ဘာ လို့လဲဆိုရင်ရှင်းတာ က နောက်မှလေ အရင်ဆုံးက ကိုယ် တိုင်လူမှုကွန်ရက် ပေါ်မှာ ဦးကျိုးသွားပြီမို့လို့ပါ။

အဲဒါကြောင့် Facebook မှာ ဆိုရင် Security တွေကို သေချာ ထားသင့်တယ်လို့ ထင်ပါတယ်။ မိန်း ကလေးတွေ အနေနဲ့ Chat Box မှာ ပုံတွေပို့တာမျိုးနဲ့ကိုယ့် Account ရဲ့ Security ကို သေချာဂရုစိုက်ကြဖို့ အကြုံပြုချင်ပါတယ်။ လူမှုကွန်ရက်ကို အသုံးပြုကြတဲ့ မိန်းကလေးတွေ အား လုံးအနှောင့်အယှက်ရန်မှ ကင်းဝေး ကြပါစေရှင့်။

 

မေသူကျော်(အဆိုတော်)

လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ မိန်းကလေးတွေရဲ့ ကိုယ်ကျင့် တရားတွေကို ထိပါးစော်ကားတဲ့ စကားတွေပြောတာတွေရှိတယ်။ အဲ ဒီအခါမှာ မိန်းကလေးတစ်ယောက် အတွက် အများကြီးထိခိုက်နစ်နာမှု တွေဖြစ်ပါတယ်။ အဲဒီလိုနှောင့်ယှက် တဲ့လူတွေကိုလည်း ထိထိရောက် ရောက်ပြစ်ဒဏ်တွေပေးသင့်တယ်လို့ မြင်ပါတယ်။ လူတိုင်းမှာ တာဝန်ရှိ ပါတယ်။ အမျိုးသမီးတွေကို ပုတ် ခတ်တာမျိုး၊ အမျိုးသမီးတွေရဲ့ ဣေâန္ဒကို ထိခိုက်တာမျိုး၊ အနှောင့် အယှက်မပေးဘဲနဲ့ ဘာသာမတူတာပဲ ဖြစ်ဖြစ် အယူဝါဒမတူတာပဲဖြစ်ဖြစ် သမီးတို့တွေက ငြိမ်းငြိမ်းချမ်းချမ်း လေးပေါင်းစည်းမယ်ဆိုရင် ဒါက အ ဆင်ပြေသွားမှာပါ။ အမျိုးသမီးတွေ အနေနဲ့လည်း လူမှုကွန်ရက်ကို အသုံးပြုတဲ့အခါမှာ အကျိုးရှိတာမျိုး တွေ အသုံးပြုစေချင်ပါတယ်။ ကိုယ့် Account ရဲ့ Security ကို ဂရုစိုက် ပြီးအကျိုးရှိရှိ အသုံးပြုမယ်ဆိုရင် တော့ ဒီလိုအရာမျိုးဖြစ်ဖို့က ရာခိုင် နှုန်းနည်းမယ်လို့ထင်ပါတယ်။

 

ခေးလရောင်(သရုပ်ဆောင်)

မိန်းကလေးတွေကို လူမှုကွန် ရက်ပေါ်မှာ နှောင့်ယှက်နေတယ်ဆို တာ တကယ်ကိုမလုပ်သင့်တဲ့ကိစ္စပါ။ ဒါကိုခေးကိုယ်တိုင်လည်း Facebook သုံးရင်းနဲ့ သိက္ခာကျအောင် နှောင့်ယှက်တာမျိုးတွေကို ကြုံဖူး တယ်။ Facebook ပေါ်က နှောင့် ယှက်ခံရတဲ့ မိန်းကလေးတွေကို ပြော ချင်တာက အဲဒီလိုကြုံရမယ်ဆိုရင် တော့ အရင်ဆုံးလုပ်နိုင်တာက Block တာပဲ။ သူတို့ကို့ပြန်ပြီးတုံ့ပြန်မယ် ဆိုရင်တော့ သူတို့ကအစကတည်းက အသိဥာဏ်မရှိလို့ ဒါမျိုးလုပ်တာ။ Block လိုက်တာအကောင်းဆုံးပဲ။ အစောကြီးကတည်းက ကိုယ့် Facebook မှာ နာမည်အမှန်၊ ပုံအမှန် လည်းမဟုတ်တဲ့ Account တွေဆို ရင် လက်မခံသင့်ဘူး။ သေချာလေး ရွေးပြီးလက်ခံသင့်တယ်ပေါ့။ အစက တည်းကကိုယ့်ဘက်က အဲဒီလိုကာ ကွယ်တာလေးတွေလည်း လုပ်ထားသင့် တယ်။ ပြီးတော့ ဥပဒေကြောင်းအရ ဆိုရင်တော့ တအားအလုပ်တွေရှုပ် မယ်ပေါ့။ ဒီကိစ္စတစ်ခုအတွက်နဲ့ အ ရှည်ကြီးတွေ အများကြီးလုပ်ရမယ် ဆိုတော့ ပထမဆုံးအရင်ဆုံးလုပ်နိုင် တဲ့ အလုပ်လေးတွေလုပ်ပြီးကာကွယ် ထားတာကောင်းတယ်လို့ထင်တယ်။

 

ဝိုင်းဒဏ္ဍာရီရွှေမင်း(အဆိုတော်)

Facebook မှာ တချို့မိန်းက လေးတွေဘာကြုံရလဲဆိုတော့ Facebook Account အတုတွေကနေ ဘယ်သူမှန်းမသိတဲ့သူတွေက မိန်း ကလေးတွေရဲ့ ဣေâန္ဒကိုထိပါးစော် ကားတဲ့ပုံတွေစာတွေနဲ့ အနှောင့်အ ယှက်ပေးတာတွေ အခုအချိန်မှာ တ အားကြုံလာရပါတယ်။ ဝိုင်းတို့ ကိုယ် တွေ့ပတ်ဝန်းကျင်မှာ ကြုံလာကြပါ တယ်။ ဝိုင်းကို တမင်တကာကြီး ချက် ဘောက်ကနေလာပြီး ကိုယ်ကျင့် သိက္ခာထိပါးအောင်ပြောတာမျိုးတော့ မကြုံဖူးပါဘူး။ ဒါပေမဲ့ Comment ကနေလာမန့်တာမျိုးတော့ ကြုံဖူးပါ တယ်။ တချို့ကျတော့ ပုံတင်လိုက်ရင် ရိုင်းရိုင်းစိုင်းစိုင်းလာမန့်ကြတယ်။ သိလည်း မသိဘဲနဲ့ပေါ့နော်။ ဒါကျ တော့ မန့်တဲ့သူရဲ့ ကိုယ်ကျင့်တရားနဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဆိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်ကနေ အဲဒီလိုစော်ကား ခံရတဲ့ မိန်းကလေးတွေအနေနဲ့ ဥပ ဒေကြောင်းအရ ထိထိရောက်ရောက် ဆောင်ရွက်သင့်ပါတယ်။ ကျိတ်ဖြေ ရှင်းရင်တစ်ဖက်က ကျူးလွန်သူတွေ အတွက် ပိုအခွင့်အရေးပေးသလို ဖြစ်နိုင်ပါတယ်ရှင့်။ ဒီအချိန်မှာက ကြောက်နေလို့မဖြစ်ဘူး။ ရှက်နေလို့ မဖြစ်ဘူး။ ဘာလို့ဆို အမျိုးသားအ များစုက ဒီအချက်နဲ့ပဲ အနိုင်ယူနေ ကြတာဆိုတော့ ဒါရှက်စရာမဟုတ်ပါ ဘူး။ အဲဒီလိုဆိုရင်တော့ ဥပဒေအရ အရေးယူသင့်ပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ ခရီးသည်ပြန်လည်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော် ခရီးသွားဧည့်သည်လာရောက်မှုရှိသော်လည်း တနိုင်တပိုင်ရောင်းချသည့်ဈေးသည်များမှာ အရောင်းအဝယ်အေးကြောင်း သိရသည်။ " ဧည့်သည်ကတောက်လျှောက်လာတယ်။ ဒါပေမယ့်အရင်လိုမရောင်းရတော့ဘူးပေါ့။ ဟိုးအရင်ကဆိုရင် ပင်လယ်စာအကင်တွေကရောင်းရတယ်။ ဧည့်သည်တော်တော်တော်များများကလည်း ဝယ်စားကြတယ်။ အခုကျတော့သိပ်မစားကြတော့ဘူး။ အရောင်းအဝယ်ကတော့ပါးလာတာပေါ့။ စား‌ဖို့သောက်ဖို့တော့ကာမိပါတယ်" ဟု ကမ်းခြေတွင် ဈေးရောင်းချသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင် လာမည့်အစိုးရရုံးပိတ်ရက်ရှည်ကာလအတွက် ကမ်းခြေရှိ ဟိုတယ်များ ကြိုတင်ဘိုကင်ဖြင့် ပြည့်နေပြီဖြစ်ကြောင်းလည်း သိရသည်။ ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌ ငလျင်ဒဏ်ခံနည်းပညာများ ထည့်သွင်းတည်ဆောက်နေ

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၅၈)ရှိ အရှည်ပေ(၇၀၀) ဒုဋ္ဌဝတီတံတားသည် ငလျင်ကြောင့် ပြိုကျပျက်ဆီးပြီးနောက် အသစ်ပြန်လည်တည်ဆောက်ခြင်းကို တံတားဟောင်း အနီး ၌ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ တံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071