Friday, May 23, 2025

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန်...

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂...

မီနီအိုးဝေမောင်းသူကို ဓားဖြင့်ထိုးပြီး မီနီအိုးဝေအားလုယက်သွားသူ(၂)ဦးကိုဖမ်းမိ

မန္တလေးတိုင်း၊ အမရပူရမြို့တွင် မေ ၂၁ ရက်ညနေ ၄ နာရီကျော်ခန့်က မီနီအိုးဝေမောင်းနှင်သူအား ဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်ကို လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမရပူရမြို့၊ စျေးကြိုရပ်ကွက်နေ...

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...
HomeNewsLocal Newsလူမှော-င်ခိုကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ‌ ပြဋ္ဌာန်းနိုင်ရေး...

လူမှော-င်ခိုကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ‌ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်

လူမှောင်-ခိုကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ‌ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးမှသိရခြင်း ဖြစ်သည်။

ယင်းဥပဒေသည် ဂိုဏ်းဖွဲ့ကျူးလွန်သည့် လူမှော-င်ခိုကူးသူများကို တားဆီးနှိမ်နင်းရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လိုသူများကို ပြည်ပကို တရားမဝင်ပို့ဆောင်နိုင်ရေးအတွက် လူမှော-င်ခိုကူးသူများက အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်လာနေကြောင်းလည်း ၎င်းက ပြောသည်။

ထို့ကြောင့် လူမှောင်-ခိုကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ‌ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေကာ လူကု-န်ကူးမှုတားဆီးနှိမ်နင်းရေးနည်းဥပဒေ(မူကြမ်း) နှင့် ကလေ-းသူငယ်အခွင့်အရေးများဆိုင်ရာ(မူကြမ်း)တို့ကို အတည်ပြုနိုင်ရေး၊ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန် ရမည်မဟုတ်–မိုဒီ

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂ ရက် နေ့တွင် ပါကစ္စတန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံက စီမံပိုင်ခွင့်ရှိသော မြစ်ကြောင်းများမှ ရေကိုရရှိတော့မည်မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက မေလ ၂၂ ရက် နေ့တွင် ပြောကြားခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ကမ္ဘာ့ဘဏ်က ကြားဝင်ညှိနှိုင်းပေးခဲ့သော အင်ဒုစ်မြစ်ရေစာချုပ်ကို ဆိုင်းငံ့လိုက်ခြင်းသည် ဧပြီလ ၂၂ ရက် နေ့က ဟိန္ဒူခရီးသွားအများစုပါဝင်သော အမျိုးသား ၂၆...

မီနီအိုးဝေမောင်းသူကို ဓားဖြင့်ထိုးပြီး မီနီအိုးဝေအားလုယက်သွားသူ(၂)ဦးကိုဖမ်းမိ

မန္တလေးတိုင်း၊ အမရပူရမြို့တွင် မေ ၂၁ ရက်ညနေ ၄ နာရီကျော်ခန့်က မီနီအိုးဝေမောင်းနှင်သူအား ဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်ကို လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမရပူရမြို့၊ စျေးကြိုရပ်ကွက်နေ အသက်(၆၀) နှစ်ရှိ အမျိုးသားကြီးတစ်ဦးမောင်းနှင်လာသည့် မီနီအိုးဝေယာဥ်အားဌားရမ်းစီးနင်းလာသော အမျိုး သား(၂)ဦးက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၏ မိုင်တိုင်အမှတ် ၃၆၄/၇ အနီးအရောက် မီနီအိုးဝေယာဥ်မောင်းနှင်သူအားဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်အားလုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။ ဓားဖြင့်ထိုးခံရမှုကြောင့် မီနီအိုးဝေယာဥ်မောင်းနှင်သူမှာ လည်ပင်း၌ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဦးခေါင်းနောက်စေ့ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအ တွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေသူများဖြစ်သည့် စိုးမင်းထွန်း(ခ)ထက်ရှိုင်း(၁၉)နှစ်နှင့်...

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု အစိုးရစာတစ်‌ေစာင်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ နည်းပညာဝန်ကြီးဌာန တယ်လီကွန်းဌာန ဒုတိယအကြီးအကဲက မေလ ၂၁ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထားသော အဆိုပါ စာရွက်စာတမ်းတွင် တယ်လီဂရမ်ကို ပိတ်ပင်အရေးယူရန်နှင့် ဇွန်လ ၂ ရက်‌ေန့ကို နောက်ဆုံးထား၍ ဝန်ကြီးဌာနသို့ သတင်းပို့ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားသည်။ ဗီယက်နမ်နိုင်ငံတွင် တယ်လီဂရမ်၏ လုပ်ဆောင်ချက်များကို ဟန့်တားရန်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071