မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူးကြီး Ms. Cao Jing မှ ဇွန် ၂၉ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့သည့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက်အထိမ်းအမှတ် လူငယ်အနုပညာဖျော်ဖြေပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ဆွေစဉ်မျိုး ဆက်ကပင် အိမ်နီးချင်းများဖြစ်ပြီး လူမူရေး၊ ယဉ်ကျေးမှုဖလှယ်မှုများလည်းထွန်းကားခဲ့သဖြင့် ထိုသို့မျှော်လင့်သည်ဟု တရုတ်သံမှူးကြီးကပြောကြားခဲ့သည်။
ထို့အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါ်နုမြဇံမှလည်း ရှေးဟောင်းယဉ်ကျေး မှုနှစ်ခုသည် နက်နက်ရှိုင်းရှိုင်းနှင့် ရေရှည်တည်တံ့သောဖလှယ်မှုတွင် အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်နိုင်မည်ကိုမျှော် လင့်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ ဖျော်ဖြေပွဲအား Golden Education Sharing Center(GESC)မှကြီးမှူး၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနတို့ကထောက်ပံ့ပေးပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဟူနန်ပြည်နယ်နှင့် စန်းတုန်းပြည်နယ်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။
ဖျော်ဖြေပွဲ၌ GESC၊ မြန်မာနိုင်ငံ အမျိုးသားအနုပညာအထက်တန်းကျောင်း၊ Brainworks International School ၊ Bo Wen International School၊ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်း ကျောင်း၊ Lehua International Education နှင့် Myanmar International Education Centre တို့မှ ပါဝင်ဖျော်ဖြေခဲ့ကြသည်။
