Sunday, May 25, 2025

မြန်မာ့အပ-စ်အခ-တ်ရပ်စဲရေးသက်တမ်းတိုးရန် မလေးရှား တောင်းဆို

ကွာလာလမ်ပူ၊မေ ၂၅ ငလျင်ဘေးအလွန်ကာလအတွက် သဘောတူညီထားသည့် မြန်မာ့အပ-စ်အခ-တ်ရပ်စဲရေးသည် မေလကုန်၌သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ထပ်မံသက်တမ်းတိုးစေလိုကြောင်း မလေးရှားက အာဆီယံထိပ်သီးအစည်းအဝေး၌ တောင်းဆိုခဲ့ကြောင်းသိရသည်။ ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မလေးနိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ်ဟာဆန်က ယခုလိုတောင်းဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိသတ်မှတ်ထားသည့်...

အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ပေတုံတန် မလေးရှားသို့ ထွက်ခွာ

             ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာသည် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ခေါင်းဆောင်များသည် “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု”...

သထုံမြို့နယ်ရှိ ရထားလမ်းပေါ်၌ ကျောက်တင်ရထားတစ်စီးမိုင်းထိပြီးပြေးလမ်းချော်ခဲ့

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပဲခူး-မော်လမြိုင်ရ ထားလမ်းပိုင်းတွင် သဲဖြူကုန်းမှ ကလီခရီးစဥ်အဖြစ်ထွက်ခွာလာသော ကျောက်တင်ရထားတစ်စီး ယနေ့ မေ ၂၅ ရက်နံနက် ၈ နာရီ...

ကောင်းမှုတော်‌စေတီတော် အပျ-က်အစီးများ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ပျ-က်စီးမှုရှိခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်‌ စေတီတော်ကြီးကို စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ငြမ်းဆင်နေကြောင်း သိရသည်။ စေတီတော်ကြီးသည် ငလျင်ကြောင့် စိန်ဖူးတော် ထိခို-က်မှုရှိခဲ့သော်လည်း...
HomeCelebrities' Newsလူငယ်များကို ပန်းပုထုလုပ်ခြင်းပညာ အခမဲ့သင်ကြားပေးသွားမယ့်...

လူငယ်များကို ပန်းပုထုလုပ်ခြင်းပညာ အခမဲ့သင်ကြားပေးသွားမယ့် ပန်းပုပညာရှင်ကိုအောင်ကျော်ထွန်း

aung-kyaw-tun

အသက် ၁၆ နှစ်မှအသက် ၃ဝ နှစ်အရွယ် လူငယ်များကို ပန်းပုထုလုပ်ခြင်းအတတ်ပညာကို အခမဲ့သင်ကြားပေးသွားမယ်လို့ ပန်းချီ၊ ပန်းပုပညာရှင်ကိုအောင်ကျော်ထွန်းက ပြောပါတယ်။ တက်ရောက်လို သူတွေအနေနဲ့ မိဘအုပ်ထိန်းသူတွေ ကိုယ်တိုင်လာရောက် အပ်နှံရမှာ ဖြစ်ပြီး ၈တန်းအောင်ရမှာဖြစ်ကာ နေရာထိုင်ခင်းအပြင် ထမင်းပါကျွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ သင်တန်းအနေနဲ့ လူဦးရေကန့်သတ်ထားခြင်းမရှိဘဲ စိတ်ပါဝင်စားသူတိုင်းတက်ရောက်လို့ရနိုင်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိဖို့ လူတွေ့စစ်ဆေးမှုကို လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ အခမဲ့သင်တန်း ဖွင့်ဖို့စဉ်းစားဖြစ်ပုံကိုတော့ ကိုအောင်ကျော်ထွန်းက..

” ကျွန်တော်နယ်မှာဘွဲ့ရပြီးတော့ ရန်ကုန်တက်လာတယ်။ ရန်ကုန်တက်လာတဲ့ ရည်ရွယ်ချက်ကတော့ ရုပ်ရှင်ရုံကြီးတွေမှာ ရုပ်ရှင်ပိုစတာကြီးတွေ ရေးချင်တာပေါ့။ ရန်ကုန်မြို့မှာ ပိုစတာရေးတဲ့ ပန်းချီဆရာဖြစ်ချင်တာပေါ့။ ကျွန်တော့်ဆရာကလည်း စာလေး ရေးပေးလိုက်တယ်။ အဲဒီလိုနဲ့အလုပ်ရုံတွေကိုသွားပြီး ကျွန်တော့် ဆရာ ဘယ်သူကလွှတ်လိုက်ပါတယ်။ အလုပ်လေးများရနိုင်မလား လို့ဆိုပြီး သွားမေးတယ်။ ဒါပေမဲ့ ဘယ်အလုပ်ရုံကမှ လက်မခံခဲ့ပါဘူး။ လက်မခံခဲ့တဲ့ အခါကျတော့ ကျွန်တော်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုက ပျက်စီးခဲ့ရတယ်။အဲဒီ့ကနေပြီးတော့ ဘယ်အလုပ်ရုံမှာမှလုပ်လို့မရတော့ နောက်ဆုံးကျတော့ စားစရာ လည်းမရှိ၊ နေစရာလည်းမရှိတဲ့အခါကျတော့ အလုပ်ရမှ ဖြစ်မယ်ဆိုပြီး စားပွဲထိုးဝင်လုပ်ရတယ်။ ဒီလိုဘဝကနေကိုယ့် ဘဝကိုစခဲ့ရပြီး အောင်မြင်အောင်ကြိုးစားခဲ့ရတာပါ။ ဒါကြောင့်ကိုယ့်လိုပဲ ရူးသွပ်တဲ့လူတွေများရှိခဲ့ရင် အခွင့်အရေးပေးချင်တာပါ။ နောက်တစ်ခုကတော့ ဒီပညာရပ်နဲ့ ကိုယ့်နိုင်ငံအတွက် Human Resource လုပ်ပေးချင်တာပေါ့။ ကိုယ်လုပ်ပေးနိုင်တဲ့ Human Resource ကဘာလဲဆိုတော့ ၈တန်းပဲအောင်အောင်၊ ၈တန်းပဲရှိရှိ ဒီပန်းပုပညာရပ်နဲ့နိုင်ငံကျော်အောင် ကြိုးစားနိုင်ခွင့်ရှိတယ်။ တိုင်းပြည်အတွက် အထောက်အပံ့တစ်ခုလည်းဖြစ်တယ်လို့လည်းခံယူပါတယ်။ ဒီရည်ရွယ်ချက်နှစ်ခုနဲ့ပါ” လို့ ပြောပြပါတယ်။

လက်တွေ့ရော စာတွေ့ရော သင်ကြားသွားမှာဖြစ်ပြီး သင်တန်းစည်းကမ်းတွေကိုဖောက်ဖျက်မှုမရှိရဘဲ အရက်သေစာသောက်စားမှုကိုတော့ လုံးဝလုပ်လို့ မရကြောင်း လည်း ကိုအောင်ကျော်ထွန်းက ပြောပါတယ်။ ပန်းပုပညာကိုအခြေခံကစပြီး သင်ကြားပေးသွားမှာဖြစ်ပြီး ကြိုးစားတဲ့သူကတော့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ပုံတူထုလုပ်နိုင်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

” သင်တန်းကဘယ်နေ့စဖွင့်မယ်ရယ်လို့လည်းမဟုတ်ဘူး။ သင်ချင်တဲ့သူက ဒီနေ့လာရင်ဒီနေ့က စသင်ပေးသွားမယ်။ ကျွန်တော့်အလုပ်ရုံမှာပဲ နေသွားတော့ပေါ့။ စည်း ကမ်းချက်တွေတော့ရှိမယ်။ အိမ်ကိုပြန်ချင်တယ်ဆိုရင် ၃လနေမှ တစ်ခေါက်ပြန် ရမယ်။ အရေးကြီးတဲ့သာရေး၊ နာရေးရှိရင်ပြန်ခွင့်ပြုမယ်။ ကိုယ့် ဘာသာကိုယ်ဝတ်ချင်စားချင်တာ တွေကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သုံးရပါမယ်။ သူကတကယ်ကိုတတ် မြောက်သွားပြီဆိုရင် ကျွန်တော်က ပိုက်ဆံပေးပြီးတော့ ကျွန်တော့်ဆီမှာလည်း အလုပ်ပြန်ခန့်မှာပါ။ သူတို့နယ် လည်း ပြန်ပြီးတော့လုပ် လို့ရပါတယ်။ ဘယ်ပညာရပ်မှာပဲ ဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်ဖြစ် သွားရင် သူ့အနေနဲ့အလုပ်ရှာနေစရာ မလိုတော့ပါဘူး” လို့ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071