Monday, August 31, 2026

အာတိတ်ဒေသရှိ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများ ရုရှားလုံခြုံရေးကို...

မော်စကို၊ ဩဂုတ် ၃၁ အာတိတ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကိုပါ မြင့်တက်စေကြောင်း...

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း...

ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ်...

ဟိမဝန္တာဒေသ မြေပြိုမှုအပြီး နိုင်ငံ ၂၃...

ပေကျင်း ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် မြေပြိုမှုများအပြီး နီပေါ-တရုတ် နယ်စပ်၏ တိဘက်ဘက်ခြမ်းတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး...
HomeInternationalလူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ...

လူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ မလေးရှားဝန်ကြီးချုပ် ကြေညာ

ကွာလာလမ်ပူ၊ ဩဂုတ် ၃၁

မလေးရှားနိုင်ငံတွင် လူနေမှုစရိတ်မြင့်တက်မှုကို သက်သာစေရန် လေ-ာင်စာဆီဝယ်ယူခွဲတမ်း တိုးမြှင့်ပေးခြင်း၊ ကျောင်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့အပါအဝင် ပြည်တွင်းစီးပွားရေးကို ပံ့ပိုးမည့် အစီအမံသစ်များကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

အဆိုပါအစီအမံများကို စက်တင်ဘာ ၁ ရက်မှ စတင်အကောင်အထည်ဖော်ရန် မျှော်မှန်းထားကြောင်း အန်ဝါက ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအကျိုးအမြတ်များကို ပြည်သူများထံ ပြန်လည်ရောက်ရှိစေရမည်ဟု ဆိုသည်။

မလေးရှားစီးပွားရေးသည် ဒေသတွင်းနိုင်ငံအများစုထက် တိုးတက်မှုကောင်းမွန်နေပြီး ယခုနှစ် ဒုတိယသုံးလပတ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း လူနေမှုစရိတ်မြင့်မားမှုကို ဖြေရှင်းရန် အစိုးရအပေါ် ဖိအားများရှိနေသည်။

အစီအမံသစ်အရ မလေးရှားနိုင်ငံသားများ အသုံးများသည့် RON95 ဓာတ်ဆီဝယ်ယူခွဲတမ်းကို လက်ရှိ တစ်လလျှင် လီတာ ၂၀၀ မှ လီတာ ၃၀၀ အထိ တိုးမြှင့်ပေးမည်ဖြစ်သည်။ သတ်မှတ်အမျိုးအစားအချို့အတွက် ဒီဇယ်ဝယ်ယူခွဲတမ်းကိုလည်း တစ်လလျှင် လီတာ ၄၀၀ အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း အန်ဝါက ပြောကြားသည်။

ထို့ပြင် အသက် ၁၈ နှစ်မှ ၃၀ ကြား မလေးရှားနိုင်ငံသားများအတွက် အစိုးရ၏ AI အစီအစဉ်တစ်ရပ်ကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး Gemini Enterprise အပါအဝင် AI အပလီကေးရှင်းနှင့် ဝန်ဆောင်မှုအချို့ကို အခမဲ့အသုံးပြုခွင့် ပေးသွားမည်ဖြစ်သည်။

ကျောင်းများ ပြုပြင်ထိန်းသိမ်းရေး၊ ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ် မြှင့်တင်ရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အသေးစားချေးငွေနှင့် ဘဏ္ဍာရေးအထောက်အပံ့များကိုလည်း ရန်ပုံငွေတိုးမြှင့်ပေးမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအတွက် e-invoicing စနစ်ဆိုင်ရာ ကင်းလွတ်ခွင့်ရရှိမည့် နှစ်စဉ်ဝင်ငွေသတ်မှတ်ချက်ကို ရင်းဂစ် ၃ သန်းအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဂတိလိုက်စားမှုဆိုင်ရာ အမှုများမှ ပြန်လည်သိမ်းဆည်းရရှိသည့် ရန်ပုံငွေများကို ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အစိုးရ၏ ပြည်သူ့အကျိုးပြုအစီအစဉ်များတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း အန်ဝါက ပြောကြားသည်။

အန်ဝါဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသည် ကတိပြုထားသည့် ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကိုင်တွယ်မှုတို့အပေါ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး မကြာသေးမီက ကျင်းပခဲ့သည့် ဒေသန္တရရွေးကောက်ပွဲ သုံးကြိမ်တွင်လည်း ဆက်တိုက်ရှုံးနိမ့်ခဲ့သည်။

Ref: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာတိတ်ဒေသရှိ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများ ရုရှားလုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေဟု လက်ဗရော့ဗ် ပြော

မော်စကို၊ ဩဂုတ် ၃၁ အာတိတ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကိုပါ မြင့်တက်စေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်က ပြောကြားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်၌ လက်ဗရော့ဗ်က ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပြီး အာတိတ်ဒေသ၌ နေတိုး၏ စစ်ရေးတည်ရှိမှုနှင့် လေ့ကျင့်မှုများ တိုးမြှင့်လာခြင်းအပေါ် မော်စကို၏ စိုးရိမ်မှုကို ထပ်မံဖော်ပြခဲ့သည်။ နေတိုးသည် မြောက်ဘက်အစွန်ဆုံးဒေသတွင် စစ်ရေးတည်ရှိမှု အားကောင်းစေရန် Arctic Sentry အမည်ရှိ...

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့က ဘေးအန္တရာယ်အပြင်းအထန် ကြုံတွေ့ခဲ့ရသည့် ရာဆူဝါချိုင့်ဝှမ်းဒေသမှ ကီလိုမီတာ ၂၀၀ နီးပါးအကွာ ချစ်ဝမ်ခရိုင်၊ ဒက်ဗ်ဂတ်သစ်တောအတွင်း သေဆုံးသူများကို မြှုပ်နှံနိုင်ရန် မြေကျင်းရာပေါင်းများစွာ တူးဖော်ပြင်ဆင်ထားသည်။ အဆိုပါ သစ်တောလမ်းကြောင်းများသည် ယခင်က နံနက်ခင်းလမ်းလျှောက်သူများအကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် ရေစီးနှင့်အတူ မျောပါလာပြီး မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြုရန် ခက်ခဲနေသည့်...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်

ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ယခင်က စစ်တပ်၏ နိုင်ငံရေးဗျူရိုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကင်ဆောင်ဂီသည် လက်နက်ခဲယမ်းလုပ်ငန်းဌာန၌ အကြီးတန်းရာထူးတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးခံရသည့် ယခင်ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ် (No Kwang Chol) ၏ နေရာတွင် အစားထိုးတာဝန်ယူခြင်းဖြစ်သည်။ ထို့ပြင် အတွေ့အကြုံရင့် စစ်ဘက်မဟာဗျူဟာပညာရှင် ပတ်ဂျုံချွန် (Pak Jong Chon)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071