Friday, September 18, 2026

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...
HomeInterviewsလူငယ်ကောင်လေးတွေရဲ့ အိပ်မက်ခရီး

လူငယ်ကောင်လေးတွေရဲ့ အိပ်မက်ခရီး

မကြာခင်မှာ ပွင့်လင်းခရီးသွား ရာသီရောက်လာတော့မှာဖြစ်လို့ ပေါ်ပြူလာပရိသတ်တွေလည်း ခရီးတွေထွက်ဖို့ ပြင်ဆင်နေလောက်ပါပြီနော်။ ဒီတစ်ပတ်မှာတော့ ဆယ်ကျော်သက် လူငယ်ကောင်လေးတွေထဲက အချို့ကိုမေးမြန်းပြီး သူတို့သွားချင်နေတဲ့ အိပ်မက်ထဲက ခရီးစဉ်လေးတွေအကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

မောင်ဟိဏ်းသူ

အိပ်မက်ထဲက ခရီးတွေကတော့ သွားချင်တာအများကြီးပါပဲ။ နိုင်ငံခြား Tour တွေက စီစဉ်တဲ့ခရီးတွေကလည်း သွားချင်စရာတွေချည်းပဲလေ။ ဒီထဲ ကမှအသွားချင်ဆုံးက ဥရောပနိုင်ငံခရီးတွေသွားချင်တာ။အပန်းဖြေ ခရီးဆို တာထက်။ ဗဟုသုတလည်းရတော့ ကိုယ့်နိုင်ငံပြန်လာရင်ဘာတွေ ပြုပြင်ပြောင်း လဲရမယ်ဆိုတာလည်း သိတာပေါ့။ လတ်တလော ပြည်တွင်းခရီးတွေထဲကဆို ရင် ကလောနဲ့အောင်ပန်းဘက်သွားချင်တယ်။ အေးစိမ့်တဲ့ရာသီဥတုနဲ့ ထင်းရှူး ပင်တွေကိုကြည့်ပြီးခံစားရတာ တအားသဘောကျတယ်။ ကျွန်တော်သွားချင် တဲ့ သူတွေကတော့ သူငယ်ချင်းတွေနဲ့ပေါ့။ ချစ်သူတော့မရှိတော့ သွားလို့လည်း မရဘူးလေ။ သူငယ်ချင်းတွေနဲ့ Tent တွေထိုးပြီး စကားတွေပြောကြ စကြ နောက်ကြနဲ့ ဖြတ်သန်းချင်တာပေါ့။ ပြည်တွင်းမှာ အလှဆုံး လို့ပြောရမယ့်နေရာ ဆိုရင်ကျွန်တော်ရောက်ဖူးသမျှထဲမှာဆိုရင်တော့ မော်လမြိုင်လို့ထင်တယ်။ မြို့ တည်ဆောက်ပုံနဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ရာဇဝင်တွေနဲ့ ပြည့်နေတဲ့မြို့ လို့ထင်ပါတယ်။

မောင်ဇွဲထက်အောင်

ကျွန်တော်အသွားချင်ဆုံး အိပ်မက်ခရီးကတော့ ကမ်းခြေပါ။ဘယ်ကမ်း ခြေပဲဖြစ်ဖြစ်သွားချင်တယ်။ လူငယ်တွေစုပြီးသွားရတာကို သိပ်သဘော ကျတယ်။ လတ်တလောမှာလည်း ကမ်းခြေတွေက မိုးရာသီလျှော့ဈေးတွေနဲ့ စီစဉ်ပေးနေဆဲမို့သွားချင်တယ်။ ဘယ်သူနဲ့အတူသွားချင်လဲဆိုရင် ချစ်သူကောင် မလေးနဲ့ပေါ့။ သူနဲ့အတူကမ်းခြေမှာကျွန်တော်က ဂစ်တာတီးပြီး သီချင်းဆိုပြ သူကနားထောင်ပေါ့။ ဒါကတအားရိုမန့်တစ်ဖြစ်မယ့်ခရီးလို့ထင်ပါတယ်။ ပြည် တွင်းကအလှဆုံးနေရာဆိုရင်ပုဂံပေါ့။ ကမ်းခြေတွေက လှပေမယ့် ပုဂံလိုတော့ ခမ်းနားစွာရှိမနေဘူးထင်ပါတယ်။ ပုဂံဒေသကိုလည်း အခုလိုအချိန်မျိုးမှာသွား သင့်ပါတယ်။ လူတိုင်းလူတိုင်းက တစ်နှစ်မှာတစ်ကြိမ်တော့ခရီးထွက်ကြစေ ချင်ပါတယ်။

မောင်ဖြိုးထက်ကျော်

လူငယ်​​တွေဟာ ကိုယ်ရည်​မှန်းထားတဲ့ပန်းတိုင်​ဟာ အိပ်​မက်​တစ်​ခုဖြစ်​ပါတယ်​။ အခုလတ်​​တလော သွားချင်​တဲ့ခရီးက​တော့ မြန်​မာနိုင်​ငံမှာအထင်​ရှားဆုံးထဲကတစ်​ခုဖြစ်​တဲ့ မြန်​မာ့အ​မွေအနှစ်​ ပုဂံကိုသွားချင်​ပါတယ်​။ ပုဂံကို သူငယ်​ချင်း​တွေနဲ့အတူ သွားချင်​ပါတယ်​။ သူငယ်​ချင်း​တွေနဲ့ အတူသွားရတာဆို​တော့ အင်္ကျီတွေ ဆင်​တူဝတ်​ပြီး ဓာတ်​ပုံ​တွေအတူ ရိုက်​မယ်​။ ပျော်​​ပျော်​ပါးပါး သီချင်း​တွေဆိုလိုက်၊ စလိုက်​​နောက်​လိုက်​နဲ့ တအားပျော်​ဖို့​ကောင်းပါတယ်​။ အဲဒီထဲက အမှတ်​တရတစ်​ခုက​တော့ ကား​ပေါ်မှာ သူငယ်​ချင်းတစ်​​ယောက်​ ကားမူးပြီး ကျွန်​​တော့်အပေါ် အန်​ချလိုက်​တာ​ ဘောင်းဘီ​တွေ​ ပေကုန်​တာက အမှတ်​တရတစ်​ခု ဖြစ်​မိပါတယ်​။ ပြည်​တွင်း အလှပဆုံးခရီးသွားလို့ရမယ့် နေရာက ကရင်​ပြည်​နယ်​မှာရှိတဲ့ ဇွဲကပင်​​တောင်​၊ ဘုရင့်​ညီဂူ၊ ကျူံထော်​၊​ကျောက်​ကလပ်​၊ ရွှေရင်မျှော်​ဘုရား ကရင်​ပြည်​နယ်​မှာ ရှိတဲ့ အလှပဆုံး​နေရာ အကုန်​ပဲဖြစ်​ပါတယ်​။ ကျွန်​​တော်​ တအားသွားချင်​တဲ့ ​နေရာ​တွေပဲ ဖြစ်​ပါတယ်။

မောင်ဇော်မျိုးဟန်

ကျွန်တော်ကတော့ ပုဂံပဲ သွားချင်ပါတယ်။ ဘာလို့လဲဆိုပုဂံဆိုတာဗုဒ္ဓဘာ သာလူမျိုးရဲ့ အဓိကအမွေတစ်ခုလေ။ ကပ်ကြီးသုံးပါးဆိုက်နေတဲ့ ဒီခေတ် ကြီးထဲမှာ မတော်လို့ပုဂံမြို့ဟာ ပြိုပျက်သွားမယ်ဆိုရင် မတွေးဝံ့ပါဘူး။အဲဒါကို ကျွန်တော့ရင်ထဲမှာခံယူထားလို့ပါပဲ။ အရင်တစ်ခါတောင် ဘုရားတွေပြိုကျသွား တယ်လေ။ သွားရင်တော့မိဘနှစ်ပါးနဲ့သွားချင်တာပါ။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားဟောကြားထားတယ်လေ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိတဲ့ အလှူ တကာအလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးတဲ့။ ဒါကြောင့်မိဘနှစ်ပါးကို ငွေကြေးဥစ္စာဓနနဲ့ လုပ်ကျွေးရတာထက်စာရင် အခုလိုဘုရားတွေလိုက်ပို့တရား ဓမ္မတွေနဲ့ လုပ်ကျွေးရခြင်းဟာ မွန်မြတ်တယ်လို့ခံယူထားလို့ပါ။မြန်မာနိုင်ငံမှာ တအားလှတဲ့နေရာဆိုရင်ပြင်ဦးလွင်မြို့ပါ။ ဘာကြောင့်လဲဆိုတော့ ပြင်ဦး လွင်မြို့ဟာ အလှဘက်မှာလည်းရှိတယ်။ လူကြီးလူငယ်မရွေးကျန်းမာရေး တွက်နဲ့ ညီညွတ်တယ်။ ဒါကြောင့်ပြင်ဦးလွင်မြို့သည်အလှတွက်ကော ကျန်း မာရေးတွက် ညီညွတ်သောကြောင့် ပြင်ဦးလွင်မြို့ကိုပဲသွားချင်ပါတယ်။

မင်းခန့်ကို

ကျွန်တော်ကတော့ ပုဂံကို သွားချင်ပါတယ်။ အိပ်မက်ထဲက ရာဇဝင် ခရီးလေးဖြစ်လာမယ်ထင်ပါတယ်။ သွားချင်တာကတော့ သူငယ်ချင်း ဒါမှမ ဟုတ် ကျွန်တော့်ရည်းစားနဲ့ပါ။ ရာဇဝင်တွေအကြောင်း ငြင်းကြခုံကြ၊ ဓာတ်ပုံ တွေရိုက်ကြနဲ့ တကယ့်ကို ပျော်စရာကောင်းမယ် ထင်ပါတယ်။ ပုဂံဆိုတာ မြန်မာတွေရဲ့ နှလုံးသွေးအမွေအနှစ်တွေဖြစ်လို့ လူတိုင်းလာပြီး လေ့လာသင့် တယ်လို့လည်း ထင်ပါတယ်။ပြည်တွင်းက အလှဆုံးခရီးသွားလို့ကောင်းမယ့် နေရာတွေကတော့ ပုဂံ၊ မန္တလေးနဲ့ အင်းလေးဒေသတွေထင်ပါတယ်။ နိုင်ငံ တကာမှာလည်း သူ့အလှအပတွေနဲ့သူရှိနေကြလို့ လည်ကြပတ်ကြသလို ကျွန်တော်တို့နိုင်ငံက အမွေအနှစ်အလှအပတွေကိုလည်း သေသေချာချာကို ကမ္ဘာကို ချပြပြီးလာရောက်လေ့လာကြဖို့ ဖိတ်သင့်ပါတယ်ခင်ဗျ။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပ

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071